ကောင်းကင်ယံတစ်ခုလုံး မိုးတိမ်တွေမဲလျက် တိမ်တိုက်တွေရွေ့လျားနေသည်။ လေပြေအေးအေးတွေတဝှီဝှီတိုက်ခတ်နေတဲ့လမ်းမထက် လူခြေလဲတိတ်လျက်။
အုတ်ခုံလေးတစ်ခုတွင်ထိုင်နေသော ကလေးတစ်ယောက်နှင့် ထိုအုတ်ခုံလေးဘေး၌မတ်တပ်ရပ်ကာ တိမ်တွေဖုံးလွှမ်းလာတဲ့ေပျာက်ကွယ်လုနီးနီး နေမင်းကြီးကိုကြည့်နေတဲ့လူငယ်လေးတစ်ယောက်။
" P'..မိုးရွာတော့မယ်ထင်တယ် "
" အင်း...မိုးရွာတော့မယ် "
ထိုစကားသာဆိုလျက်တိတ်ဆိတ်သွားပြန်တဲ့အကိုဖြစ်သူအားမော့ကြည့်လျက်...
" အိမ်မပြန်သေးဘူးလားဟင် "
ထိုသို့မေးတော့ အကိုကသက်ပြင်းချသည်။ ရနေကျအဖြေကိုပင်ပြန်ရလိုက်သည်။
" အကို့ကိုဘယ်သူမှပြန်မလာစေချင်ဘူး "
Fotသိသည်။ Chayaကိုအိမ်ပြန်ခေါ်လဲလာမှာမဟုတ်တာကိုလုံးဝအသေအချာသိသည်။ ဘောင်းဘီအိတ်ထဲအမြဲဆောင်ထားတဲ့ ဆေးလိပ်ဗူးနဲ့မီးခြစ်ကိုထုတ်ကာ ဆေးလိပ်မီးညှိနေသည့် အကိုအားကြည့်ကာ Fotအမှန်ပင်ငိုချင်လာတော့မို့ ထိန်းမရစွာငိုမိတော့သည်။
" အရင်က P'Chayaကိုပြန်လိုချင်တယ် "
ရှိုက်ကြီးတငင်ငိုနေတဲ့ညီလေးအားကြည့်ရင်း ဘာမှမတုံ့ပြန်ခဲ့တဲ့ Chayaဟာ သူခံစားချက်မရှိလို့မဟုတ်ပါ။ သူလဲနာကျင်ရသည်။ သူကပိုလို့နာကျင်ရသေးသည်။ သို့သော် "မိသားစု" ဆိုတဲ့နာမ်စားတစ်ခုအောက်မှာ သူချစ်ရတဲ့ညီငယ်လေးကလွဲရင် ကျန်သူကအမုန်းကြီးမုန်းရသူေတွမို့ "အိမ်"ဆိုတဲ့အရာကိုစိတ်နာခြင်းသာ။
ဆေးလိပ်မီးကိုသတ်လိုက်ရင်း ငိုနေတဲ့ညီငယ်လေးရှေ့ဒူးတစ်ဖက်ထောက်လျက်ထိုင်လိုက်ကာ...
" အိမ်ပြန်ချင်ပြီမလား လာ...အကိုပြန်ပို့ပေးမယ် "
မပြန်ချင်ပါသော်လည်း အကို့အနားမှာဆက်နေချင်ပါသော်လည်း ပြန်ခဲ့ရသည်။
-------------
စာရေးစားပွဲတွင်စာလုပ်နေရင်း ပြတင်းပေါက်ကလေတိုးဝှေ့တာမို့ အပြင်ကိုအာရုံလွင့်ပြယ်ပြန်သည်။ မေးစေ့ကိုလက်ဖြင့်ထောက်ရင်း လှုပ်ခတ်နေတဲ့သစ်ပင်သစ်ကိုင်းလေးတွေကိုငေးကာ အတွေးတွေကလွန်ကဲလာပြန်သည်။ 9နှစ်အသက်အရွယ်နဲ့မလိုက်အောင်ပင် ထိုကလေးမှာတွေးစရာ ပူပန်စရာတွေရှိနေသည်။
YOU ARE READING
Ago (လွန်ခဲ့သော)
Fanfiction" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "