[Unicode]
Flackback***နေရောင်ခြည်ဖျာကျလျက် ကောင်းကင်တစ်ခွင်လုံး တိမ်ကင်းကာ ကျင်လင်နေသည့် နေ့တစ်နေ့၌
" ဟျောင်း " ဟုသော ခေါ်သံလေးတစ်ခု
အသံလာရာဘက်ကို မျက်နှာမူလိုက်သော် ချစ်စဖွယ် ဟိုဒီအဖြူလေးနဲ့ လုံးလုံးလေးဖြစ်နေသော ကောင်လေး အသံနှင့် ရုပ် အင်္ဂါသည် အလွန်လိုက်ဖက်မှု ရှိပါသည် ဟုသာတွေးမိပါသည် ချိုသာသောအသံလေးအပြင် ချစ်စဖွယ် ရုပ်ခံလေးနှင့်သာ ထိုကောင်ပေါက်လေးသည် သူ၏ ချစ်ရသူဟု မည်မျှပင် မယုံကြည်နိုင်
" ေဩာ် မက်ချူးလေး နိုးလာပြီလား " ဟု ပြန်ဖြေရင်း ကောင်ပေါက်လေးရှိရာဆီ သွားလိုက်သည်
သတိထားမိပါသည် ကိုယ်တော်ချောလေးက သူ့ကို ဘာလို့မနိုး
တာလဲဟူသောအကြည်ြ့ဖင့် ကြည့်နေသည်ကို
ဟူး ......ခလေးငယ် မင်းသိပ်ပြုစားလွန်းတယ် မင်းရဲ့စူးရှရှ အကြည့်တွေကို ကိုယ်မလွန်ဆန်နိုင်တာ မသိတာလားကွာ ....
ခေါင်းလေးကို တစ်ချက်ပုတ်ပေးရင်း
"မက်ချူးလေး အိပ်ရေးပျတ်မှာဆိုးလို့ မနိုးတာပါကွာ စိတ်မဆိုးပါနဲ့နော် ကိုမင်းအတွက် မနက်စာလုပ်ထားတယ် လာသွားစားကြမယ်နော် ....."
" အာ့ကြောင့် ဟန်ဘင်း ဟျောင်းကို မချစ်တာ သိလား လူဆိုးကြီး ဟွန့် ဒီကတော့ သူနဲ့အတူထပြီး သူ့ကို မနက်စာကူချင်တာပါဆို သူကတော့ လူကိုပစ်ထားပြီး တစ်ယောက်ထဲ ခြံထဲမှာ ရေလာလောင်းနေတယ် အလုပ်တွေအကုန် တူတူလုပ်ပါမယ်ဆို ......တော်ပြီ တော်ပြီ မပြောတော့ဝူး ပြီးတော့ ဟန်ဘင်းဟျောင်း ကိုလည်းမချစ်တော့ဝူး " ဟု
နှုတ်ခမ်းတဆူဆူ မရပ်မနားပြောလာသောကောင်လေးအား တကယ်ကို ချစ်မဝဖြစ်ရပါသည် ေဩာ် ခလေးငယ်ရယ် ကိုယ်သိပ်ချစ်တာသိလို့ သိပ်ဆိုးနေတာလားလို့ မေးချင်မိပါသည် ခလေးရယ် .....
"မချစ်ဝူးတော့မပြောပါနဲ့ နောက်ရက်ကြ ဟျောင်းနိုးပါ့မယ်နော်"
" ပြီးတာပဲ ဟွန့် " မျက်စောင်းလေးထိုးကာ ရှေ့ကနေ လုံးလုံးလေးပြေးထွက်သွားတော့သည်flackblack end
"ဟျောင့် ဟန်ဘင်း "
"ဟင် ဘာလဲ hyung "
"ငါမင်းကိုခေါ်နေတာကြာပြီ မကြားဝူးလားကွာ ဘေးကလူတွေတောင် ငါတို့ကို လှည့်ကြည့်ကုန်ပြီ "
hao hyung ပြောမှ ကျွန်တော် သတိထားမိပါသည် ဟုတ်ပါသည် ဘေးနားက လူတွေတောင် ကျွန်တော်တို့စားပွဲဝိုင်းကို လှည့်ကြည့် နေကြသည် ကျွန်တော်အတွေးတွေ လွန်မိပြန်သည်ထင်ပါသည် ထိုကောင်လေးအကြောင်းကိုတွေးမိတိုင်း ပတ်ဝန်းကျင်နဲ့ဘေးက အသံတွေကိုပင်မေ့နေတတ်သည်မှာ ကျွန်တော့်အကျင့်လိုဖြစ်လာနေသည် ဘာလိုလိုနဲ့မက်ချူးလေး ကျွန်တော့်ဘဝထဲက ထွက်သွားခဲ့တာ ၂နှစ်တောင်ပြည့်လုနီးနီးရှိနေပြီ ....လွမ်းသည်ခလေးငယ်ရေ ဖြစ်နိုင်ရင် မင်းလေး ကိုယ့်အနားပြန်လာပေးမလား အဲ့လိုတောင်းဆိုမိရင်ရော ကိုယ်အရမ်း အတ်တကြီးသွားမလား
" hanbin မင်း matthew ကိုလွမ်းနေပြန်ပြီလား "
" arr "
"အေးပါကွာ ငါမင်းခံစားချက်ကို နားလည်ပါတယ် "
"......"
"သူ့ဆီက ဆက်သွယ်မလာဝူးလား ဟုတ်လား "
"nae hyung matthewလေးက ကျွန်တော့်ကို တကယ်မေ့သွားပြီနေမှာ အရာအားလုံးက ကျွန်တော်မှားခဲ့တာပါ hyung ရာ "
YOU ARE READING
Rose 🌹
Fanfic[Zawgyi] ကြမ်းတမ်း ခတ်ထန်စွာ နေတတ်သော လူငယ်လေးတစ်ယောက်....... ထိုလူငယ်လေး၏ နောက်ကွယ်က ဘဝကြီးသည် မည်မျှ ကြမ်းတမ်း၍ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်လေးအဖြစ် ကြီးပြင်းလာခဲ့သနည်း ..... ထိုလူသားငယ်၏ ပြောင်းလဲခြင်းသည် လောကသဘာဝ၏ ထုစစ်မှုကြောင့်သော် လည်းကေ...