Ep(6)

53 6 0
                                    

နှစ်ယောက်သား basketball studio ရဲ့အနောက်ပေါက်ကနေ ထွက်ပြေးလာခဲ့ကြတယ်။ တစ်နေရာအရာအရောက်မှာ သူတို့နှစ်ယောက် ပုန်းနေခဲ့ကြတယ်။ယောန်ဂျွန်းမှာ အခုအခြေအနေကို နားမလည်နိုင်သေးဘူး။

"ဘာဖြစ်တာလဲ....ဘာဖြစ်လို့ကိုယ်တို့ကပြေးနေရတာလဲ..."

"လူတစ်ယောက်က ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်...အဲ့ဒီ့လူက သေချာတာကတော့ကောင်းတဲ့လူမဟုတ်ဘူး..."
.
.
.
.
.
.
.
တစ်ဖက်တွင်......
"မင်းသမီးလေး...ဒီမှာပါ....."

လူတစ်ယောက်ဟာ မီနာ့ကို စာအိတ်တစ်အိတ်ပေးခဲ့တယ်။

"ဒါ ဘာသဘောလဲ..."

"စိုးရွံ့မိပါတယ် မင်းသမီးလေး.."

"ကျေးဇူးပြုပြီး တကယ်မဟုတ်ဘူးလို့ပြောပေးပါလား...ဒီထဲကပုံတွေက တကယ်မဟုတ်ဘူးမလား အိုပါး..."

သူမရဲ့ အထိန်းတော် ကောင်လေး ဒူရှစ်ကို အိုပါးလို့အမြဲခေါ်တတ်ပြီး ဒူရှစ်ဟာလဲ သူ့ရဲ့ဘေးနားမှာအမြဲရှိနေပေးတတ်တဲ့ ကိုယ်ရံတော်လေးပါ...။

"အားနာပါတယ် ကျွန်တော်ရသလောက်ဓာတ်ပုံရိုက်ခဲ့တာပါ.."

"ဘာဖြစ်လို့အနောက်ကို ဆက်မလိုက်တာလဲ.."

"ဟိုကောင်လေးက သတိထားမိသွားပြီး ပြေးသွားတာအနောက်ကမမှီလိုက်လို့ပါ..."

"ဘာဖြစ်လို့ မှီအောင်မလိုက်နိုင်ရတာလဲ...အဲ့တာလေးတောင် အသုံးကျအောင်တောင်မလုပ်နိုင်ဘူးလား တကယ်ဘဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ...."

"တောင်းပန်ပါတယ်.."

မင်းသမီးဟာ ဒေါသတကြီးနဲ့ ရှိသမျှပစ္စည်းတွေနဲ့ သူ့ကို ပစ်ပေါက်နေခဲ့တယ်။ဖန်ခွက်နဲ့ ဒူရှစ်ခေါင်းကိုမှန်သွားတဲ့အခါမှာ သွေးတွေ စီးကျလာခဲ့တယ်။

ရုတ်တရက် မီနာ့ရဲ့အခန်းထဲကို ဆူဘင်ဝင်လာခဲ့ပြီး သူ့မိဘတွေခေါ်နေတယ်ဆိုပြီး လာပြောခဲ့တယ်။ မီနာဟာမျက်နှာကြောကိုပြင်လိုက်ပြီး အခန်းထဲကထွက်သွားခဲ့တယ်။ဆူဘင်ဟာ သွေးတွေနဲ့ ဒူရှစ်ကို အာရုံရောက်နေခဲ့တယ်။

"ဒူရှစ် အဆင်ပြေရဲ့လား မီနာက ဘာဖြစ်ပြန်တာလဲ.."

"ကျွန်တော်အဆင်ပြေပါတယ် ချွဲသခင်လေးနှစ် ပြီးတော့ ဒီစာအိတ်..."

Prince in Different place(it's just a dream)Where stories live. Discover now