Part 1
အိမ်ကြီးတစ်ခု၏ living room ထဲရှိဆိုဖာ၌ လူနှစ်ယောက် တစ်နည်း
အမျိုးသားနှစ်ယောက်ဟာမျက်နှာချင်းဆိုင်ထိုင်နေကြသည်။တစ်ဦးမှာတော့တင်းမာသောအခြေအနေတွင်ရှိနေသော်လည်း
တစ်ဖက်အမျိုးသားမှာတော့ တောင်းပန်တိုးလျော့သောမျက်ဝန်းထဲ၌အရည်ကြည်လဲ့လဲ့များဟာကျလုမတတ် နှုတ်ခမ်းများဟာတုန်ရီစွာ
လက်ထဲ၌ဆုပ်ကိုင်ထားသောစာရွက်လေးဟာကြေမွစွာ
ဒါတွေကိုသူမသိခဲ့"မောင်~"
"မခေါ်နဲ့ !"
မကျယ်သော်လည်း အေးစက်စက်အသံ
"ငါ့ကမင်းရဲ့မောင်မဟုတ်ဘူး မခေါ်နဲ့ မင်းထွက်သွားခဲ့ပြီးပြီမလား
မင်းရေးထားတဲ့စာ ငါ့ဆီအဆက်အသွယ်တောင်မလုပ်နောက်ဆုံးစာတစ်ဆောင်နဲ့ သမီးလေး "
ချန်းယောလ်လည်ပင်းဝတွင်စကားလုံးမှာစို့နစ်စွာထုတ်မလာတော့"ဘာလို့ ဘာလို့ ငါ့ရဲ့မှတ်ဉာဏ်ထဲမင်းဆိုတာမရှိတော့တဲ့အချိန်မှ ဘာလို့ပြန်ပေါ်လာရတာလည်း "
စိတ်ပျက်နေသောမျက်ဝန်းများ ဝမ်းနည်းနာကျင်နေသောမျက်ဝန်းများဖြင့်
ပြောလိုက်သောစကားများဟာရှေ့ကအမျိုးသားလေးကိုပိုလို့မျက်ရည်များလျှံစေသည်။"မောင် ငါ..ငါတောင်းပန်ပါတယ် ဒီထက်ပိုပြီရှင်းပြခွင့်လေးပေးပါမောင်..
မောင်ငါ့ကို ခွင့်လွှတ်ပါနော် ငါဘာမှမသိခဲ့တဲ့အကြောင်းအရာတွေလို့ပြောရင်ယုံပေးပါမောင်ရယ်""ဗြောင်ဘတ်ဟျွန်း မင်းစကားကိုလွယ်လွယ်မပြောနဲ့ ဒီလောက်သက်သေခိုင်မာနေတာကိုမင်းကမင်းမသိတဲ့အကြောင်းလို့ငြင်းချင်သေးတယ်
မင်းဟာတောက် မတောင်းပန်နဲ့ ခွင့်လွှတ်မှာမဟုတ်လို့ လွန်ခဲ့တဲ့6နှစ်ကလိုမရှိတဲ့လူတစ်ယောက်လိုပျောက်ကွယ်သွားပေး""သမီးလေး ပတ်အယ်ရာ "
ထွက်သွားဖို့ပြင်နေသော ချန်းယောလ်ရဲ့ခြေလှမ်းများဟာ အယ်ရာဆိုတဲ့နာမည်လေးကြောင့်ရပ်တန့်သွားသည်။ ချက်ချင်း ပြန်လှည့်လာကာ
သူ့ထက်အနည်းငယ်ပုသောကောင်လေးရှေ့ရပ်ကာ အင်္ကျီကော်လံစကိုကိုင်ကာ
YOU ARE READING
မောင်~
Fiksi Penggemar"လွန်ခဲ့တဲ့6နှစ်ကလို ပျောက်ကွယ်သွားစမ်းပါ" "ဘယ်ကစမှားခဲ့လည်းမသိပေမယ့် အနည်းဆုံးတော့ ဟျွန်းတို့ချစ်ခဲ့ကြတယ်မလားမောင်" "အေး ချစ်လွန်းလို့မင်းမှားခဲ့တဲ့အမှားကိုခွင့်မလွတ်နိုင်ဘူး"