Ch- 63: အမေ (1)

597 68 1
                                    


အခန်း 63: အမေ (1)

ချန်ချင်းရုန် မှာခေါင်းကိုက်လာသည်။အသက်အရွယ်တူ ကလေးနှစ်ယောက်မွေးစားပြီး အခက်အခဲတွေ ကြုံလာရတဲ့အခါ ဘာကြောင့်များ ဒီလိုဖြစ်တာလဲလို့တွေးမိလာသည်။

ဒီကလေးနှစ်ယောက်ကို မလိုချင်တော့ဘဲ မိဘမဲ့ဂေဟာကိုသာ ပြန်ပို့လိုက်ချင်တော့သည်။သို့ပေမဲ့ သူတို့ကို ပြန်မပို့ခင် သူတို့ကို ပညာပေး ဆုံးမလိုက်ဖို့ဆုံးဖြတ်လိုက်သည်။အထူးသဖြင့် အသက်ကြီးတဲ့ လင်းရှင်းယွီကို။

သူသည် တံခါးကိုပိတ်၍ အပြင်ကလူ ကို ပြောလိုက်သည်။"မောင်နှမနှစ်ယောက် အိမ်ထဲ ရူပ်ထားတယ်။သူတို့ကို အရင်ဆူလိုက်အုံးမယ် ကျေးဇူးပြုပြီး အပြင်မှာခဏစောင့်ပါ"

တံခါးအပြင်ဘက်ရှိလူ မှ တူညီသည့်အသံဖြင့် ပြန်ပြောသည်။"ကလေးတွေကို မရိုက်နဲ့နော်"

"ငါမလုပ်ပါဘူး ရှောင်ဖန်း မင်းက အန်တီဟွေ့ရဲ့လှည်း ကို တွန်းပြီး ခဏလမ်းလျှောက်ထွက်လိုက်၊နောက်မှပြန်လာ။"

တံခါးအပြင်ဘက်မှ သူနာပြုတစ်ယောက်လို့ ထင်ရသည့် ရှောင်ဖန်းက သဘောတူသည်။

ချန်ချင်းရုန် တံခါးအပြင်ဘက်ရှိလူများ ထွက်သွားတာ သေချာမှ သူ ဖိနပ်ပုံးထဲမှ ဝါးဖြင့် ပြုလုပ်ထားသည့် နောက်ကျောခြစ် တုတ်တံကို ကောက်ကိုင်လိုက်ပြီး လင်းရှင်းနှင့်လင်းရှင်းယွီ တို့ ထံလျှောက်လာသည်။

ချန်ချင်းရုန်က သူတို့ရှေ့ ရပ်နေချိန်အထိ ဒီ နားလည်မှုလွဲနေရတဲ့ အကြောင်းအရာကို ရှင်းပြဖို့ လင်းရှင်း တွေးနေတုန်းပင်။

ချန်ချင်းရုန်သည် အရပ်ရှည်ပြီး ပိန်လှီပြီး အများအားဖြင့် ကြင်နာတတ်သော လူကြီးတစ်ဦးနှင့်တူသည်။သို့သော် အခု သူ့မျက်လုံးများက စူးစူးရဲရဲ တောက်ပနေသည်။

"ရှောင်ယွီ ဒီကိုလာ..."

လင်းရှင်းသည် ရှောင်ယွီ ကို ကာကွယ်ရန် ရှေ့ကို တိုးလာသည်။မထင်မှတ်ထားသည်မှာ အမြဲလို သူ့နောက်ကွယ်မှာ ရှိနေတဲ့ လင်းရှင်းယွီ သူမကို ကာကွယ်ဖို့အတွက် ဦးဆောင်သည်။

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Where stories live. Discover now