Pt -7 ( unicode )

159 21 0
                                    

" ဟန်ဘင်းဟျောင်း "

ရုတ်တရက် ဆန်စွာ ဖြစ်ပျက်သွားတဲ့ အနေအထားတစ်ခုမို့ အားလုံးငြိမ်သွားကြတယ် ပြီးမှ သူနာပြုမလေးက

" အာ ဆရာ နှောက်ယှက်မိပြီ ထင်တယ် ပြီးမှ ပြန်လာခဲ့ပါ့မယ် "

ပြောပြီး တံခါးပေါက်ကိုပိတ်ကာ ထွက်လာခဲ့တယ်

ဟန်ဘင်းလဲ တူတူလိုက်လာခဲ့တယ် ဒါပေမဲ့

" ဆရာမလေး အရင်သွားနှင့်နော် ကျွန်တော်လုပ်စရာလေးရှိသေးလို့ "

" ဟုတ်ကဲ့ရှင့် "

သွားနေရာကနေ ရပ်လိုက်ပြီး ခြေလှမ်းများက ခုနက အခန်းဆီသို့သာ မူတည်လျက်

* ဝုန်း * (တံခါးပေါက်ကို စောင့်တွန်းလိုက်သည် )

" အားတော့နာပေမဲ့လေ ကျွန်တော် ဆရာ့ကို ခန ခေါ်သွားပါရစေ "

" မရပါဘူး ဟျေောင်းက ကျွန်တော့်အပိုင် ခင်ဗျားက ဘာ၀င်လုပ်တာလဲ ကျွန်တော့်အခန်းထဲကို ထွက်သွားဗျာ "

" ဂွန်းနူကီ မရိုင်းရဘူးလေ  ဘာကိစ္စရှိလို့လဲဟင် ဟန်ဘင်းဟျောင်း "

" ကျွန်တော်အားတော့နာပါတယ် ဒါပေမဲ့ "

ဟုဆိုကာ လက်ကို အတင်းဆွဲ၍ ခေါ်သွားတော့သည်

မက်ချူးလေးလဲ ဘာမှန်းမသိ ဆွဲခေါ်ရာနောက် တရွတ်ဆွဲလေးပါသွားသည် ~~

ကားပေါ်ထိ ရောက်သည့်တိုင် လက်ကို မလွှတ်ပေးပဲ အတင်းဆွဲညစ်၍ ကိုင်ထားသည့်အတွက် မက်ချူး လက်မှာ နာလွန်း၍ သွေးခြေများပင်ဥ ‌လောက်အောင် ရဲလာသည်

* အ့ *

မက်ချူးဆီက အသံလေးကြားမှ ဟန်ဘင်း သတိ၀င်လာသည်

နမ်းနေတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ လူက ပူထူပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတာ မက်ချူးဆီက အသံလေးကြားမှ လူက အသိပြန်ကပ်လာတာ လက်ကလေးတွေများ ရဲလို့ ကျွန်တော်အားဘယ်လောက်ထိအောင်တောင် ထည့်ပြီး ဆွဲလာတယ်မသိဘူး

အောက်ကို ငံု့ကြည့်တော့ မျက်ရည်လေးတွေ ၀ဲလို့ ကျွန်တော့်ကိုပြန်ကြည့်လာတယ်

Rose 🌹Where stories live. Discover now