စာသင်ချိန်တောင် စိတ်ထဲမသိုးမသပ်ဖြစ်နေရတာ Geminiဆိုတဲ့အဲ့လူကြောင့်။ မဆုံချင်ဘူးပြောပါတိုင်းလဲ အကြည့်ချင်းခနခနဆုံတော့ နေရခက်ပါရဲ့။
ကျောင်းဆင်းချိန်
" Fotပြန်မယ်လေ "
" အာ...အင်း "
Geminiကို ဂိုက် ပြပေးနေတဲ့ကိစ္စ အခုထိသူတို့ကိုမပြောရသေးဘူးပဲ။ ပြောလိုက်ရင်လဲ ဒေါသငယ်ထိပ်ရောက်တော့မဲ့ Vanရဲ့မျက်နှာကိုပြေးမြင်နေမိလို့ Fotမှာပြောရခက်။
အဲ့အကြောင်းက်ိုဘယ်လိုပြောရမလဲဆိုတာ တွေးနေတာနဲ့တင် ကျောင်းရှေ့ဘယ်လိုရောက်လာမှန်းတောင်မသိချေ။
Van, Pan, Fot သုံးယောက်သား အတူတူလမ်းလျှောက်လာရင်း အရှေ့ကနေပိတ်ရပ်လိုက်တဲ့ကားကြောင့် ခြေလှမ်းတွေရပ်တန့်သွားရသည်။
ဒီကားက မဟုတ်မှ...
ကားအနောက်ခန်းက ကားမှန်ချလာသည်နှင့်တပြိုင်နက် 'တက်' ဟုတစ်ခွန်းသာဆိုလာသော Geminiကြောင့် Fotသက်ပြင်းချမိသည်။
" ဘာကိစ္စတက်ရမှာလဲ "
ဘုနဲ့ဘောက်ပြန်ပြောမိတော့ Geminiမျက်ခုံးများတွန့်ကွေးသွားသည်မို့ Fotတစ်ယောက်လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ကိုင်ထားမိသည်။ စိတ်တိုသွားတဲ့ Geminiမျက်နှာက သေလောက်အောင် ကြောက်ဖို့ကောင်းသည်။
" မင်းတက်မလား ငါဆွဲခေါ်ရမလား "
" မတက်ဘူး ဆွဲမခေါ်နဲ့ "
ဒီချိန်မှာ အဲ့လူကို စကားအကောင်းမပြောချင်တာအမှန်ပါ။
တစ်ချိန်လုံးကန့်လန့်တိုက်နေတော့ Gemini ကကားပေါ်ကဆင်းလာလျက် Fotကို လက်ကောက်ဝတ်မှအတင်းဆွဲခေါ်တော့သည်။
" အောင်း Gemini...လွှတ်... "
အခြေအတင်ဖြစ်နေသော အခြေအနေတစ်ခုမှာ ခွက်ကနဲ ကြားလိုက်ရတဲ့အသံအဆုံး Geminiဟာ အနဲငယ်အနောက်သို့ ယိုင်သွားသော်လည်း Fot ရဲ့လက်ကိုမလွှတ်ပါ။
Geminiမျက်နှာပေါ်ကျရောက်သွားတဲ့ Vanရဲ့ လက်သီးချက်ဟာ မြန်ဆန်လွန်းတာမို့ တားဖို့အချိန်တောင်မရလိုက်ချေ။
YOU ARE READING
Ago (လွန်ခဲ့သော)
Fanfiction" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "