လမင်းကြီးသာနေပေမဲ့ လေပြေအေးလေးတွေတိုက်ခတ်နေပေမဲ့ ပတ်ဝန်းကျင်လေးကလှပနေပေမဲ့ ငါ့ရဲ့ကံကြမ္မာကတော့လှပမနေပေ။ ငါ့ဘဝထဲကနေထွက်သွားတဲ့လူတိုင်းအတွက် စောင့်ဆိုင်းရင်းလွမ်းကျန်နေခဲ့ရတာဟာငါ့ကံကြမ္မာပဲ။ ငါမချစ်တဲ့လူတွေအနားမှာနေရင်း ငါချစ်တဲ့လူတွေရဲ့အဝေးမှာကျန်ရစ်ခဲ့ရတာဟာ ငါ့အတွက်ဘုရားသခင်ဖန်တီးပေးထားတဲ့အပြစ်ဒဏ်ပဲ။
တိတ်ဆိတ်လွန်းတဲ့ငါ့အခန်းလေးပါလား။ အိမ်တော်တစ်ခုလုံးမှာ ငါ့တစ်ခန်းပဲမီးလင်းနေခဲ့တာ။ အထီးကျန်တယ်လို့ထပ်ပြီးခံစားလာရပြန်ပြီ။ ဒိုင်ယာရီစာအုပ်ရဲ့စာမျက်နှာအလွတ်မှာ စာစီရေးချဖို့ပြင်ပေမဲ့ဖြစ်မလာဘဲ အရှေ့စာမျက်နှာတွေကိုတစ်ရွက်ချင်းပြန်ဖတ်ရင်း....
•••
1.12.2017
သူကငါ့ဘဝထဲကထွက်သွားခြင်းဖြင့်ငါ့ကိုအပြစ်ပေးခဲ့သလို ငါ့ရဲ့အပြစ်ဒဏ်က သူပြန်လာတဲ့အထိစောင့်နေမယ်။
2.12.2017
သတိရပါတယ်ဆိုတဲ့စကားကသိပ်လေးနက်တာပဲ။
3.12.2017
လမင်းကြီးသာပြီး တိတ်ဆိတ်တဲ့ညတွေမှာမင်းကိုသတိရတယ်။
4.12.2017
နာကျင်လိုက်တာ။ မင်းသာရှိရင်ငါမင်းရဲ့ရင်ခွင်မှာငိုချမိမှာ။
5.12.2017
သိချင်မိတယ် မင်းဒီချိန်ဘာလုပ်နေမလဲ။
6.12.2017
အရင်ပို့ထားတဲ့ massage လေးတွေက ငါ့တို့အတွက်အမှတ်တရကောင်းတွေပါ။
7.12.2017
ဆေးလိပ်ဖွာနေတဲ့မင်းရဲ့ပုံရိပ်တွေကအိပ်မက်ထဲထိ။
YOU ARE READING
Ago (လွန်ခဲ့သော)
Fanfic" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "