Ep(9)

49 4 0
                                    

"အကိုဆူဘင်း ဘယ်လိုလုပ်ပြီး ပါလာတာလဲ..."

"ငါ....ငါ...အမှန်တော့....မင်းတို့နဲ့အတူတူဘဲ..."

"ရှင်!!!!!!!အဲ့တာဆို အကိုလဲဒီကိုရောက်လာတာပေါ့...အဲ့တာဆို...ဘယ်လိုလုပ်ပြီး အကိုယောန်ဂျွန်းရဲ့ ညီအနေနဲ့လဲ..."

"အမှန်တော့ ငါလဲမသိဘူး...ငါနိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်ရော အရအားလုံးကပြောင်းလဲနေတာကို သတိထားမိသွားတယ်။ ငါဒီနေရာနဲ့အမြန်ဆုံးအသားကျအောင်လုပ်ရတယ်..."

"အဲ့တာဆို ဒီကိုရောက်တာဘယ်လောက်တောင်ရှိပြီလဲ..."

"တစ်လလောက်ရှိပြီ...."

"ဘယ်လိုလုပ်ပြီးတော့တောင်လဲ..."

"ငါ့အထင် ဒီကိုရောက်လာတဲ့ အချိန်ကမတူတာနေမှာ....ဟီအဲတို့က နှစ်ပတ်လောက်ရှိပြီနော်"

"ဟုတ်တယ်...အကိုကကော..မေ့လဲတာတွေမဖြစ်ဘူးလား.."

"ဟင့်အင်း တစ်ခါဖြစ်ပြီးကတည်းကမဖြစ်တော့တာ.."

"ညီမကောဘဲ....ဒီနေရာနဲ့ လုံးဝမသက်ဆိုင်ဆုံးသူက အကိုခါအီဘဲ...ဘာကြောင့်လဲတော့မသိဘူး..."

"ဒီအိမ်မက်မှာ ပိုင်ရှင်ရှိတယ်..."(uncle)

လူတစ်ယောက်ကစကားလာပြောခဲ့တယ်။

"ဒီအိမ်မက်မှာပိုင်ရှင်ရှိတယ်?"ဟီအဲတစ်ယောက် မေးခွန်းထုတ်လိုက်မိတယ်။

"ဒီအိမ်မက်ထဲက ကာရိုက်တာတွေနဲ့ မင်းတို့ကထပ်တူကျနေတယ်..."(uncle)

"ကျွန်တော်တို့ကလား..ဘယ်လိုလုပ်ပြီး ယောန်ဂျွန်းရဲ့ အိမ်မက်ထဲကကာရိုက်တာတွေနဲ့ထပ်တူကျတယ်?"(soobin)

အမှန်တော့ ဆူဘင်းဟာသူ့ရဲ့ ကမ္ဘာမှာ ယောန်ဂျွန်းရဲ့သူငယ်ချင်းအဖြစ်ရှိနေတယ်။

"ဟုတ်တယ်....မင်းတို့က သူ့အိမ်မက်ထဲက ကာရိုက်တာတွေနဲ့ ထပ်တူကျနေတယ်။ ဆူဘင်း မင်းဆိုရင် အိမ်ရှေ့စံမင်းသား ရဲ့ညီအနေနဲ့...ဟီအဲ နင်ကတော့ ဘောမ်လေးဆိုတဲ့ သူရဲ့ သူငယ်ချင်းအနေနဲ့..."(uncle)

"အိုပါးကရော....ခါအီအိုပါးကရော..."

"သူက အိမ်မက်ပိုင်ရှင်ရဲ့ နှလုံးသားကို ချုပ်ကိုင်သွားခဲ့တဲ့သူ..."(uncle)

Prince in Different place(it's just a dream)Where stories live. Discover now