Chapter 6

4.7K 557 0
                                    

အပိုင်း ၆

လင်းယွိ သူမသိလိုက်ခင်မှာပဲ ကုသရေးအခန်းမှာ တစ်လနီးပါးလောက် နေခဲ့လေသည်။ တစ်နေ့ကို နှစ်ခါ ဆရာဝန်က သူ့ကို လာစစ်လေ့ရှိသည်။

ပထမတော့ သူနေရတာအဆင်မပြေသော်ငြား နေ့တိုင်းလိုလို အနားယူပြီးသည့် အခါမှာတော့ သူအဆင်ပြေလာတော့သည်။ သို့သော် အခုတလော ခန္ဓာကိုယ်ကကောင်းလာသော်ငြား နေ့တိုင်းအိပ်ရာပေါ်တွင် လဲလျောင်းနေရသည်မှာ အလွန်ပျင်းစရာကောင်းလာတော့သည်။ သို့သော် သူ့မှာဘာမှလည်း လုပ်စရာမရှိပေ။

သူကြယ်အစုအဝေးသုံးဘာသာစကားကို သင်ယူချင်သော်လည်း သူ့ရဲ့နှေးတိနှေးတုံ့အကျင့်ကြောင့်……သူ့ဘက်က စမမေးဖြစ်တော့ပေ။ ဆေးရုံမှ အလိုအလျောက်လွှင့်နေသည့် ပရိုဂရမ်တွေကိုသာ ကြည့်လိုက် ခန့်မှန်းလိုက်သာ လုပ်နေလိုက်တော့သည်။

လင်းယွိဦးနှောက်သည် အရင်ကတည်းက အမြဲလိုလို အလွန်ကောင်းမွန်သည်ဖြစ်ရာ သူ့ကိုဘယ်သူမှ ဘာသာစကားလာလည်း သင်မပေးသောကြောင့် အစီအစဉ်တွင်ပါဝင်သည်များကိုသာ ခန့်မှန်းနိုင်သော်လည်း တိုးတက်မှုကတော့ နှေးနေသေးသည်။

သူ့ဆီ လာလည်သည့်သူဆိုလို ထိုအပြာရောင်အသားအရည်ရှိသည့် သူတစ်ယောက်တည်းသာ ဖြစ်လေသည်။

သူဘယ်လိုလုပ်လိုက်လဲ မသိပေမဲ့ ဆေးရုံတင်ခံရသည့် နှစ်ရက်မြောက်နေ့တွင် သူ့ရှေ့တွင် နားမလည်နိုင်အောင် ပေါ်လာတော့သည်။ ပြီးနောက် သူ့ဆီကို ပုံမှန်လိုပင် လာလည်လေတော့သည်။

အဘယ့်ကြောင့်ဆိုသော် သူသာအချိန်ကူးပြောင်းလာသူမှန်းသာ ဒီကလူတွေသိသွားပြီးနောက် နောက်ဆက်တွဲတွေကို မသိနိုင်သေးရာ လင်းယွိ သတိကြီးကြီး ထားနေရသည်။ ထို့ကြောင့်ပင် အဆိုပါအပြာရောင်လူက သူ့ကိုစကားတွေ ဆက်တိုက်ပြောနေတိုင်း ထိုလူကို သူ အူကြောင်ကြောင်သာ စိုက်ကြည့်နေလိုက်တော့သည်။ ဉာဏ်ရည်နိမ့် လူဖန်တီးထားသည့် သူတစ်ယောက်လိုပင်။

တစ်ယောက်တည်းကသာ စကားလိုက်ပြောနေရသည်က ပျင်းဖို့ကောင်းသည်ဖို့ ပြောတတ်ကြသော်ငြား ဤအပြာရောင်လူကတော့ သူဟာသူကို ပျော်နေကာ အမြဲတမ်းလိုလို သူ့ဆီအလည်လာနေတော့သည်။

သို့သော် ဒီနေ့ အန်းဒါးတစ်ယောက်ကို ကြည့်ပြီး လင်းယွိ အံ့ဩသွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် အန်းဒါးက ဒီနေ့ နေ့ဘက်ကြီး ရောက်လာသောကြောင့်ပင်။ ပုံမှန်အန်းဒါးလာသည့်အချိန်မှာ ညဘက်တွေသာ ဖြစ်သောကြောင့် ထိုလူက နေ့ဘက်တွေ အလုပ်ရှိတာပဲဆိုပြီး လင်းယွိ သူ့ဟာသူ ကောက်ချက် ချထားလိုက်ခဲ့သည်လေ။

ဒါကတစ်ကယ့်အခြေအနေဖြစ်ခဲ့သော်လည်း ဒီနေ့တော့ အာကာသယာဉ်က ထူးထူးခြားခြား အာကာသဂိတ်တစ်ခုတွင် ရပ်နားလိုက်သောကြောင့် တော်တော်များများက အားလပ်ရက်ယူကာ ထွက်သွားသူက သွားကြပြီး တစ်ချို့ကတော့ ဆော့ကစားဖို့ဆိုပြီး ထွက်သွားကြပေလေသည်။

သို့သော် အန်းဒါးကတော့ အားလပ်ရက်မယူတော့ပဲ  လင်းယွိဆီ ချက်ချင်း ရောက်လာတော့သည်။

သူ ကုသရေးအခန်းထဲ ဝင်ဝင်ချင်းမှာပဲ လန်းဆန်းသွားစေသည့် အနံ့လေးကို ရလိုက်ကာ သူ့စိတ်အခြေအနေက တိုးတက်လာတော့သည်။ သူလင်းယွိမျက်နှာကို မြင်လိုက်သည်နှင့် သူမျက်နှာပေါ်မှာပါ အပြုံးကပေါ်လာတော့သည်။

လင်းယွိမျက်နှာပေါ်တွင် ဒဏ်ရာအကြီးကြီးရှိနေသော်ငြား သူ့အလှက ကွဲပြားခြားနားသည့် အလှတစ်ခုလိုပင်ရှိနေခဲ့သည်။ အခုတော သူပြန်ကောင်းလာပြီးနောက် သူ့ကြည့်တာ ပိုကောင်းလာသည့်ပုံပင်။ ဆေးရုံကုတင်ပေါ် ထိုင်နေသော်လည်း ပန်းချီကားချပ်လေး တစ်ခုလိုပင်။
သူလင်းယွိကို နှုတ်ဆက်လိုက်ပြီး လင်းယွိဘယ်လိုပြန်တုန့်ပြန်လဲကိုလည်း ဂရုမစိုက်လိုက်ပေ။ ပြုံးပြုံးနှင့် သူ့လက်ညိုးကို ပါးစပ်နားထိလိုက်ပြီး တံခါးကိုညွှန်ပြလိုက်ကာ တိုးတိုးလေးပြောလာသည်၊ “သူနာပြုက အလှည့်ပြောင်းတော့မှာ၊ ငါမင်းကို လမ်းလျှောက်ဖို့ ခေါ်သွားမယ်လေ။”

သူဘာပြောလိုက်လည်း လင်းယွိ နားမလည်သော်ငြား သူဘာကိုဆိုလိုချင်မှန်း သူသိသဖြင့် အန်းဒါး သူ့လက်ကောက်ဝတ်ကို ဆွဲလိုက်သည်ကို မငြင်းခဲ့ပေ။

နှစ်ယောက်က ဆရာဝန်တွေကို ရှောင်ကာ ကုသရေးဆောင်ကို ချောချောမွေ့မွေ့ ထွက်လာနိုင်ခဲ့လေသည်။ အန်းဒါး လင်းယွိကို လျှောက်လမ်းမှာ အတန်ကြာ လမ်းလျှောက်ခိုင်းလိုက်ကာ အခန်းငယ်တစ်ခု၏ တံခါးနားကို ရောက်လာပြီး ဖွင့်လိုက်လေသည်။

တံခါး၏နောက်တွင်တော့ အဝိုင်းပုံစံ အထူးပြုလုပ်ထားသည့် နေရာတစ်ခုထဲသို့ ရောက်သွားတော့သည်။ ကြည့်ရတာ သံမဏိနှင့်ဖန်ဖြင့် လုပ်ထားသည့် တံတားတစ်ခုနှင့်တူလေ၏။

လင်းယွိမျက်လုံးတွေက အံ့ဩမှုတွေနှင့်အတူ ပြူးကျယ်လာကာ နောက်မှသူသိလိုက်သည်မှာ အာကာသယာဉ်ကြီးက အခုမောင်းနှင်နေတုန်းမဟုတ်ပဲ တစ်နေရာရာမှာ ကမ်းကပ်ထားသည်ဆိုတာပင်။
နှစ်ယောက်သား လမ်းကနေတစ်ဆင့် အာကာသဂိတ်ကို အမြန်ဝင်ဝင်ချင်း မကြာမီ လေထုကလူတွေ၏ စကားပြောသံ၊ အနံ့ပေါင်းစုံတို့ဖြင့် ပြည့်လာလေတော့သည်။

အန်းဒါး လင်းယွိဘေးမျက်နှာတစ်ချက်ကြည့်လိုက်ကာ ထိုကောင်လေးက အံ့ဩကာစိတ်ရှုပ်ထွေးနေသည့် ပုံလေးဖြစ်နေသည်ကို မြင်လိုက်ပြီး သူ့ကိုယ်သူ ဂုဏ်ယူသွားတော့သည်။

အခုလို စည်ကားနေကြသည့် နေရာမျိုးကို လင်းယွိအလွန်ကြိုက်လေသည်။ ထို့ကြောင့် ယခုလိုနေရာမျိုးဆီသူ့ကို တမင်ခေါ်လာပေးရသည်မှာ အကျိုးတော့ယုတ်မသွားပေ။

အာကာသယာဉ်တွေက ရပ်လေ့မရှိကြာသောကြောင့် အခုလို အခွင့်အရေးမျိုးမှာ အန်းဒါးအတွက်တော့ ရှားရှားပါးပါး အားလပ်ရက်လေးဖြစ်လေသည်။

သူအနေနှင့် သူဟာသူ ပျော်လို့ရနိုင်ပေမဲ့ လင်းယွိတစ်ယောက်တည်း ပျင်းနေမှာစိုးကာ ထိုကောင်လေးကိုပါ အပြင်ကိုကြည့်လို့ရအောင် ခေါ်လာဖို့ရွေးချယ်ခဲ့တော့သည်။

အန်းဒါး ဇက်သွေးက အလွန်နည်းပါးကာ သူကိုယ်တိုင်လည်း ဇက်တွေအကြောင်း ဘာမှသိမထားပေ။ ထို့ကြောင့် သူကိုယ်တိုင်လည်း နားမလည်ပဲ သူလင်းယွိကို ကူညီလိုက်တိုင်း သူ့နှလုံးသားထဲကနေကို စိတ်ချမ်းသာသွားသလို ခံစားရလေ့ရှိသည်။ မူကြိုကလေးလေး တစ်ယောက်ကို ဆရာမက ချီးမွမ်းလိုက်သလိုမျိုး ကလေးဆန်လွန်းလှသည်။

“ငါခဏလောက်နေရင် ပြန်သွားရမှာ။”
သူလင်းယွိလက်ကို ဆွဲလိုက်ကာ ဆူညံနေသည့် နေရာဆီသို့ ခေါ်သွားရင်း ပြောလိုက်သည်။ လင်းယွိနားမလည်နိုင်မှန်း သူသိသော်လည်း သူကတော့ ဆက်ပြောနေလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် အဓိကအချက်မှာ မျိုးစုံသည့် ဂြိုလ်သားပေါင်းစုံကို ကြောက်လာသောကြောင့် ထိုအချိန်တွင် လင်းယွိ ခေါင်းမူးလာတော့သည်။

တစ်ချို့က ခေါင်းပေါ်မှာ ဂြိုလ်တွေရှိနေကြကာ၊ တစ်ချို့ကတော့ သူတို့ကိုယ်ပေါ်တွင် အကြေးခွံတွေရှိနေကြပြီး တစ်ချို့ဆို ၂မီတာ၃မီတာလောက်ထိ ရှည်ကြကာ၊ တစ်ချို့ကတော့ သူ့ခါးလောက်ထိသာ မြင့်ကြလေသည်။ အကုန်လုံးတွင် မတူညီသည့် အသားအရောင်တွေနှင့် မျက်နှာပုံစံမျိုးစုံရှိကြကာ တစ်ချို့ဆို နဖူး၊နား သို့မဟုတ် နှာခေါင်းပေါ်တွင် အရိုးအပိုတစ်ခုပါ ရှိနေတတ်သေးသည်။

လူတွေ၏ အမြင်ဘက်ကနေဆို တစ်ချို့တွေ၏ ပုံပန်းသွင်ပြင်က လက်ခံနိုင်စရာရှိသော်လည်း တစ်ချို့ကတော့ တော်တော်ကို ထူးခြားဆန်းပြားလွန်းနေကာ တစ်ချို့ဆို အသိအမှတ်ပြုပေးဖို့ကို ခက်လှသည်။
လင်းယွိ ပုံမှန်အတိုင်း လူသားမျိုးစိတ်နှင့်တူသည့် သူကိုရှာရန်ကြိုးစားနေလိုက်ကာ ကမ္ဘာပေါ်က လူနှင့်ပါ တွေ့နိုင်ဖို့အထိ မျှော်လင့်ထား၏။

အခုတော့ သူတို့က ကြယ်အစုအဝေးသုံးဘာသာစကားကိုသာ ပြောနေကြသည်ဆိုပေမဲ့ လင်းယွိတစ်ယောက် ထိုလူတွေက ရှေးဟောင်းတရုတ်ဘာသာစကားကို ပြောတတ်ဖို့ကိုပါ မျှော်လင့်ထားလေသည်။

ယခုတစ်ခေါက် လူတွေက လူသားတစ်ယောက်နှင့် တူနေဦးတော့ ကမ္ဘာပေါ်က လူသားမျိုးစိတ်မဖြစ်နိုင်ကြောင်းကိုတော့ လင်းယွိမေ့သွားလေသည်။

ဗီလိန်အကြီးစား ယန့်ကျီဟန်တောင်မှ လူသားတစ်ယောက်နှင့် ကွဲပြားခြားနားချက်က ရှိမနေကာ သူ့လိုဇက်တွေနှင့် တူအောင်လုပ်ခံထားရသူတောင်မှ လူသားတစ်ယောက်နှင့် တူနေသေးသည်။

နေရာအနည်းငယ်လောက်ကို လျှောက်ပြီးသည့်အခါမှာတော့ အန်းဒါးနှင့်သူ ပြန်သွားရတော့မည်ကို မြင်လိုက်သည်အထိ လင်းယွိ လူနှင့်တူသော တစ်ယောက်ကိုမှမတွေ့ရသေးရာ ရှေ့ကိုဆက်မသွားချင်တော့ပဲ ခြေထောက်ကိုဆွဲကာ နေလိုက်တော့သည်။

ထိုအချိန်မှာပဲ သူတို့ဘေးတွင် နှေးတိနှေးတုန့်နှင့် ရထားလုံးတစ်စီးက ရပ်သွားတော့သည်။

တံခါးကပွင့်သွားသည်နှင့် အရပ်ရှည်ကာ နားရွက်ကြီးကြီးနှင့် တစ်ယောက်နှင့်တစ်ယောက် ပုံစံတူကြတော့ လူအကြီးကြီးတစ်စုက အစဉ်လိုက်ဆင်းလာကြကာ သူနှင့်အန်းဒါးကို တစ်ယောက်နှင့်တစ်ယောက် ခွဲမိသွားတော့သည်။

လင်းယွိ ယန့်ကျီဟန်၏ အာကာသယာဉ်ပေါ်တွင် လုံးဝမနေချင်ပေ။ ထိုအခိုက်အတန့်မှာပဲ သူ့ကို အန်းဒါးက မတွေ့ရတော့မည်ကို တွေးမိလိုက်ပြန်တော့ ရင်ကတုန်လာပြန်သည်။

ဒီနေရာတွင် များပြားသောဂြိုလ်သားမျိုးနွယ်တွေရှိကာ သယ်ယူပို့ဆောင်သည့် ယာဉ်တွေကလည်း အများကြီးပင်။ အလကားကျွေးသည့် စားစရာနမူနာတွေ၊ အများပြည်သူသုံးအိမ်သာတွေနှင့် ဆိုင်တွေရှေ့မှာ ချထားသည့်ရေတွေအထိပါ ရှိလေသည်။ သူအသက်ဆက်ရှင်နိုင်ပြီး သူသာဒီမှာနေလိုက်မယ်ဆိုရင် ကမ္ဘာပေါ်က လူသားတစ်ယောက်ယောက်နှင့်ပါ တွေ့နိုင်သေးသည်။

အခွင့်အရေးကို အဆုံးရှုံးမခံတော့နိုင်ကာ လင်းယွိအချိန်မဆွဲပဲ လူရှုပ်နေသည်ကို အခွင့်ကောင်းယူပြီး ရထားလုံးပေါ်တွင် ပုန်းလိုက်လေတော့သည်။

ရထားလုံးက တံခါးကိုပိတ်လိုက်ပြီး စတင်ထွက်ခွာလေသည်။

လင်းယွိပတ်ပတ်လည်ကို သတိကြီးကြီးထားပြီး ကြည့်လိုက်လေသည်။ အန်းဒါးတကယ် နောက်ကလိုက်မလာဘူးပဲ။
ရထားလုံးလေးက နောက်တစ်ကြိမ်ရပ်လိုက်သည့်အခါမှာတော့ လင်းယွိ ဆင်းလိုက်တော့သည်။

ဤနေရာကြည့်ရတာ စားသောက်ဆိုင်တွေ၊ ဘားတွေနှင့် ပြည့်နေပြီး လင်းယွိ ဘားရဲ့ တံခါးဆီသို့ ချက်ချင်းပင် ချီတုံချတုံနှင့် လမ်းလျှောက်သွားလိုက်ကာ ဆိုင်ရှေ့က ရေထည့်ထားသည့် ဖန်ခွက်ကို ယူပြီးသောက်ကြည့်လိုက်လေသည်။ တော်သေးတာပေါ့၊ သူ့ကိုဘယ်သူမှ လာမတားကြပေ။

လင်းယွိ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး တစ်ယောက်ယောက်က စောင့်ကြည့်နေသည့် ခံစားချက်ကို ရုတ်တရက် ရလာလေသည်။

သူနောက်ပြန်ကြည့်လိုက်သော်အခါ အရပ်ရှည်ရှည်နှင့် ယောက်ျားလေးယောက်က သူ့နောက်တွင်ရပ်နေကြပြီး သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်နေကြတော့သည်။

သူတို့အားလုံးက တစ်ယောက်နှင့်တစ်ယောက် ရုပ်မတူကြပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ အကုန်လုံးတွင် ရွှေရောင်မျက်လုံးတွေ ရှိနေကြသည်သာဖြစ်သည်။
တစ်ချို့ အန်းဒါးကဲ့သို့ ဇက်မျိုးစပ်များသည် သူတို့၏ မျိုးရိုးကို သေချာမသိကြပဲရှိကာ၊ ထိုအထဲကမှ တစ်ချို့ကတော့ ဇက်ဗီဇက လုံးဝလွှမ်းမိုးခံထားရသည့်အတွက် လူလုပ်ဖယ်ရိုမုန်းတွေသာ မရှိလျှင် မမောနိုင်မပန်းနိုင်နှင့် အမျိုးသားပြည့်တန်ဆာထွက်ကာ ရှာကြသည်အထိပင်။

တစ်ချို့လူတွေကတော့ ရှင်းဝမ်တွင် အဖွဲ့တစ်ခုဖွဲ့လိုက်ကြသည်။

ယန့်ကျီဟန်တွေ့ခဲ့သည့် ပြည့်တန်ဆာခန်းက ဇက်မျိုးစပ်ကောင်တွေက  အခု အဖွဲ့အတူတူစုမိကြပြီး ဒီနေရာမှာ လာစုံကြခြင်းဖြစ်လေသည်။

သူတို့ လင်းယွိကိုတွေ့သွားဖို့ပင်မလိုပေ၊ လျှောက်လမ်းရဲ့ တစ်ဖက်ခြမ်းကနေ လင်းယွိအနံ့ကို လေထဲကရလိုက်ကာ ချက်ချင်းလွှမ်းမိုးခံလိုက်ရပြီး အနံ့နောက်ကို စိတ်အားထက်သန်စွာ လိုက်လာကြချင်းသာဖြစ်လေသည်။

အခုလို ဖယ်ရိုမုန်းအရောင်အဝါမျိုးက အကယ်၍ လင်းယွိသာ မြေကြီးပေါ်က ကျောက်ခဲတစ်လုံးဖြစ်နေပါစေဦး၊ သူတို့ ဒါကိုရဖို့ တိုက်ခိုက်ဖို့ကို ဝန်မလေးနိုင်ပေ။

လင်းယွိတစ်ယောက်တည်း ရှိနေသည်ကို မြင်လိုက်ရာ သူတို့ပျော်သွားကြပြီး သူတို့ကို အနောက်လှည့်ကြည့်လာသည့် လင်းယွိ၏ ပုံစံကိုပါ မြင်လိုက်ရာမှာတော့ သူတို့အံ့အားသင့်သွားကြတော့သည်။
ဒါ လုံးဝကို မိုက်တာပဲ။

ဒီလောကကြီးမှာ ဒီလောက်ပြီးပြည့်စုံတဲ့ ယောက်ျားလေးတစ်ယောက်က ရှိနေသေးတာပဲ။

“မဖြစ်နိုင်တာ…..ဒါတစ်ယောက်ယောက်ရဲ့ အရုပ်က လူပုံပြောင်းသွားတာလား?”

“……ဒါမှမဟုတ် ဈေးကွက်ထဲမှာ နောက်ထပ်ဖယ်ရိုမုန်းအသစ် ရောက်နေတာလား။”
“မဟုတ်လောက်ဘူး၊ အနံ့က လုံးဝမတူဘူး။ ဟင့်အင်း ယှဉ်ကြည့်လို့ကို မရဘူး။”

လင်းယွိနှင့် ယှဉ်ကြည့်လိုက်လျှင် ထိုလူဖန်တီးထားသည့် ဖယ်ရိုမုန်းတွေက အမှိုက်သာသာပင်။

သူတို့ လင်းယွိအနားသို့ လျှောက်သွားသွားချင်း ချိုမြသည့် ဖယ်ရိုမုန်းအနံ့က သူတို့ကို ပိုရှင်းရှင်းလင်းလင်း ဝန်းရံထားလိုက်တော့သည်။

သူတို့အခုလေးတင် လိင်ဆက်ဆံခဲ့ဦးတော့ သူတို့၏နှလုံးခုန်သံတွေက ချက်ချင်းကို မြန်လာကြတော့သည်။
ဆံပင်ရွှေအိုရောင်နှင့်လူက လင်းယွိ သောက်ထားသည့် ရေကိုကြည့်လိုက်ကာ သူကပါအမြန်သောက်လိုက်ပြီး အသံရှရှနှင့်ပြောလာလေသည်။
"ဟယ်လို၊ မင်း…..မင်းရေဆာနေတာလား? ငါတစ်ခုခု ဝယ်ပေးရမလား?”

လင်းယွိရေကို တစ်ချက်ကြည့်လိုက်သည်။ သူတစ်ဖက်ခြမ်းကနေ လူတွေကိုမြင်လိုက်ခါစက သူသတိထားမိသည်မှာ သူတို့၏မျက်လုံးတွေ မဟုတ်ပဲ သူတို့ထဲကတစ်ယောက်က လူသားနှင့် တူနေသည်ကိုပင်။ သို့သော် ထိုလူက ဥရောပနှင့် အမေရိကန်စပ်လိုမျိုး ဆံပင်ရွှေအိုရောင်နှင့် အပြာရောင်မျက်လုံးများ ရှိနေပေသည်။

ထို့ကြောင့် ဒီတစ်ခါမှာတော့ သူဆီကို သူတို့တွေ လမ်းလျှောက်လာကာ စကားပြောလာသည်ကိုမြင်ပြီး လင်းယွိ ပျော်လာလေသည်။

အရပ်ရှည်ရှည် ဆံပင်ရွှေအိုရောင်နှင့် လူမျိုးစပ်က သူပြောနေသည်ကို လုံးဝနားမလည်ပေ။ လင်းယွိ မည်သည့် ဘာသာစကားကိုသုံးပြီး ပြောနေသည်ကိုတောင် တွေးဖို့အချိန်မရှိနေပေ။ လင်းယွိရဲ့နှုတ်ခမ်းတွေကိုပဲ စိုက်သာကြည့်နေလေသည်။

ဒီရှုန်းဇီလေးက သူ့ကိုပြုံးပြတယ်ပေါ့၊ အဲ့ဒီ့အပြုံးကလည်း အရမ်းဆွဲဆောင်မှုရှိသေးသည်။ သူ့ကိုစကားတောင်ပြောလာကာ ဒီရှုန်းဇီလေး၏ အသံကလည်း အရမ်းကို ကောင်းနေသေးသည်။
သူ့ဘေးမှာရပ်နေကြသည့် သုံးယောက်သားသည်လည်း လင်းယွိ ဘာပြောနေသည်ကို မကြားကြရလေရာ သူတို့မြင်နေရသည်မှာ လင်းယွိက ဆံပင်ရွှေအိုရောင်နှင့် တစ်ယောက်ဘက်ကို တိုးကာစကားပြောနေသည်သာဖြစ်ပြီး ထိုအချင်းအရာကပင် ထိုကောင်လေးက သူနှင့်လာပြီး အီစီကလီလာလုပ်နေသလိုဖြစ်နေတော့သည်။

သူတို့စိတ်ထဲ မခံချင်လာကာ နောက်မှာ ကျန်မနေချင်တာနဲ့ အကုန်စုလိုက်ပြီး လင်းယွိကို ဘားထဲသို့ ခေါ်သွားကြပြီး သူအရသာခံနိုင်ရန် သောက်စရာမျိုးစုံကို မှာပေးကြတော့သည်။

လင်းယွိ ကူရာမဲ့လာသလိုဖြစ်နေသော်လည်း သူဒီလူတွေကနေ နောက်ထပ်ကမ္ဘာပေါ်က လူတွေကိုထပ်တွေ့ရမည့် မျှော်လင့်ချက်ကို မထားခဲ့ချင်သေးပေ။

သူ့ပါးစပ်ဆီ ဖော်ရွေစွာနှင့် ကမ်းလာသည့် သောက်စရာများကို တစ်ငုံလောက်ပဲ သောက်လိုက်ကာ တစ်ဖက်လူတွေထံ စကားအနည်းငယ်နှင့် လက်ဟန်ခြေဟန်တွေလုပ်ပြလိုက်သည်။

“မင်း ငါတို့ဘာတွေ ပြောနေလဲ နားမလည်ဘူးလား?” လင်းယွိဘာကို ပြောချင်နေလဲဆိုတာ ဆံပင်ရွှေအိုရောင်နှင့် တစ်ယောက်က မြန်မြန်နားလည်သွားတော့သည်။
အဲ့ဒါက ဘာကိုဆိုလိုတာလဲ? ဆိုလိုတာက ဒီကောင်လေးက နေရာလမ်းမှားနေကာ ဘယ်လိုပြန်မလဲ မသိတော့ဘူးဆိုတာပဲ! ဒါဆို သူက ပိုကြိုက်တာပေါ့။

လင်းယွိနား ထိုလူတွေက ဝိုင်းနေကြကာ ဆံပင်ရွှေအိုရောင်နှင့်သူဆိုလျှင် သူ့ပုခုံးပေါ်လက်တင်လာကာ သူ့နားထဲစကားတိုးတိုးလေးတွေ လာပြောလာသေးသည်။

လင်းယွိ မျက်မှောင်ကျုံ့လိုက်သည်။ ဒီလူရဲ့ လက်မောင်းတွေက လေးပြီး သူ့ကို အရမ်းကပ်လွန်းမနေဘူးလား။

ဒီအချိန်မှာလည်း သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသည်ကို ခံစားလာရကာ အရင်တစ်ခါနှင့် မတူသည်မှာ ဒီတစ်ကြိမ် စိုက်ကြည့်ခံနေရသည်က သူ့ကိုကြက်သီးတွေ ထလာစေကာ သူ့နောက်ကျောက မွေးညင်းတွေပါ တစ်ခုချင်း ထောင်လာကြသလိုပင်။

လင်းယွိ ဆံပင်ရွှေအိုရောင်နှင့် သူ၏လက်မောင်းကြားထဲကနေ ခက်ခက်ခဲခဲ သူ့ခေါင်းကိုလှည့်ကာ ကြည့်လိုက်ရာ သူ့တစ်ကိုယ်လုံးက သွေးတွေအေးသွားသလို ခံစားလိုက်ရတော့သည်။

သူ့နောက်မှာမက်တပ်ရပ်ကာ သူ့ကို စိုက်ကြည့်နေသူက ယန့်ကျီဟန်ဖြစ်နေလေသည်။

လင်းယွိ ယန့်ကျီဟန်ကို မမြင်ရသည်မှာ တစ်လလောက်ရှိနေပြီဖြစ်ရာ ဒီဗီလိန်ကောင်က ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း မေ့လုမတတ်ပင်။ သူကို ရုတ်တရက်မြင်လိုက်ရာ ဘေးက ရွှေအိုရောင်ဆံပင်နှင့်လူကို ကြောက်ကြောက်နှင့် တွန်းလိုက်ရာ အားအများကြီးသုံးလိုက်မိသဖြင့် တစ်ဖက်လူ ခုံပေါ်ကပါ ပြုတ်ကျသွားတော့သည်။

ထိုအချိန်ကျမှာသာ ဆံပင်ရွှေအိုရောင်နှင့် တစ်ယောက်က လင်းယွိတစ်ခုခု မှားနေမှန်းသိကာ အနောက်က ယန့်ကျီဟန်ကို လှည့်ကြည့်လိုက်တော့သည်။

ယန့်ကျီဟန် အကြည့်တွေက ဆံပင်ရွှေအိုရောင်မျိုးစိတ်၏ လက်က လင်းယွိ ခါးပေါ်ရှိနေသည်ကို ကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်စွန်းလေးက အပေါ်သို့တွန့်တက်သွားကာ ပြုံးလိုက်လေသည်။

ယန့်ကျီဟန် မီးခိုးပြာမျက်လုံးတွေနှင့် လင်းယွိထံအပြုံးတစ်ဝက်နှင့်ကြည့်လိုက်ကာ ထိုအကြည့်က သူ့ကျောကိုရေခဲတုံးတွေ ဖိသိပ်ထားလိုက်သလိုပင်။ သူ့ဦးရေပြားတွေပါ အေးလာပြီး ထုံလာကြကာ သူထသာ ထွက်ပြေးလိုက်ချင်တော့သည်။

သူ ယန့်ကျီဟန်ရဲ့ ဒီလိုကြောက်ဖို့ကောင်းတဲ့ မျက်နှာမျိုးမမြင်ဖူးဘူးဆိုတာ ကျိန်ဆိုကျိန်ပြလိုက်ချင်သည်။

ယန့်ကျီဟန်ကို မျက်နှာချင်းဆိုင်မိသွားသည့် ဆံပင်ရွှေအိုရောင်နှင့်လူပါ အနည်းငယ်စိုးရိမ်လာကာ၊ သူခေါင်းကို ပြန်လှည့်လိုက်ပြီး အကြောက်လွန်ကာ ဖြူဖျော့နေသည့် လင်းယွိကို ပြန်ကြည့်လိုက်ကာ၊ သူလည်းမတတ်သာပဲ ရှေ့ကနေရပ်လိုက်ကာ
"မင်းဘယ်သူလဲ? သူမင်းကို မကြိုက်တာသိသာနေတာကို၊ သူကမင်းရဲ့လူမဟုတ်ဘူးဆိုရင်၊ ငါတို့ကြားလာမရှုပ်စမ်းနဲ့။”

သူပြောလိုက်သည်ကို ကြားကြားချင်း ယန့်ကျီဟန် ထိုလူတွေနောက်မှာ ပုန်းနေသည့်လင်းယွိကိုတွေ့လိုက်ကာ ရီလိုက်လေသည်။
“ဟ!”

သူ့ကို အမဲမလိုက်ခင်ကတော့ သူ့မျက်နှာကို လျက်နေဦးမှာပေမဲ့! အခုတော့ တစ်ခြားတစ်ယောက်ကို အလုပ်အကျွေးပြုခိုင်းစေချင်ပြီပေါ့၊ အဲ့လိုပုံလေးနဲ့လေ။

ပိုးကောင်တစ်ကောင်ကတော့ ထင်ထားသလိုပါပဲ။

လူတွေကို တစ်ကယ် …..ဒေါသထွက်အောင် လုပ်တတ်တာပဲ။


ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)Where stories live. Discover now