Ep(10)

80 6 0
                                    

"မေမေ....အွန်နီး..."
.
"ညီမလေး....."

ရုတ်တရက်ဟီအဲ ချက်ချင်းထလာခဲ့ပြီး..အပြင်ကိုထွက်ဖို့ပြင်လိုက်တယ်။

"ဟီအဲ နင်သက်သာသေးတာမဟုတ်ဘူး..."

"အွန်နီး...သမီးသွားဖို့လိုတယ်...အိုပါးကို ကယ်တင်နိုင်မဲ့နည်းလမ်းကတစ်နည်းဘဲရှိတော့တယ်.."

"ဟီအဲ...ဟီအဲ!!!!!"

အမပြောတာကို နားမထောင်ဘဲ အခန်းအပြင်ဘက်ကိုထွက်လာခဲ့တယ်။အကိုယောန်ဂျွန်းကို ဘယ်လိုရှာရမှန်းမသိပေမဲ့..သူကြိုးစားပြီးရှာဖို့ ဆုံးဖြတ်ခဲ့တယ်။
.
.
.
.
ဆေးရုံလှေကားကနေ ဆင်းဖို့လုပ်လိုက်တဲ့အချိန်မှာ ရင်းနှီးတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်....
.
.
.
.
"ဆူဘင်း အိုပါး...."

"ဟီအဲရား....."

နှစ်ယောက်သားစုံပြီး အကိုယောန်ဂျွန်းကို ဆက်ရှာဖို့ထွက်လာခဲ့လိုက်ကြတယ်။

"ဆူဘင်းအိုပါး....အကိုယောန်ဂျွန်း ဘယ်မှာလဲသိလား..."

"ငါလဲသေချာမသိဘူး.....သူ့ကိုရှာလို့ရမဲ့နေရာကိုတော့သိတယ် ဒါပေမဲ့ သူအဲ့နေရာမှာရှိချင်မှရှိမှာ...."

သူတို့ ဆေးရုံအဝတ်တွေရဲ့အပေါ်မှာ အနွေးထည်လေးတစ်ထပ်ကလွဲပြီး ကျန်တာဘာမှမပါလာခဲ့ဘူး....

ကားတစ်စီးငှါးပြီး အကိုဆူဘင်းပြောတဲ့နေရာကို နှစ်ယောက်သားထွက်လာခဲ့ကြတယ်။
.
.
.
.
.
သွားတဲ့နေရာရဲ့လမ်းခုလတ်လဲရောက်ရော ကားကရပ်သွားခဲ့တယ်။ ကျန်တာတော့လမ်းဆက်လျှောက်ရတော့မှာဘဲ။

နှစ်ယောက်သားအလင်းလိုအရှိန်နဲ့ပြေးလာခဲ့တယ်။
သူတို့ရောက်လာခဲ့တဲ့နေရာကတော့











ချယ်ရီပင်ကြီးတစ်ပင်အောက်မှာ အုတ်ဂူလေးတစ်ခုရှိနေခဲ့ပြီး အဲ့ဒီ့ရဲ့ဘေးမှာ လူတစ်ယောက်ရှိနေခဲ့တယ်။

"ချွဲယောန်ဂျွန်း!!!!!" "ယောန်ဂျွန်းအိုပါး!!!!"

နှစ်ယောက်သား နာမည်ကိုပြိုင်တူခေါ်လိုက်ကြတယ်။ ထိုအခါမှာ ယောန်ဂျွန်းဟာ အသံကြားရာဘက်ကိုလှည့်လာခဲ့ပြီး....

"ဆူဘင်း?....မင်းသတိရလာပြီပေါ့....ပြီးတော့ ဘေးက...ဘယ်သူလဲ ငါမင်းကိုမြင်ဖူးသလိုဘဲ..."

Prince in Different place(it's just a dream)Where stories live. Discover now