မောင်~~part 6
ဆိုဖာရှေ့တစ်ယောက်မျက်နှာတစ်ယောက်မကျေနပ်ချက်တွေနဲ့စိုက်ကြည့်နေကြသော
နှစ်ယောက်ကြောင့် ဘတ်ဟျွန်းမေမေနှင့်ဘတ်ဟျွန်းမျက်စိဖြင့်အချက်ပြကြသည်။"အဟမ်း မင်ဆော့ ဒါ ဟျွန်းလေးနဲ့စေ့စပ်မယ့် အိုဆယ်ဟွန်းတဲ့
ဆယ်ဟွန်း သား ဒါအန်တီ တူလေးလေ ဟျွန်းအစ်ကိဝမ်းကွဲပေါ့ ဒီကိုခနလာတာ""ဟုကဲ့အန်တီ တွေ့..ရ..တာ..ဝမ်း...အရမ်းကို..သာပါတယ် "
တစ်လုံးချင်းစီပြောနေသောစကားများကြောင့် မင်ဆော့အတော်ကြည့်မရပေ။"ကျနော်တော့ခင်များကိုတွေ့ရတာဝမ်းသာမနေဘူး"
"မင်ဆော့ သား ဘယ်လိုပြောလိုက်တာလည်း"
"တောင်းပန်ပါတယ်အန်တီ "
"ရပါတယ်အန်တီ ကျနော်နားလည်ပါတယ်"
"အင်းပါကွယ် ဒါဆိုဆယ်ဟွန်းသားနားတော့လေ မင်ဆော့လည်းနားတော့
အန်တီလေး ညစာစားချိန်ကျရင်ခေါ်လိုက်မယ် ဪ ဘတ်ဟျွန်းနီးသားငယ်
ဘာတွေငိုင်နေတာလည်း သွားဆယ်ဟွန်းကိုသွားပို့ပေးလိုက်"စကားဝိုင်းတစ်ခုလုံးကိုတွေတွေလေးသာဘတ်ဟျွန်းငိုင်ကြည့်နေမိသည်။
မေမေပြောတဲ့စကားကြောင့်ဘတ်ဟျွန်းချက်ချင်းမေမေ့ကိုကြည့်နေမိသည်။
မေမေကတော့ထသွားပို့လေဆိုသောအကြည့်ဖြင့်သာပြောနေသည်။"ကြွပါအိုဆယ်ဟွန်းရှီ ဒီဘက်မှာပါ"
"အန်တီခွင့်ပြုပါဦး"
ဆယ်ဟွန်း ဘတ်ဟျွန်းနောက်လိုက်လာသည်။
အခန်းတစ်ခုရှေ့အရောက်"ဘတ်ဟျွန်းရှီ ကျနော်ရောက်လာတာအဆင်မပြေစရာတွေများရှိလို့လား"
"ဗျာ မဟုပါဘူး ဆယ်ဟွန်းရှီ ကျနော်အဆင်ပြေပါတယ်။ မေမေ့ဧည်သည်ပဲကျနော်ကြိုဆိုပါတယ်"
ဆယ်ဟွန်းတွေးမိသည်။ကိုယ်ဟာသူနဲ့ရင်းနှီးခွင့်ရအောင် ဒီလိုလာခြင်းဖစ်သည်။
ဒါကိုဘတ်ဟျွန်းကမေမေ့ဧည်သည်တဲ့"ဘတ်ဟျွန်းကိုကြည့်ရတာကျနော်ထက်အသက်ကြီးမယ့်ပုံပဲ"
"ဟုကဲ့ ကျနော်က 31ပါဆယိဟွန်းရှီကရော"
YOU ARE READING
မောင်~
Fanfiction"လွန်ခဲ့တဲ့6နှစ်ကလို ပျောက်ကွယ်သွားစမ်းပါ" "ဘယ်ကစမှားခဲ့လည်းမသိပေမယ့် အနည်းဆုံးတော့ ဟျွန်းတို့ချစ်ခဲ့ကြတယ်မလားမောင်" "အေး ချစ်လွန်းလို့မင်းမှားခဲ့တဲ့အမှားကိုခွင့်မလွတ်နိုင်ဘူး"