Pt - 3 ( unicode )

140 26 4
                                    


တစ်ညလုံးလဲ ငိုရင်းကုန်ဆုံးသွားတာ ဘယ်လိုမိုးလင်းသွားမှန်းတောင်မသိခဲ့ .......

တော်ပြီကိုကို ကျွန်တော် စွန့်လွတ်လိုက်ပြီ

ကိုကို့ကိုရော ကျွန်တော့်ကို ကျွန်တော်ရော
စွန့်လွတ်လိုက်ပြီ ကျွန်တော် ဆက်မရှင်သန်
ပါရစေနဲ့တော့ 

ကျွန်တော့်ဘ၀ဟာ ကိုကို့ကြောင့်အလင်းရောင်ရရှိခဲ့တာဟုတိပါတယ်

ဒါပေမဲ့ အဲ့အလင်းတန်းကနေပဲ ကျွန်တော့်ကို ပူလောင်စေတာပဲ

ကျွန်တော် ဖက်တွယ်နေရတာ ပင်ပန်းလာတယ်

ကျွန်တော်နာကျင်လာတိုင်း သည်းခံ ခဲ့တယ်

ကျွန်တော် လက်လျော့လိုက်တော့မယ်  ကျွန်တော့်ကို ခွင့်လွတ်ပါ ကိုကို

ကိုကို ပြန်လာခဲ့တယ် အဲ့နေ့မနက်က

ကိုကိုက မနေ့ညက ဘယ်သွားနေတာလဲတဲ့ အိမ်ပေါက်၀မှာရပ်ပြီး ပြောလာခဲ့တယ်

ကျွန်တော် ရီချင်တာပေါ့ဗျာ အဲ့စကားက ကျွန်တော်ကပြောရမဲ့ စကားမလား

ဒါပေမဲ့ ကျွန်တော် မတံု့ပြန်နိုင်ခဲ့ပါဘူး ကျွန်တော်က မပြိုင်ခင်ကတည်းက ရှံုးနိမ့်နေပြီးသား လူပါဗျာ

ကိုကို နဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက
အေးစက်လာခဲ့ပါတယ်

၁လလောက်ကြာတော့ ကိုကိုက ကျွန်တော့်ကို ပြောလာခဲ့တယ်

လမ်းခွဲကြမယ်တဲ့ ဟက် ရီချင်တာဗျာ

ကျွန်တော် တွေးထားပြီးသားရက်က ဒီလောက်မြန်မြန်ရောက်လာမယ်လို့
မထင်ထားမိဘူးဗျာ

ကျွန်တော် ကိုကို့သဘောကျ လမ်းခွဲပေးခဲ့ပါတယ်

ပြီးတော့ ကိုကို့နားက ထွက်လာခဲ့တယ် ကိုကိုဟာ သိပ် အတ်တကြီးတာပဲဗျာ

ကျွန်တော် ကိုကို့ဘ၀ထဲက ထွက်လာခဲ့တာတောင် ကျွန်တော့်ရဲ့နေ့စဥ်ဘ၀တွေမှာ ပါ၀င် ပတ်သတ်နေသေးတာဗျာ

ကျွန်တော် ကိုကိုနဲ့ ‌အဝေးဆံုးကိုပဲ ထွက်ပြေးခဲ့တယ်

ကျွန်တော် လက်လျော့လိုက်ပြီ ကိုကို့ ကို မေ့ပစ်ဖို့ကို

Rose 🌹Where stories live. Discover now