Ep(4)

71 7 0
                                    

"တကယ်အဆင်ပြေရဲ့လား မသက်သာသေးတာကို.."

"ကျွန်တော် အဆင်ပြေပါတယ်.."

"ဒီနေရာဘဲ..."

ယောန်ဂျွန်းဆိုတဲ့သူခေါ်လာခဲ့တဲ့နေရာက တောင်ကုန်းလေးတစ်ခုပေါ်မှာ ချယ်ရီပင်လေး တစ်ပင်ရယ် ဘေးနားက အုတ်ဂူလေးရယ်....

"ဒါက..."

"အဘွားရဲ့ အုတ်ဂူ.."

လူအမြဲတမ်းလာထားသလိုဘဲ အုတ်ဂူလေးဟာဖုန်တစ်စက်မှမရှိဘဲ သန့်ရှင်းနေခဲ့တယ်။

"အကို နေ့တိုင်းလာတာလားဒီကို.."

"နေ့တိုင်းမလာဖြစ်ပါဘူး...တစ်ခါတစ်လေမှလာဖြစ်တာ..ဘာဖြစ်လို့လဲ.."

"အော် နေ့တိုင်းသန့်ရှင်းရေးလုပ်တဲ့ပုံဘဲ အဘွားရဲ့အုတ်ဂူကသန့်ရှင်းနေတာမလို့.."

"အော် ဘောမ်လေးလာသွားသေးတယ်ထင်တယ်.."

"အော်..."
"အကိုတို့ ညီကိုသုံးယောက်လုံးဟာ အဘွားကိုအရမ်းချစ်တဲ့ပုံဘဲနော်..."

"အကိုတို့ကို အဘွားကဘဲထိန်းခဲ့တာလေ..."



လွန်ခဲ့သော ၈နှစ်က....
"ဘောမ်လေးမပြေးနဲ့လေ.."

"အဘွားဘဲ သားနဲ့ ပြေးတမ်းလိုက်တမ်းဆော့မယ်ဆို.."

"ဘောမ်လေး အဘွားကိုအနိုင်မကျင့်ရဘူးလေ ဘွားဘွားက ဒူးမကောင်းတော့ဘူးလေ မပြေးနိုင်တော့ဘူး"

"ဟုတ်လား ယောန်ဂျွန်းဟျောင်း.."

"ဟုတ်တယ် ဘောမ်လေးရဲ့.."

"ဘွားဘွား သားမပြေးတော့ဘူးနော် သားနဲ့အတူတူပန်းသွားခူးရအောင်"

"ဟုတ်ပါပြီ ဘောမ်လေးရယ်"

"ဟုတ်."

.
.
"ယောန်ဂျွန်း သား...ထတော့ ဒါတွေကတကယ်မဟုတ်ဘူး ...အိမ်မက်ယောင်သက်သက်ဘဲ.."

ယောန်ဂျွန်း အိမ်မက်ဆိုးမက်တဲ့အခါတိုင်းပြောလေ့ရှိတဲ့အဘွားရဲ့ စကားတစ်ခွန်း..ယောန်ဂျွန်းတင်မဟုတ် ဘောမ်လေးနဲ့ ဆူဘင်တို့ အိမ်မက်ဆိုးမက်ရင်လဲ အဲ့အတိုင်းဘဲပြောတတ်တဲ့အဘွားကို တစ်ခါတစ်လေ လူတစ်ချို့က စုန်းမဆိုပြီးစွတ်ဆွဲလေ့ရှိကြတယ်။အဘွားဟာ ငယ်စဉ်ကတည်းက အနာဂတ်ပုံစံကို ကြိုမြင်နိုင်ခဲ့တယ်။သူ့မြေးတွေကို အမြဲအနာဂတ်အကြောင်းကို ပြောပြတတ်တယ်။ဘောမ်လေး စာမရလို့ ကျောင်းဆက်မတက်တော့ဘူးဆိုရင်လဲ အဘွားက လိုက်ပြီး နားချခဲ့တယ်။သူမြင်ခဲ့တယ် ဘောမ်လေးဟာအနာဂတ်မှာအရမ်းကိုကြီးကျယ်ပြီး မြင့်မြတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်လာမှာမလို့ဘဲ။ဆူဘင် သူဆက်ပြီးတော့ မလုပ်နိုင်တော့ဘူးဆိုရင်လဲ အဘွားကဘဲဖြောင်းဖြပေးခဲ့တယ်။ဘာလို့လဲဆိုတော့ ဆူဘင်ဟာအနာဂတ်မှာ တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာမှာကိုသိနေခဲ့တယ်။ဒါပေမဲ့ အဘွားဟာ ယောန်ဂျွန်းရဲ့အနာဂတ်ကိုမမြင်ခဲ့ဘူး။မမြင်တာထက် သူ့ရဲ့အနာဂတ်ဟာ ဝေဝါးပြီး မသေချာမရေရာဖြစ်နေခဲ့တဲ့အတွက် စိတ်ပူမိတယ်။အဲ့ဒီ့အစား ကောင်လေးလားကောင်မလေးလားမသဲကွဲတဲ့သူတစ်ယောက်ကိုဘဲမြင်လိုက်ရတယ်။မဟုတ်ဘူး နှစ်ယောက်လုံးဖြစ်နိုင်တယ်။ သူ့ရဲ့ အာရုံတွေနဲ့ သတိပေးဖို့လုပ်ခဲ့တယ်။အဲ့ဒီ့သူတို့ နဲ့မသက်ဆိုင်တဲ့နေရာရောက်လာကြတယ်။ပြန်ဖို့လိုအပ်တယ်...ငါသတိပေးမှရမယ်....နောက်ဆုံးအဘွားပြောခဲ့တဲ့စကားကို အဲ့နှစ်ယောက်ထဲကတစ်ယောက်ကြားသွားပါစေ....။
.
.
.
.
.
လက်ရှိကာလ.....

Prince in Different place(it's just a dream)Where stories live. Discover now