Ep(8)

52 6 0
                                    

သူတို့ တစ်ခြားကမ္ဘာကိုရောက်နေတာအချိန်အားဖြင့် ၂ပတ်တာကြာမြင့်ခဲ့ပြီ။ခါအီ့ညီမတို့ သူတို့အကြောင်းသိသွားတာကိုလဲ ခါအီသိသွားခဲ့ပြီ အခုတော့ ခါအီနဲ့ သူ့ညီမနှစ်ယောက်တို့ စကားများနေခဲ့ကြတယ်။

အကိုဖြစ်သူက မပြန်နိုင်ဖြစ်နေလို့ ညီမဖြစ်သူကလဲ အတူတူဆက်နေနေပေးခဲ့တယ်။မဟုတ်ဘူး အကိုဖြစ်သူမပါဘဲ မသွားနိုင်တာ။

"ဘာဖြစ်လို့ အရင်မပြန်နှင့်ရတာလဲ..ဒီမှာ ကြာကြာနေရင်မကောင်းဘူး..."

"အိုပါးကရော ဘာလို့ မပြန်နိုင်ဖြစ်နေရတာလဲ အကိုယောန်ဂျွန်းကြောင့်လား.."

"......"

"ဟုတ်နေတာဘဲ....ဘာဘဲဖြစ်ဖြစ် အိုပါးနဲ့မှ ညီမအတူပြန်မှာ...."

"ဟီအဲ..."

"ပြန်မပြောနဲ့ အိုပါး..."

တစ်ဖြည်းဖြည်း နန်းတော်တစ်ခုလုံး လှုပ်ခတ်လာတော့တယ်။

ယောန်ဂျွန်းလဲ ခါအီဆီကိုအမြန်ပြေးလားပြီး...ဟီအဲကိုရောခေါ်ပြီး အမြန်ဘဲ တစ်နေရာကိုပြေးထွက်ခဲ့တယ်။သူတို့ရောက်ရှိလာခဲ့တဲ့နေရာကတော့ ချယ်ရီပန်းတွေဝေဆာနေတဲ့ နေရာ ဒီနေရာက အကိုယောန်ဂျွန်းအဘွားရဲ့ အုတ်ဂူရှိတဲ့နေရာဘဲ......လို့ ဟီအဲချက်ချင်းရိပ်မိလိုက်တယ်။

ဟုတ်တယ် သူတို့ကို လာတွေ့ခိုင်းခဲ့တဲ့နေရာ....အဲ့နေ့ကပြောခဲ့တဲ့သူက ယောန်ဂျွန်းအိုပါးရဲ့အဘွားဘဲ
.
.
.
.
Flash back...

ပထမဆုံးမေ့လဲခဲ့တဲ့အချိန်......

"အိုပါး...အိုပါး......."

"ဟေး............မင်းတို့ ဒီနေရာကနေအမြန်ထွက်သွား မင်းတို့နဲ့မသက်ဆိုင်ဘူး......ဒီနေရာက အိမ်မက်ယောင်သက်သက်ဘဲ!!!!!!"

ဟီအဲဟာ....လူရုပ်တောင်သေချာမမြင်ရတဲ့ အသံပိုင်ရှင်ကို လှမ်းအော်လိုက်တယ်.....

"ဘယ်သူလဲ......မဟုတ်မှ ဒီနေရာက ကျွန်မတို့နဲ့ ဘယ်လို ဆက်ဆပ်နေတာလဲ......"

"မူလ ကမ္ဘာကို ပြန်သွား မင်းတို့နဲ့ ရင်းနှီးဖူးတဲ့သူကိုရှာ......ပြီးတော့ အဲ့ဒီ့သူကို........အိမ်မက်ကနေ နိုးထတော့လို့......"

Prince in Different place(it's just a dream)Where stories live. Discover now