အိမ်စာများအားလုံးအပြီးသတ်ပြီးချိန် ဖုန်းကိုကောက်ကိုင်ကာ Igထဲ ဟိုကြည့်ဒီကြည့်လိုက်ကြည့်ရင်း Vanရဲ့postတစ်ခုတတ်လာတာမို့ react ပေးလိုက်သည်။
အိမ်မှာနေရင်းအပေါ်ကတီရှပ်မိုးပြာရောင်ကို အောက်က ဘောင်းဘီတိုအနက်လေးနှင့် ကုတင်ပေါ်တွင် သူ့အိမ်ကကြောင်လေးတစ်ကောင်နှင့် ရိုက်ထားသည့်ပုံအမျိုးမျိုးကို တစ်ပုံချင်းလိုက်ရွှေ့ကြည့်မိတော့ Vanရဲ့ချောမောမှုကအတိုင်းအစမရှိပါလားလို့ ထပ်ပြီးဩချရပြန်သည်။
[ အိုဟို ကျမကောင်လေးသာဖြစ်လိုက်ပါတော့ ]
[ N'အဲ့လောက်မချောပါနဲ့ ]
[ အဲ့လောက်ချစ်ဖို့ကောင်းနေရင် နှလုံးသားလေးကမခံနိုင်တော့ဘူး ]
Commentတွေဖတ်တာနဲ့တင် Vanက popular ဖြစ်တဲ့သူမှန်းသိသာ၏။
ရုတ်တရပ် ညနေကကိစ္စကိုပြန်တွေးရင်း သူများစိတ်ဆိုးနေမလားဆိုတဲ့စိတ်နဲ့ Follow မလုပ်ရသေးတဲ့ Vanရဲ့ig accလေးကို follow လိုက်သည်။
မထင်ထားတဲ့တုံ့ပြန်မှုကြောင့် Fotမှာမျက်ခုံးတောင်ပင့်သွားရသည်။ အကြောင်းကတော့ ချက်ချင်း follow back လိုက်တာကြောင့်ပင်။
Van [ မင်းဘယ်တော့လာ folမလဲစောင့်နေတာ ]💬
Fot [ အင်း ငါအခုမှမြင်မိလို့ပါ ]💬
Van [ အင်း ]💬
Fot [ Van,မင်းငါ့ကိုစိတ်ဆိုးနေတာလား ]💬
Van [ ဟင် ဘာအတွက် ]💬
Fot [ ညနေကလေ ငါမင်းလက်ကိုဖယ်ချမိလိုက်တာ ]💬
Van [ အိုဟို အတွေးသမားလေးပဲ 555 ]💬
Van [ ငါစိတ်မဆိုးပါဘူး ဒီတိုင်း ငါကိုင်တာမကြိုက်ဘူးထင်မိလို့ပါ ဒီလောက်ပဲ ]💬
Fot [ ခေါ်ထို့နား ငါတကယ်မရည်ရွယ်ပါဘူး ]💬
Van [ it's ok na Nong တွေးမနေနဲ့ ]💬
Vanဘက်ကဘာမှမဖြစ်ပါဘူးလို့ အခါတစ်ရာပြောသည်ရှိမှသာ Fotမှာစိတ်အေးနိုင်တော့သည်။
ခင်တွယ်ရာ Panအပြင်Vanဆိုတဲ့ ကောင်လေးကပါ ရှိလာပြီလေ။ လူတိုင်းနဲ့ ရင်းရင်းနှီးနှီးပြောပေးတတ်တဲ့ Fotလေးအတွက် မိတ်ဆွေမရှားပါ။ သို့သော် သူငယ်ချင်းဟူ၍တော့ Panသာရှိနေခဲ့သည်လေ အခုတော့ သူငယ်ချင်းစာရင်းတွင် Vanဆိုသည့်နာမည်ကိုပါထည့်သွင်းလိုက်သည်။
YOU ARE READING
Ago (လွန်ခဲ့သော)
Фанфик" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "