Ch -31 : နတ်သားအယောင်ဆောင်

980 125 2
                                    

Ch -31 : နတ်သားအယောင်ဆောင်

လင်းရှင်းရဲ့စကားတွေက ကျောင်းချောင်ရဲ့နှလုံးသားကို ထိုးနှက်ခဲ့လေသည်။သူ တကယ်ကို အရူးမဟုတ်ဘူး။သူ့အသက်အရွယ်နဲ့သူ ထက်မြက်သည်။အတိတ်က လင်းရှင်းယွီကို မနာလိုဖြစ်ခဲ့သော်ငြား အခု ဒီကောင်လေးကိုစာနာမိသည်။အခုလင်းရှင်း ပြောတဲ့စကားတွေက သူ့ကို စဥ်းစားစေတဲ့အခြေအနေရောက်သွားစေသည်။တစ်ဖက်မှာတော့ ဌာနမှူးက စက်ဆုပ်ရွံရှာစရာကောင်းတဲ့သားရဲကောင်၊၊တစ်ဖက်က လင်းရှင်းကလည်း အခြေအနေပေါ်မှာလွန်ကဲစွာတုန့်ပြန်နေပြီး သူ့ကိုခြောက်နေတယ်လို့ ထင်မိသည်။သူတွေးတာကတော့ဌာနမှူး သူတို့ကို တကယ်ကြီးဒုက္ခဖြစ်အောင်လုပ်မည်မဟုတ်ပေ။လူသတ်ဖို့အထိလုပ်မယ်ဆိုတာ တွေးတောင်မတွေးခဲ့ဖူးပါပေ။

ကျောင်းချောင် တုံ့ဆိုင်းနေသည်ကိုကြည့်ရင်း လင်းရှင်းမှပြောလိုက်သည်။ "နင်ယုံယုံ မယုံယုံ နင် ငါ့ကိုကူညီသင့်တယ်။ငါတစ်ယောက်တည်းထွက်ပြေးမှာမို့ ဌာနမှူး မေးရင် ငါဘာသာငါထွက်ပြေးဖို့လုပ်ခဲ့တာလို့ ပြောလိုက်"

"မင်းကို ငါကူညီခဲ့တာ ဌာနမှူး သိသွားရင် ဘာလုပ်ရမလဲ"

လင်းရှင်း တွေးမိသည်။— 'သူ အခုတုန်လှုပ်နေပြီ၊တွန်းအားနဲနဲပေးလိုက်ရင် သူ ငါ့ကိုကူညီမှာသေချာတယ်။'

သူမ တစ်ချက်ရယ်၍ပြောလိုက်သည်။ " ကျောင်းချောင်... နင်နဲ့ငါကအခုသူငယ်ချင်းဖြစ်နေပြီ။သူငယ်ချင်းကြားထဲမှာ ယုံကြည်မှုဆိုတာရှိတယ်။နင် ငါ့ကို မယုံလို့ မကူညီတာလား? "

'ယုံကြည်မှု' ဆိုတဲ့စကားလုံးက ကျောင်းချောင်ရဲ့နှလုံးသားကို ပျော့ပျောင်းသွားပုံပင်။

မိဘနဲ့ဆွေမျိုးအသိုင်းအဝိုင်းမရှိတဲ့ ကလေးတွေက ယုံကြည်မှုဆိုတဲ့ကတိကဝတ်တစ်မျိုးတည်းကို အမြဲရှာဖွေတက်ကြသည်။ယုံကြည်မှုဆိုတဲ့စကားလုံးက ကျောင်းချောင် အတွက်တော့ အလွန်တန်ဖိုးထားတဲ့အရာဖြစ်သည်။

ကျောင်းချောင်သည် သတ္တိစုစည်း၍ နှုတ်ခမ်းဖိကိုက်ကာပြောလာသည်။ "ကောင်းပြီ၊ငါ မင်းကို ကူညီမယ်"

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Donde viven las historias. Descúbrelo ahora