Ch-38 : မိဘမဲ့ကျောင်းဆီ လာလည်သည့် ဧည့်သည်များ-၁

954 123 0
                                    

Ch-38 : မိဘမဲ့ကျောင်းဆီ လာလည်သည့် ဧည့်သည်များ-၁

လင်းရှင်း သည် အခန်းထဲ အိပ်ပျော်နေစဥ် သေတစ်ဝက် ရှင်တစ်ဝက် နီးပါးဖြစ်နေပုံရသည်။

တမင်ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဌာနမှုးက သူမ၌ပြင်းထန်သောကူးစက်ရောဂါတစ်ခုရရှိထားကြောင်း အခြားကလေးများ အား ပြောပြခဲ့သည်။ထိုအချိန်မှစပြီး အခြားသော မိဘမဲ့ကလေးများ အရင်ကလို သူမကို ဂရုမစိုက်တော့ပဲ သူမ အပြင်ထွက်ပြီး နေရောင်ခံတိုင်း ရောဂါပိုးတွေ သူတို့ဆီ ပျံ့နှံ့သွားမှာကို စိုးရိမ်တဲ့အတွက် ပုန်းရှောင်သွားကြသည်။

တစ်လခွဲကြာပြီးနောက်၊ခြံဝင်းနံရံနှင့် နံရံများတွင် ပေါက်နေသော နှင်းဆီပန်းများ လှပစွာ ပွင့်ကြသည်။ဒီနှစ်မိသားစုတော်တော်များများက မိဘမဲ့ဂေဟာကို လာရောက်လည်ပတ်ကြသည်။

တစ်ပတ်အတွင်း မိသားစု သုံးခု၊လေးခု ကို မိဘမဲ့ဂေဟာမှ ကြိုဆိုရသည်။လင်းရှင်း ထိုမိသားစုကို တိတ်တဆိတ်လေ့လာကြည့်တော့ အများစုသည် ကိုယ်ပိုင်ကလေးမရနိုင်သည့် စုံတွဲများဖြစ်သည်။

ထိုမိသားစုများသည် လင်းရှင်း အတွက် အသင့်တော်ဆုံး မိသားစုမဟုတ်ပေ။

တကယ့်လက်တွေ့တွင် သူမ အမှားတစ်ခုမှ သည်းမခံနိုင်ဘူး။ဂရုမစိုက်ပဲ ရွေးချယ်လိုက်ရင်အသက်ရှင်ရပ်တည်ရေး မျှော်လင့်ချက် အားလုံးကို ဆုံးရှုံးသွားမည်ဖြစ်သည်။

နှစ်ရက်အကြာတွင် ချမ်းသာသော မိသားစုတစ်စုမိဘမဲ့ဂေဟာသို့ လာရောက်လည်ပတ်သည်။ချမ်းသာတဲ့ မဒမ် တစ်ယောက် သူ့ကိုယ်ပိုင်ကားပေါ်ကနေ ဆင်းလာချိန်မှာ လင်းရှင်းသည် အခွင့်အရေး ရောက်ပြီဆိုတာ သိလိုက်ရသည်။

ဦးထုပ်နှင့်လိုက်ဖက်သော ကြော့ရှင်းသော ၀တ်စုံကို ၀တ်ဆင်ထားသည့် အသက် ၃၀ ကျော် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။

ကားပေါ်မှဆင်းပြီး ကလေးများကိုစိုက်ကြည့်ချိန် သူ၏လှပသည့်မျက်ဝန်းထဲ ကရုဏာအပြည့်ရှိသည်။မိဘမဲ့ဂေဟာသို့ လျောက်ပတ်ပြီး သူတို့အတွက် ယူလာပေးသော အစားအစာများကို ကြိုက်လားမကြိုက်လား မေးပြီး ဝေငှခဲ့သည်။

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။حيث تعيش القصص. اكتشف الآن