Geminiကထလာပြီး Fotကိုအပေါ်ထပ်သို့ လက်ဆွဲလျက် ခေါ်သွားသည်။ Fotလဲ အနဲငယ်ရုန်းကြည့်ပေမဲ့ အားမမျှတာမို့ လက်လျှော့လိုက်တော့သည်။
လှေကားကနေတတ်သွားပြီး ရှေ့ဆုံးမြင်ရတဲ့အခန်းထဲခေါ်သွားသည်။ အခန်းကသန့်သန့်ပြန့်ပြန့် စာအုပ်စဉ်တစ်ခုရှိပြီး စာအုပ်များဟာလဲ အပြည့် အခန်းတစ်လျှောက်အပြည့်ကပ်ထားတဲ့ Animation ဇာတ်ကောင်တွေရဲ့ posterတွေ...အရာအားလုံးကို Fotလိုက်ငေးနေမိသည်။ စားပွဲပေါ်တင်ထားတဲ့ Geminiပုံကိုမြင်ေတာ့ Fotပြုံးမိသည်ဒါ Gemini အခန်းပေါ့လေ။
Geminiက မှန်ရှေ့ကခုံသို့လာထိုင်ရန်ပြောတော့ Fotတစ်ယောက် ယောင်တောင်တောင်လေးဖြင့်ရောက်သွားသည်။
" ဘာလုပ်မို့လဲ "
" ထိုင်လို့ "
ခုနပဲစာသင်မယ်ဆိုပြီး အခုကျ အပေါ်ထပ်ကိုပြန်ခေါ်လာပြန်ပြီ။ Geminiဟာခန့်မှန်းရခက်သည်။ တကယ်ပဲဘာလုပ်ချင်မှန်းကို Fotမသိတော့ပါ။ သူပြောတဲ့အတိုင်းထိုင်လိုက်တော့ သပတ်ယူကာ Fotရဲ့ခေါင်းကိုသုတ်ပေးသည်။
ဟုတ်သားပဲ ငါ့ခေါင်းရေစိုနေသေးတာပဲ။
ခေါင်းကိုညင်ညင်သာသာသုတ်ပေးနေသော Geminiကို Fotတစ်ယောက်မှန်ထဲကနေ ကြည့်နေမိသည်။
*ဒီလိုဆိုတော့ မင်းကိုငါ့ရဲ့လူဆိုးကောင်လေးလို့ ခနလောက်အထင်မှားလိုက်လို့ ရတယ်မလား*
မှန်ထဲကနေတစ်ဆင့် ပြန်ကြည့်လာတဲ့ မျက်ဝန်းတစ်စုံကြောင့် Fotတစ်ယောက်ပြာယာခက်သွားသည်။
ဒီလူရဲ့မျက်ဝန်းတွေကို မကြည့်ရဲပါ ပိုပြီး ခံစားချက်တွေရှိသွားမှာမလိုလား။
ခေါင်းသုတ်ပေးပြီးနောက် စိုနေသေးလားဆိုတာ သေချာစမ်းနေသေးတာ။ ခေါင်းကိုဖွဖွလေးထိကိုင်နေတဲ့ ဒီလူ့အပြုအမူက လုံးဝကို 'လူဆိုးကောင်လေး' ပါလို့ အထင်မှားပစ်ချင်စရာ။
" Gemini "
" ... "
" ငါမင်းကိုတစ်ခုလောက်မေးချင်တယ် "
မတ်တပ်ရပ်ရင်း သူနဲ့မျက်နှာချင်းဆိုင်သို့လှည့်လျက် မကြည့်ရဲတဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း Fotအရဲစွန့်လိုက်သည်။
YOU ARE READING
Ago (လွန်ခဲ့သော)
Fanfic" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "