ဒေါက် ဒေါက် ဒေါက် *
" ကျွန်တော်၀င်ခဲ့ပါရစေ "
" ၀င်ခဲ့လေ ချူးငယ် "
" အာ sorry ၀င်ခဲ့ဆိုလို့၀င်လာလိုက်တာ ခုလို ရေချိုးနေမှန်းမသိဖူး "
" ရပါတယ် ခေါင်းစောင်းစရာမလိုပါဘူး မရှက်ပါနဲ့ "
"ရေချိုးနေတာဆိုတော့ ဆရာဝန်ကြီးက ချိုးခိုင်းလို့လား"
" ဆရာက ရတယ်ချိုးလို့ပြောလို့ပါ လူက ညစ်ပတ်နေတော့ မလန်းလို့ပါ "
" အာ ဟုတ်ကဲ့ "
" ဒါနဲ့ ချူးငယ်က ဘာလာလုပ်တာ "
" ဟို ဟို ကျွန်တော်က လာကြည့်ပေးတာပါ လူနာအခြေအနေကို "
" ဟုတ်သားပဲ ချူးငယ်လဲဆရာ၀န်ပဲမလား ကိုယ်မေ့သွားလို့ "
" အာ့ဆို နဲနဲစမ်းသပ်မယ်နော် အိပ်ယာပေါ်ခနလှဲပေး "
" ဟုတ်ကဲ့ပါဗျာ "
" အသက်ပံုမှန်ရှူးနော် ကျွန်တော် နဲနဲစမ်းမလို့ stethoနဲ့ "
" ဟုတ်ကဲ့ "
ရုတ်တရက်ကြီးစမ်းသပ်နေရင်းနဲ့ ဟန်ဘင်းဟျောင်းက ကျွန်တော့်လက်ကို အုပ်မိုးပြီးကိုင်လာတယ် ပြီးတော့ ကျွန်တော့်လက်ကို သူ့ရင်ဘတ်ရှိရာဆီတင်ပြီးတော့
" ဒီနားလေးလဲ စမ်းပေးပါအံုး ဆရာဝန်လေး "
" ဗျာ "
" ဒီနားလို့ ကျွန်တော့်နှလံုးသားလို့ အဲ့က တစ်ချက်တစ်ချက်ဆို အောင့်အောင့်နေလို့ စမ်းပေးပါနော် "
" အာ~~~~ ဟုတ်ကဲ့ အာ့ဆို ဖြေးဖြေးလေးအသက်ရှူနော် ရှူ ရှူ ပံုမှန်ပါပဲ တအားအောင့်လို့လား အာ့ဆို ဓာတ်မှန်ရိုက်ကြည့်ပြီး နှလုံးဆရာ၀န်ကြီးနဲ့ပြကြည့်မလား ကျွန်တော်စီစဥ်ပေးမယ် "
" အာ မဟုတ်ဖူး ရတယ် မလိုတော့ဘူး ကျွန်တော့်နှလံုးသားက ဘယ်နှလံုးအထူးကုနဲ့ပြပြ မပျောက်တော့ဘူး "
" ဟင် ဘာလို့ "
" မင်းမဟုတ်လို့ ချူးငယ် "
" အာ "
သွားပြီ သွားပြီ မက်ချူး ဟန်ဘင်းဟျောင်းနဲ့အကြည့်ချင်းစံုမိသွားပြီ မရပ်တန့်တော့ဘူးလား ဟျောင်းရင်ဘက်ထဲက ခုန်သံက နားတောင်အူတယ် ငါကရော ဘာလို့ stetho ကြီးမဖြုတ်သေးပဲ နားထောင်နေရတာလဲ
YOU ARE READING
Rose 🌹
Fiksi Penggemar[Zawgyi] ကြမ်းတမ်း ခတ်ထန်စွာ နေတတ်သော လူငယ်လေးတစ်ယောက်....... ထိုလူငယ်လေး၏ နောက်ကွယ်က ဘဝကြီးသည် မည်မျှ ကြမ်းတမ်း၍ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်လေးအဖြစ် ကြီးပြင်းလာခဲ့သနည်း ..... ထိုလူသားငယ်၏ ပြောင်းလဲခြင်းသည် လောကသဘာဝ၏ ထုစစ်မှုကြောင့်သော် လည်းကေ...