*Gemငါကြောက်တယ်...ငါ့ကို ဒီနေရာကနေခေါ်ထုတ်သွားပေးပါ...*
ဒိုင်း!
သေနတ်သံတစ်ချက်အဆုံး ရုန်းရင်းဆန်ခက်ဖြစ်ကုန်သောအခြေအနေတစ်ခု။ အားနည်းနေတဲ့ငါ့ခန္ဓာကိုယ်က ထွက်ပြေးဖို့တောင်မဖြစ်နိုင်တော့။ ပစ်ခက်သံတွေကြား ငါကြောက်လွန်းလို့ ငိုချမိတာ။ ငါတတ်နိုင်သမျှအကုန်က ဒီငရဲကနေလွတ်မြောက်ဖို့ဆုတောင်းရုံသာ။
---------------------
" အခုချက်ချင်း အဲ့ခွေးသူတောင်းစားကိုရအောင်ရှာခဲ့! သတ်ပစ်မယ် ငါ့လက်နဲ့သတ်ပစ်မယ်! "
မသဲမကွဲကြားနေရတဲ့ဒီအသံက မဟုတ်မှလွဲရော ငါချစ်ရတဲ့သူရဲ့အသံများလား။
Fot မျက်လုံးတွေကိုအတင်းဖွင့်ဖို့ကြိုးစားရင်း လှုပ်ရှားတော့ အနားသို့ရောက်လာသူက Geminiပင်။
" Fot "
" Gem... "
ပြေးဖက်ရင်းငိုတော့သည်မို့ အလိုက်သိစွာ ပြန်ဖက်ပေးထားရင်း ခေါင်းလေးအား ခပ်ဖွဖွပွတ်ပေးပြီး နှစ်သိပ့်ရန်ကြိုးစားသည်။ ဒီချိန်မှာ ဘယ်လောက်တောင်ကြောက်နေမလဲဆိုတာသိပါ၏။
" သူက...ငါ့ကိုနမ်းတယ်...ပြီးတော့...ပြီးတော့ သူငါ့ခန္ဓာကိုယ်ကို ကိုင်တယ်...Gem...ငါတောင်းပန်ပါတယ် ငါလဲအဲ့လိုမဖြစ်ချင်ပါဘူး...ငါကြောက်တယ်Gem...ငါ့နားမှာနေပါနော် သူထပ်လာမှကြောက်တယ် "
" အဲ့အကြောင်းမပြောနဲ့တော့နော် "
" ဟင့်...သူက... "
" Fourth Nattawat! မင်းကိုငါ အဲ့အကြောင်းထပ်မပြောနဲ့လို့ပြောနေတယ်မလား! "
ဖက်ထားရာမှဖယ်ခွာရင်း လေသံမာမာနဲ့အော်လိုက်တော့ ကိုယ်လေးတုန်တက်သွားသည်အထိ လန့်သွားသည်။ မျက်ရည်များအဆက်မပြတ်ကျဆင်းနေသော ချစ်သူက မျက်နှာငယ်လေးဖြင့်ကြည့်လာသည်။
" ဟာကွာ!! "
ဘေးကခုံကိုအားဖြင့်ထုရိုက်ရင်းအပြစ်ပုံချတော့ Fotကနားလေးပိတ်ရင်း ကုတင်ထောင့်သို့ကပ်သွားသည်။
" သူ့ကိုဒဏ်ရာဆေးထည့်ပေးလိုက် "
ဟုသူ့လူတွေကိုအမိန့်တစ်ချက်ပေးကာ အခန်းထဲမှ ထွက်သွားသည့် Geminiဟာ လက်သီးများတင်းတင်းဆုပ်ထားပြီး အလွန်ကြောက်ဖို့ကောင်းသည်။
YOU ARE READING
Ago (လွန်ခဲ့သော)
Fanfic" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "