Ch-57 : နောက်ဆုံးတော့ဒီနေ့ပဲ (2)

630 86 0
                                    

Ch 57 : နောက်ဆုံးတော့ဒီနေ့ပဲ (2)

မိဘမဲ့ကျောင်းတွင် ဆရာဝန်တွေ မရှိပါ။မစ္စလီက ဆေးကုသမှုအကြောင်း အနည်းငယ်သာသိသည်။လင်းရှင်း ရှင်းပြတာကို နားထောင်ပြီးသည်နှင့် ဆေးပစ္စည်းတွေနဲ့လင်းရှင်းယွီရဲ့အခန်းထဲလိုက်လာခဲ့သည်။

လင်းရှင်းယွီရဲ့ခန္ဓာကိုယ်ကို စစ်ဆေးပြီးတာနဲ့မစ္စလီ မှ လင်းရှင်း ကိုပြောပြသည်။"အစကတည်း အားနည်းနေတဲ့ကိုယ်နဲ့ အလုပ်တွေအလွန်အကျွံ လုပ်တော့ ပိုပြီးအားနည်းသွားတာပေါ့"

လင်းရှင်း သည် နှလုံးနဲ့ပတ်သတ်တဲ့မေးခွန်းတွေ အမေလီ ကိုမေးပြီးတာနဲ့သူမရဲ့စိုးရိမ်စိတ်တွေလျော့ချပြီး အမေလီကို ပြန်လိုက်ပို့ခဲ့သည်။

မစ္စလီသည်တံခါးအပြင်ဘက်ကို ထွက်သွားပြီး လင်းရှင်း ဆီ ပြန်လှည့်ကြည့်သည်။

"သူ့ရောဂါက ချက်ခြင်းမပျောက်နိုင်ဘူး။မိဘမဲ့ဂေဟာရဲ့ရန်ပုံငွေက အကန့်အသတ်ရှိတယ်ဆိုတာ မင်းသိပါတယ်။"

"လင်းရှင်းယွီကိုကူညီဖို့ အမြန်ဆုံးနည်းလမ်းက နှလုံးခွဲစိတ်မှုအတွက် ငွေကြေးအကူအညီပေးနိုင်မယ့်သူကိုရှာဖို့ပဲ။သူ့မှာ မွေးရာပါ နှလုံးရောဂါရှိတယ်။ဆေးစစ်ဖို့ ဆေးရုံ ကြီးတစ်ခုသွားရမှာ၊ဒါ့ကြောင့် အချိန်ဆွဲနေလို့မရဘူး။"

လွန်ခဲ့တဲ့ခြောက်လက လင်းရှင်းယွီရဲ့ကိုယ်ကတစ်ဖြည်းဖြည်းပိုကောင်းလာတာမြင်တော့ နောက်ထပ်နှစ်အနည်းငယ်စောင့်လိုရသေးတယ်လို့ထင်ခဲ့သည်။၁၆နှစ်ပြည့်ဖို့ စောင့်နေရင်း အသက်ပြည့်ရင် IDလက်မှတ်လုပ်မယ်။ပြီးရင် ပိုက်ဆံပေးပြီး နှလုံးခွဲစိတ်ကုသမယ်လို့‌မျှော်လင့်ခဲ့သည်။

အမှန်တရားက ဘယ်သူ့ကိုမှ မစောင့်ချေ။အထူးသဖြင့် စောစောက သူ မူးလဲသွားတုန်းက လင်းရှင်း ကိုထိန်းချုပ်မရတဲ့ခံစားချက်တွေထဲအသက်မဲ့သွားသလိုဖြစ်သလိုမျိုးဖြစ်သွားစေခဲ့သည်။

သူမရဲ့အဖေနဲ့အမေ ရုတ်တရက် ထွက်သွားတုန်းကလိုပင်။သူမ ဘာလုပ်ရမှန်း လုံးဝ မသိခဲ့။သူမ ဒီလိုထပ်ဖြစ်ခွင့် မပေးနိုင်ပါ။

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။حيث تعيش القصص. اكتشف الآن