" ဟွေး...Ai Fot...!!!! "
လူတောင်သေချာမမြင်ရတဲ့အကွာအဝေးတစ်ခုကနေ ပျံ့လွင့်လာတဲ့အသံကြောင့် ဒါဘယ်သူလဲခန့်မှန်းနိုင်တာမို့ ဖတ်လက်စစာအုပ်ကိုအိတ်ထဲသိမ်းပြီး အသံလားရာကိုကြည့်လိုက်ေတာ့ အလင်းထက်မြန်တဲ့နှုန်းနဲ့ Fotဆီပြေးလာပုံကခလုတ်တိုက်မှာတောင်ကြောက်ရသည်။ Fotနဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ပြီး Fotမှာထားတဲ့ Colaကိုတောင်ယူသောက်သေးသည်။
" သေတော့မလိုပဲပုံစံက "
စကားတောင်ပြန်ဖြေမနိုင်တဲ့ သူ့ကိုကြည့်ရတာ Fotတောင်မောလာသလိုပင်။ Colaတစ်ပုလင်းလုံးကုန်သည်ထိသောက်ပြီးမှသက်ပြင်းချကာ Fotကိုစကားစနိုင်သည်။
" လမ်းမှာ...ငါဘယ်သူနဲ့တိုးလာတယ်ထင်လဲ "
" ဘယ်သူလဲ "
" Riyoကြီးကွ ငါသေတော့မလို့ပဲ ဟူးး ငါကသူ့ကိုဖြတ်တိုက်မိတာဟေ တော်သေး ကျောင်းထဲအမြန်ပြေးလာလို့ "
အခုငါ့ရှေ့မှာမြင်နေရတာတော့ Pan...ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုပါတော့။ Panကငါ့ထက် အသက်နှစ်နှစ်ကြီးသူဖြစ်ပေမဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့် သူ့ရဲ့အတန်းကငါနဲ့ရွယ်တူဖြစ်နေရတာ။ စကားအပြောနိုင်ဆုံးဆု၊ နားပူနားဆာအလုပ်နိုင်ဆုံးဆုနဲ့ ဇီဇာအကြောင်ဆုံးဆုကိုပေးရမယ်ဆို သူပထမရမယ်ထင်။ ထိုင်းနိုင်ငံရဲ့ Top3 စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီးရဲ့သားဆိုလဲမမှားသလို စီးပွားရေးဘက်ကိုလုံးဝစိတ်မဝင်စားတဲ့ ထမင်းငတ်မဲ့စာရေးဆရာဆိုလဲမမှားပါဘူး။
Panနဲ့ငါခင်တာတစ်နှစ်တောင်ပြည့်သေးတာမဟုတ်ပေမဲ့ ဒီကောင်တကယ်ပေါင်းရသင်းရလွယ်တဲ့ကောင်။ သူကငါ့အကိုနဲ့ရွယ်တူဆိုပေမဲ့ P'/Nongဆိုပြီးရိုရိုသေသေခေါ်နေရတာထက် 'မင်း' 'ငါ' ဆိုတဲ့အသုံးအနှုန်းကိုပဲသုံးရတာပိုသဘောကျတယ်။ သူကိုယ်တိုင်လဲငါ့ကိုအဲ့လိုပဲခေါ်ခိုင်းခဲ့တာမို့ ငါလဲသူ့ကိုအဲ့လိုပဲခေါ်ပြောတယ်။ တစ်ခါတစ်ခါဆိုသူကငါ့ထက်အသက်ကြီးတာကိုမေ့သွားလောက်တဲ့ထိကိုပေါတောတောနေတဲ့ကောင်။
" အဲ့ကောင်Riyoနဲ့ငါလဲဘယ်တော့မှရေစက်ကုန်မှာလဲကွာ ချီးပဲ ဘာအပြစ်တွေများလုပ်မိလို့ အဲ့ကောင်နဲ့ပဲလာလာတိုးနေရတာလဲမသိဘူး "
YOU ARE READING
Ago (လွန်ခဲ့သော)
Fanfiction" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "