နေမကောင်းဘူးကြားပြန်တော့လဲ လူက ဂရုစိုက်ပေးချင်လာတယ် ....
ဟျောင်းရယ် ခလေးမှ မဟုတ်ပဲ ဘာ ကိစ္စ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရတာလဲဗျာ
ခနခန ဖျားနေတတ်တာ အားနည်းတတ်တာ သိရဲ့နဲ့ ကိုကိုရယ် 💔
ကျွန်တော် အရင်လို ပြန်ဂရုစိုက်ပေးချင်တယ်
ဒါပေမဲ့ ဟာနာဆိုတဲ့ တစ်ယောက် ခုထိ ကိုကို့ဘေးမှာ ရှိနေသေးတယ် ~~~ကျွန်တော် တတိယလူမဖြစ်ချင်ဘူး 💭
ခုချိန် ကျွန်တော် ပြန်လာလဲ ကိုကို လက်ခံလို့မရပါဘူး
ကျွန်တော့်ကိုအလေးပေးတဲ့ လူတွေဆီမှာပဲ ကျွန်တော်ရှင်သန်တော့မယ် ...
ကိုကို့ဘ၀ထဲက ကျွန်တော့်ကို ~~
လွတ်မြောက်ခွင့်ပေးပါတော့လား ကိုကိုရယ် .....
************************************
park gunwook ဆိုတဲ့ ကျွန်တော်က ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘူး ~~~
အိမ်က အမေနဲ့အဖေက ဆူနေရင်တောင် နားထဲ ဂွမ်းတပ်ပြီး အိပ်နေတတ်တဲ့သူ ~~~
မက်ချူးဟျောင်း မျက်နှာ တစ်ချက်ညိုးတာနဲ့ နဂါးမင်းနဲ့တောင် အန်တု ရန်ပြိုင်ဖြစ်မဲ့အကောင်ပါ
ဒါပေမဲ့ ဟန်ဘင်းဟျောင်းကိုတော့ ကျွန်တော် မယှဉ်ရဲဘူး ....
ဟန်ဘင်းဟျောင်းမှာက မက်ချူးဟျောင်းတစ်ယောက်လံုးရဲ့ အကာအကွယ်နဲ့ ~~~~
မက်ချူးဟျောင်းသာ ပျော်ရွှင်မယ်ဆို ကျွန်တော့်နှလံုးသားတစ်ခုလံုး ခွေးစာကျွေးပစ်လဲ အဆင်ပြေတယ်ရယ် ~~~
အဓိကက ဟျောင်းမျက်နှာလေး ရွှင်လန်းလာဖို့ပဲ ~~~
လူတွေသိတဲ့ အချစ်ဆိုတာ တဏှာတဲ့ ဟက် ရီတော့ရီရသားဗျ ~~~
မက်ချူးဟျောင်းရဲ့ အချစ်ကကြ ဘာကြောင့် ရယူလိုမှု ကင်းမဲ့နေတဲ့ ပေးဆပ်ယံု သက်သက် အချစ်ပဲလဲဗျာ ~~~
လောကကြီးကမတရားဘူး ချစ်ရသူတွေကို မပျော်စေလိုဘူး ထင်ပါ့ဗျာ ~~~~
ဒီဇာတ်လမ်းမှာ ဘယ်သူဗီလိန် ဘယ်သူ မင်းသားရယ်လို့ သတ်မှတ်ထားပြီးသားဗျ
YOU ARE READING
Rose 🌹
Fanfiction[Zawgyi] ကြမ်းတမ်း ခတ်ထန်စွာ နေတတ်သော လူငယ်လေးတစ်ယောက်....... ထိုလူငယ်လေး၏ နောက်ကွယ်က ဘဝကြီးသည် မည်မျှ ကြမ်းတမ်း၍ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်လေးအဖြစ် ကြီးပြင်းလာခဲ့သနည်း ..... ထိုလူသားငယ်၏ ပြောင်းလဲခြင်းသည် လောကသဘာဝ၏ ထုစစ်မှုကြောင့်သော် လည်းကေ...