Ch-3 : နောက်ကျရင် သူ့ကို သွားမကြည့်နဲ့။

2.3K 214 0
                                    

Chapter 3 : နောက်ကျရင် သူ့ကို သွားမကြည့်နဲ့။

လင်းရှင်း သည် စိတ်ဓာတ်ကျမိသည်။ငယ်စဥ်ကလေးဘဝတည်းက နှစ်သက်ခဲ့တဲ့ ဒုတိယဇာတ်လိုက် က ကြက်တစ်ကောင်ကိုတောင် ဒုက္ခပေးနိုင်စွမ်းမရှိတဲ့ ပိန်ပိန်ပါးပါးလေးဖြစ်မည်ဟု မတွေးခဲ့ဖူးပါ။သူ့ခန္ဓာကိုယ်‌ပေါ်အသား သိပ်မရှိ၊သူ့ဆံပင်တွေ ပါးလွှာပြီး ဝါကြန့်ကြန့်ဖြစ်နေသည်။သူမထက် ခေါင်းတစ်ဝက်ပိုရှည်သည့် ကောင်လေး သည် အမှန်တကယ်ကို ခံနိုင်ရည်မရှိပါ။ဤအခြေအနေမျိုးတွင်၊ခံနိုင်ရည်လို့ ခေါ်တာက ရုပ်ပိုင်းဆိုင်ရာ သန်မာတာ ကို ရည်ညွှန်းတာမဟုတ်ဘဲ သူ့ကိုယ်သူ ရပ်တည်ရန် ကျောရိုးရှိမရှိကို ‌ပြောခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အနာဂတ်တွင် ရက်စက်ကြမ်းကြုတ်သော ဇာတ်လိုက်မင်းသမီး သည် အခု လှပပြီး ကြင်နာတတ်သော ပန်းပွင့်လေးတစ်ပွင့်ဖြစ်သည်။ကူးပြောင်းခြင်း၏ဥပဒေများအရ လင်းရှင်း သည် ဝုအန်အန် ဖြစ်လာသင့်သည်။ထို့အစား ဝတ္ထုမှာတောင် နာမည်မဖော်ဖူးတဲ့ ဇာတ်ကောင်ဖြစ်လာခဲ့သည်။

လင်းရှင်းသည် ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်အားလုံးကို အပြင်လူတစ်ယောက်အနေဖြင့် စောင့်ကြည့်ခဲ့သည်။သူမသည် လင်းရှင်းယွီ နဲ့မဆက်ဆံချင်သလို သူ့ကိုကူညီရန်လည်း မစီစဥ်ခဲ့ပေ။ကျောင်းချောင် သာ အလွန်အကျွံ မလုပ်ရင် သူမ သူ့ကို ဘယ်တော့မှ ကယ်တင်မှာ မဟုတ်။

လင်းရှင်း သည် အနီးနားမှ ထွက်ခွာခါနီး ဝုအန်အန်ရဲ့ရွှင်မြူးသောအော်သံတစ်ခု စင်္ကြံလမ်း၌ ရုတ်တရက်ထွက်‌ပေါ်လာသည်။"လင်းရှင်း ငါ့အစ်မ စာတစ်စောင်ပို့တယ်။လာကြည့်!" သူမသည် လင်းရှင်းအား အားရပါးရ ဝှေ့ယမ်းရင်း လက်ထဲ စာအိတ်တစ်ခု ကိုင်ထားသည်။

လင်းရှင်းယွီလို အားနည်းသူနဲ့ယှဥ်ရင် လင်းရှင်းသည် ဝုအန်အန် ကို သဘောကျသည်။အသက် ၁၄ နှစ် အရွယ် ခန္ဓာကိုယ်ကောင်းမွန်စွာ ဖွံ့ဖြိုးသည်။မြင့်မားသောရင်ဘတ်၊ခါးသွယ်သွယ်နှင့် ရှည်လျားသော ခြေတံဖြူများရှိသည်။ကြည်လင်တောက်ပသော မျက်လုံးများနှင့်အတူ ပြီးပြည့်စုံသော ငန်းဥပုံသဏ္ဍာန် မျက်နှာကိုလည်း ပိုင်ဆိုင်ထားသည်။သူ့ဘေးတွင်ရှိသော လင်းရှင်း သည် ထူးဆန်းသော အဒေါ်နှင့်ပိုတူနေသည်။

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Hikayelerin yaşadığı yer. Şimdi keşfedin