Ch 66- ဖော်ထုတ်ခြင်း (၂)

144 26 0
                                    



Ch 66- ဖော်ထုတ်ခြင်း (၂)

ချန်ချင်းရုန် သည် စိတ်လှုပ်ရှားစွာနဲ့လင်းရှင်းယွီ ကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး အပ်စိုက်ကုထုံးအမှတ်များအကြောင်း မေးသည်။လင်းရှင်းယွီက တစ်ခုချင်း ပြန်ဖြေပြီး အပ်စိုက် အမှတ် နေရာတွေကိုတောင် ထောက်ပြလိုက်သေးသည်။

ချန်ျချင်းရုန် သည်သူ့ကို အံ့သြတကြီး ကြည့်ရင်း တခြား ဆေးစာအုပ်နှစ်အုပ်ကိုပါ ပြသသည်။လင်းရှင်းယွီက ပုံစံများနှင့် စပ်လျဥ်း၍ အလွန်အကဲဆတ်သည်ကို တွေ့ရှိခဲ့ပြီး အသေးစိတ် အချက်အလက်များကိုတောင် မှတ်မိနိုင်သည်။

သူ့သား ရှောင်ယွမ် ဟာလည်း ဆေးပညာကို ဝါသနာပါပြီး ငယ်ငယ်ကတည်းက ဆေးစာအုပ်တွေ အမြောက်အမြားဖတ်ရှုခဲ့သည့်အကြောင်းကို သတိရသွားခဲ့ပြီး ကောင်းကင်ဘုံက ဒီကလေးကို ရှောင်ယွမ်အစား တကယ်ပဲ စေလွှတ်ခဲ့တာလို့ သူ့စိတ်ထဲ တွေးလိုက်မိတော့သည်။သူ့စိတ်ထဲတွင် လင်းရှင်းယွီကို ပို၍ပင် သဘောကျလာတော့သည်။

လင်းရှင်း သည်သူ့သမီးလေးနှင့် နှိုင်းယှဥ်လျှင် အရွယ်ရောက်ပြီးသား လူနှင့်ပိုတူသည်။အနည်းငယ် မပွင့်လင်းသည့် ပုံစံမျိုးဖြစ်သည်။

လင်းရှင်းယွီ သည် လင်းရှင်း၏ပြောင်းပြန်ပုံစံဖြစ်သည်။လင်းရှင်းယွီ၏လုံခြုံရေးနှင့် ပတ်သက်နေသမျှကာလပတ်လုံး အထိခိုက်မခံနိုင်အောင် ဖြစ်နေတတ်ပြီး သူမ၏တစ်ကိုယ်လုံးသည်ဆူးများဖြင့်ဖုံးလွှမ်းကာ အကာအကွယ်လွန်ကဲသော ကြက်အမေကြီးကဲ့သို့ တိုက်ခိုက်သွားမည်ဖြစ်သည်။

အရွယ်ရောက်ပြီးသားလူ လို ဖြစ်နေသည့် လင်းရှင်း ကိုရင်ဆိုင်ရသော်လည်း ကလေးနှစ်ဦးကြားရှိအကြောင်းအရာများကို ဆက်လက်ဟောပြောရန် မတွေးတော့ပေ။

ထိုညတွင် လင်းရှင်းယွီ အိပ်မပျော်ခဲ့ပေ။စောင်ကိုဆွဲယ၍ လင်းရှင်းရဲ့အခန်း ဆီ လာခဲ့သည်။ဟိုရောက်သည်နှင့် ကုတင်ပေါ်တွင် လဲလျောင်းရင်း မျက်လုံးဖွင့်၍ မေးလိုက်သည်။

"လင်းရှင်း၊ငါတို့ ဒီမှာပဲနေမှာလား? "

လင်းရှင်း၏နှလုံးခုန်သံမြန်ဆန်သွားသည်။လင်းရှင်းယွီက ဒီနေရာကို ကြိုက်သည်၊မကြိုက်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးတာ က သူမအတွက် ခက်ခဲသည်။လင်းရှင်းသည် အံ့ဩတကြီးမေးလိုက်သည်။

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Where stories live. Discover now