Ep(7)

53 6 0
                                    

"အကိုယောန်ဂျွန်း...."

ဟျူနင်းအနောက်ကနေဆက်သွားဖို့လုပ်တဲ့အချိန် သူ့ရဲ့ခန္ဓာကိုယ်ဟာ တစ်ဖြည်းဖြည်းမှေးမှိန်လာခဲ့ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့တယ်။ကြံရာမရဖြစ်နေတဲ့အချိန်မှာ ဦးလေးကသတိပေးလာခဲ့တယ်

"ဟေ့ကောင်လေး မင်းအမြန်ပြန်မှဖြစ်မယ် အိမ်ကို ဒီမှာဆက်နေရင် အရမ်းအန္တရာယ်များတယ်.....လာထွက်ပေါက်ကို ငါလိုက်ပို့ပေးမယ်...."

အဲ့ဒီ့လူဟာ ထွက်ပေါက်ရှိရာကိုလိုက်ပြခဲ့တယ်။

"ဒီနေရာဘဲ မင်း ဒီတံခါးက ဝင်သွားတာနဲ့ မင်းရဲ့နဂိုမူလခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားလိမ့်မယ် မင်းတွေဝေနေလို့မရဘူး အခွင့်အရေးက တစ်ကြိမ်ဘဲရှိတယ်"

"နေအုံး ဟီအဲရော...ဟီအဲကရောဘယ်လိုလုပ်မလဲ သူကျန်သေးတယ်လေ...."

"မင်းအမြန်သွားဖို့လိုတယ် မင်းပျောက်ကွယ်သွားတော့မယ်..မင်းညီမကိုစိတ်မပူနဲ့ ငါကူညီပေးမယ်...."

"ဒါပေမဲ့ အကိုယောန်ဂျွန်း သူ့ကိုကျွန်တော်နှုတ်မဆက်ရသေးဘူး...ကျွန်တော်ပြန်သွားမှဖြစ်မယ်..."

"ဟူး.....အဲ့တာကြောင့် ဘယ်သူ့ကိုမှမချစ်ချင်တာ.."

"ဟီအဲကို တစ်ခုပြောပေးပါလား"

"ဘာပြောပေးရမလဲ.."

"ပြန်နှင့် အကို မကြာခင် ဟီအဲဆီကိုလိုက်လာခဲ့မယ်လို့..."

"အင်း ပြောပေးမယ်လေ.."
.
.
.
.
.
.
.
"ကောင်လေး..."
"တစ်ခုတော့မှတ်ထားပေး...မင်း အတွက်အဲ့ကမ္ဘာကအရမ်းအန္တရာယ်များတယ် အားအင်တွေ ယုတ်လျော့လာလိမ့်မယ်.....အဲ့ကျလို့ရှိရင် ဒီလက်ကောက်လေးကို လေနဲ့မှုတ်လိုက်....ငါပေါ်လာလိမ့်မယ်"









ဟျူနင်းဟာ..သူပြန်ဖို့အခွင့်လမ်းရှိရဲ့သားနဲ့ သူမပြန်ခဲ့ဘူး။သူမျက်လုံးဖွင့်လိုက်တဲ့အခါမှာ ကုတင်ပေါ်ကိုရောက်နေခဲ့တယ်။ ဘေးနားမှာလဲ ယောန်ဂျွန်းဟျောင်းတင်မက ထယ်ဟျွန်းပါရှိနေခဲ့တယ်။

"အကိုယောန်ဂျွန်း..."

"နင်းလေးရား.....အကိုဘယ်လောက်တောင်စိတ်ပူလိုက်ရလဲသိရဲ့လား..."

Prince in Different place(it's just a dream)Where stories live. Discover now