Extra - 1
ဥလေးကမွေးလာတာနဲ့ အပြင်အကာက အဖြူရောင်လေးနှင့် နူးညံ့နေပေမဲ့ နောက်ဆုံးစက်ထဲထည့်ထားလိုက်တဲ့ အခါမှာတော့ အပြင်အခွံလေးက မာသထက်မာလာကာ ရွှေရောင်ဖျော့ဖျော့လေးသို့ ပြောင်းသွားတော့သည်။
လင်းယွိနေ့တိုင်း ထိုကလေးလေး၏ အကာလေးဆီ အာဟာရရည်ထည့်ပေးနေတာကြောင့် အခုဆိုဥလုံးလုံးလေးက မွေးကာစထက်ပင် ကြီးလာတော့သည်။
လင်းယွိစက်ဘေးနားမှာ မှီထိုင်လိုက်ကာ ဆေးရည်ထည့်ပေးနေလိုက်ပြီး ကလေးလေးကိုသာ စကားပြောနေလိုက်လေသည်။ ဆရာဝန်ပြောတာအရတော့ ဒီလိုနည်းနဲ့ဆို ကလေးလေးနဲ့ ပိုပြီးကောင်းတဲ့ ဆက်ဆံရေး တည်ဆောက်လို့ရတယ် ဆိုတာကြောင့်ပင်။
“ဆရာဝန်ပြောတာတော့ ဖေဖေ့ကလေးလေးကို မကြာခင်ဝပ်လို့ရပြီတဲ့။ အဲ့ဒါမှ ကလေးလေးက ပိုအားသန်မာလာပြီး နောက်ဆုံးဥလေးကို သူ့ဟာသူခွဲပြီး ဖေဖေ့ကိုတွေ့လို့ရမှာတဲ့။”
လင်းယွိ ထိုအခြေအနေလေးကို မျှော်လင့်နေတုန်းပင်၊ သူစကားပြောနေလို့ပြီးတာနှင့် အပြင်ကနေ တံခါးခေါက်သံကို ကြားလိုက်ရတော့သည်။
ယန့်ကျီဟန် ပြန်လာပြီ။
လင်းယွိပြုံးလိုက်ရင်း သူ့ကိုနှုတ်ဆက်လိုက်ကာ၊ “ကလေးလေးကို တွေ့ချင်သေးလား?”
ယန့်ကျီဟန် ခဏရပ်လိုက်ကာ
“မကြည့်တော့ဘူး။”
ကလေးက အခုထိ ဥလေးပဲမဟုတ်သေးဘူးလား? ထိုအစား သူ့ရှေ့ကလင်းယွိကိုသာ ဆွဲယူလိုက်ကာ လက်မောင်းတွေကြားထဲဖက်ထားလိုက်ပြီး တစ်ကိုယ်လုံးမှီထားကာ လင်းယွိအနံ့လေးတွေကို ရှူရှိုက်နေလိုက်သည်။
လင်းယွိ ရယ်သာ ရယ်နိုင်တော့သည်။
သူကတော့ ယန့်ကျီဟန်တစ်ယောက် ကလေးလေးမွေးပြီးတာနဲ့ သူ့ကိုမလိုချင်တော့မှာကို စိုးရိမ်နေခဲ့ပေမဲ့ ကြည့်ရတာဘာမှ စိုးရိမ်စရာမရှိသည့်ပုံပင်။
ယန့်ကျီဟန်သူ့ကို ပြန်ကြည့်လာကာ
“ဘာရယ်နေတာလဲ?”
“မင်းကငါ့အနံ့ကို ခံနေပေမဲ့ ငါ့အထင်တော့ မင်းလည်းမွှေးနေသလားလို့။”
လင်းယွိမှီလိုက်ရင်း
“နို့နံ့လေးလို့ပဲ။”
ယန့်ကျီဟန်မျက်နှာက ပြောင်းလဲသွားကာ အနည်းငယ်ပင် နီရဲလာတော့သည်။ သူ့လက်မောင်းထဲက လူကိုလွှတ်လိုက်ကာ ခပ်သုတ်သုတ်ထသွားလေသည်။
“ဒါဆို ငါအရင်ရေချိုးလိုက်ဦးမယ်။”
လင်းယွိ သူ့နောက်ကို အမှီလိုက်လိုက်ကာ
“ဟင် ဘာဖြစ်လို့လဲ? နေရတာ တစ်ခုခု အဆင်မပြေလို့လား?”
ဥတွေဝပ်ခါနီး အချိန်ရောက်ပြီဆို ယန့်ကျီဟန်နို့ထွက်နှုန်းက ပိုပိုဆိုးလာတတ်သည်။ ဒါက သူ့အလုပ်ကို ထိခိုက်စေတာကြောင့် သူသိပ်တော့မပျော်ပေ။
သူ့ကိုလင်းယွိမေးလာပေမဲ့ ပြန်လည်းမဖြေချင်ပေ။
လင်းယွိသူ့ကို ခါးကနေသာ ဖက်ထားလိုက်ကာ ညင်သာသောအသံလေးနှင့်သာ ပြောလိုက်လေသည်။
“ငါ့ကိုပြပါဦး”
ယန့်ကျီဟန် သူ့ကို အသာလေးတွန်းထုတ်လိုက်နိုင်ပေမဲ့ လင်းယွိကိုပြန်ကြည့်လာကာ နာခံစွာနေရာမှာပဲ ရပ်နေလိုက်လေသည်။
လင်းယွိ စစ်ယူနီဖောင်းကို ကြယ်သီးဖြုတ်လိုက်သည်နှင့် ပိုမွှေးသည့်အနံ့သင်းသင်းလေးက ရုတ်ခြည်းထွက်လာလေတော့သည်။ ပြီးတော့ အဝတ်တွေရဲ့ တချို့အောက်နားလေးတွေဆိုရင် အနည်းငယ်ပင် စိုနေကြသေးသည်။
“ဘယ်လိုလုပ်”
အခုလို စိုက်ကြည့်ခံနေရတာနဲ့တင် ယန့်ကျီဟန် သူ့ပတ်ပတ်လည်မှာ လေတွေတိုက်နေတာကို ခံစားနေရပြီး ပိုပိုရှက်လာတော့သည်။ လင်းယွိကို သူ့ကိုထပ်မထိတော့ဖို့ ပြောချင်ပေမဲ့ ထိုအစား ပိုဆိုးလာတော့သည်။
လင်းယွိအတော်ကြာ စိုက်ကြည့်နေလိုက်ကာ နောက်ဆုံးမျိုချလိုက်ပြီး နေရာကနေရွှေ့ပေးလိုက်လေသည်။
“ဒီလောက်ဆိုးနေတာကို မင်းအဆင်မပြေမဖြစ်ဘူးလား? ငါကူညီပေးပါရစေ။”
ယန့်ကျီဟန်ခြေထောက်တွေက နုံးကျသွားကာ သူ့စိတ်တွေဆို ဗလာတွေဖြစ်ကုန်ကြပြီး စကားတွေကပါ ပြောင်းလဲလာသလိုပင်။
--
လင်းယွိဒီမနက် ကလေးလေးကိုတွေ့ဖို့သွားတော့ ထိုဥလေးက ထိုလက်ဖဝါးပေါ်မှာတင် ရွေ့လာတာကို ခံစားမိလိုက်လေသည်။
သူဥလေးကို အပြင်ထုတ်လိုက်ကာ ပွတ်သပ်ပေးနေလိုက်ပြီး သူစကားပြောလိုက်တိုင်း ဥလေးကလှုပ်လာသည်မှာ မသိရင် သူ့ကိုတုန့်ပြန်နေသည့်အတိုင်းပင်။
လင်းယွိ ထင်တဲ့အတိုင်းဆို ဥလေးကပေါက်လာတော့မည်ထင်သည်။
သူကြောက်လည်းကြောက် အံ့လည်းအံ့ဩနေကာ ဥလေးကိုပဲ အချိန်ပြည့်ကိုင်နေလိုက်၊ ဦးနှောက်အသေးလေးနားသွားကာ အလုပ်လုပ်လိုက် လုပ်နေရင်း နောက်ဆုံး ဦးနှောက်အသေးလေးကိုသာ စက်နားရွှေ့ကာ နေလိုက်တော့သည်။
နေ့ခင်းရောက်သည်အထိ သူ့မှာဒီအကြောင်း ပြန်ပြောပြစရာ လူမရှိတာကြောင့် လက်မောင်းကြားထဲ ဥလေးကို ခွေးပေါက်လေးတစ်ကောင်လိုသယ်ကာ ယန့်ကျီဟန်ရုံးခန်းဆီ ထွက်လာခဲ့လိုက်လေသည်။
သူတံခါးကို တွန်းဖွင့်ကာဝင်လိုက်သည်နှင့် ယန့်ကျီဟန်ကလည်း သူ့ကိုတွေ့ဖို့ထွက်လာတော့မလို လုပ်နေတာကြောင့် ပြုံးပြလိုက်လေသည်။
ယန့်ကျီဟန် သူ့လက်မောင်းကြားထဲကြည့်လာကာ၊ “…ဘာလို့ဥကို ကိုင်ထားတာတုန်း?”
လင်းယွိပြုံးပြလိုက်ရင်း
“ငါ့အထင် ကလေးလေးထွက်လာတော့မယ်ထင်တယ်! ငါဒါကို လွတ်သွားမှာစိုးလို့။”
ယန့်ကျီဟန် ဥလေးကို စိုက်ကြည့်လာပြန်လေသည်။
ကြည့်ရတာတော့ အခုထိဥပါပဲ။
ယန့်ကျီဟန်လင်းယွိကိုပဲ ပြန်အာရုံစိုက်နေလိုက်ကာ၊ “ဗိုက်ဆာနေပြီလား?”
“အင်းစားတာပေါ့။”
လင်းယွိအာရုံက ဥလေးအပေါ်ပဲ ရှိနေကာ ယန့်ကျီဟန်လက်ကို ကိုင်ထားရင်း သူ့ကိုပင် ကလေးလေးထွက်လာတာကို အတူတူစောင့်နေနိုင်မလား မေးလာသေးသည်။
ယန့်ကျီဟန်ဥလေးကို ခဏလောက်ကြည့်နေလိုက်ကာ ပြီးတာနဲ့ လင်းယွိကိုပဲ ပြန်ကြည့်လာပြန်လေတော့သည်။
လင်းယွိ သူ့အကြည့်တွေကို သတိထားမိတာကြောင့် ပြုံးလိုက်ကာ
“ဘာဖြစ်လို့လဲ?”
“တစ်ခုခု အရင်စားလိုက်ဦး။ အချိန်မှီလည်း စားရမယ်လေ။ ပြီးတော့ မင်းဒီရက်ပိုင်း သိပ်လည်းမစားဘူး။ ဘာစားချင်တုန်းပြောဦး?”
“အမ်”
လင်းယွိပုံမှန်လို ပြောလိုက်ပေမဲ့ တစ်ခုခုတွေးမိလိုက်ကာ ယန့်ကျီဟန်ရင်ဘတ်ကိုကြည့်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းလေးက တွန့်ကွေးလာပြန်လေသည်။
သူ့နားနားကပ်လိုက်ကာ တီးတိုးပြောလိုက်လေသည်၊ “ငါဒီရက်ပိုင်း ခဏခဏစားဖြစ်နေတာ ဘာပါလိမ့်?”
ယန့်ကျီဟန် သူ့အပြုံးကိုကြည့်လာကာ ဘာမှပြောမလာပဲ အဝတ်တွေကို စချွတ်နေလေတော့သည်။
သူ၊ သူ၊ သူက ဒီအတိုင်းစလိုက်တာလေလို့….သူစားချင်တာ အဲ့ဒါမဟုတ်သေးဘူးလေ!
ခုတော့ ကြောင်တောင်တောင်ဖြစ်သွားရသူက လင်းယွိဖြစ်သွားတော့သည်။
ယန့်ကျီဟန်ကတော့ အဝတ်တွေကို အေးဆေးချွတ်နေကာ လင်းယွိပေါင်ပေါ်က ဥလေးကိုဘေးပို့လိုက်ပြီး လင်းယွိကို သူ့လက်မောင်းတွေကြားထဲ ပို့ထားလိုက်လေသည်။
ဥလေး : …..? ?
လင်းယွိခုတော့ နို့နံ့ဆွဲဆောင်ခံလိုက်ရကာ ဥလေးကို အာရုံမစိုက်နိုင်တော့ပေ။
“အဲ့ဒါက ထပ်ဖြစ်ပြန်ပြီ။ ဒီမနက်တင် မဟုတ်တော့ဘူး….”
“ဒီနားလေး…”
လင်းယွိပါးစပ်အပြည့် ငုံလိုက်ကာ ရယ်ပဲရယ်နေလိုက်တော့သည်။
“ကြည့်ရတာ ငါကမင်းနို့ရည်အိတ်ဖြစ်သွားသလိုပဲ။”
ယန့်ကျီဟန် သူ့နှုတ်ခမ်းပါးပါးတွေကို တင်းနေအောင်သာ စိထားရင်း သူ့ကိုစိုက်ကြည်လာကာ
“မြန်မြန်လုပ်စရာရှိတာလုပ် ပြီးရင်စားတော့…”
လင်းယွိ သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ကာ အသုံးဝင်တဲ့ နေရာတစ်ခုမှသာ အသုံးချလိုက်တော့သည်။
“မာရှယ်?”
ရုံဝမ်ဝင်လာကတည်းက မာရှယ့်ကိုမတွေ့တာမလို့ အခန်းတံခါးကို တွန်းဖွင့်လာကာ အခန်းထဲဝင်လိုက်သည်နှင့် တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် နေရာမှာ တောင့်နေတော့သည်။
သူတွေ့လိုက်ရတာက အဲ့လင်းယွိက မာရှယ့်အဝတ်တွေကြားထဲ ခေါင်းကမြုပ်နေတာတဲ့။ သူဘာလုပ်နေလဲ မသိပေမဲ့ သူကရော ဘာတွေမြင်လိုက်ရတာလဲလို့! ?
ယန့်ကျီဟန်ကတော့ တစ်ဖက်က တံခါးတွန်းဖွင့်သည့်အသံကို ကြားလိုက်ရသည်နှင့် အဝတ်တွေကို ယူလိုက်ကာ လင်းယွိခေါင်းပေါ် အုပ်ပေးထားလိုက်လေသည်။ ပြီးတာနှင့် ရုံဝမ်ကိုအေးစက်စက်ကြည့်လာလေသည်။
ရုံဝမ်လှည့်ထွက်လာကာ ကြောက်လန့်တကြားထွက်ပြေးလေတော့သည်။ “အားးးးးးးးးးးးးးးးးးးးးးးးးးးးး”
ယန့်ကျီဟန်နဖူးပေါ် လက်တင်လိုက်ကာ
“ချီးပဲ၊ အရူးကောင်….”
သူ့အဖွဲ့ထဲမှာ အဲ့လိုလူရှိနေရတာတုန်း။ သူ့ကိုခုချက်ချင်းတောင် အလုပ်ကထုတ်ပစ်ချင်လာပြီ။ နောက်ထပ် အန္တရာယ်ရှိတဲ့ မစ်ရှင်ဆယ်ခုလောက် လုပ်ခိုင်းရမယ်!
--
လင်းယွိ တစ်နေ့ခင်းလုံး စောင့်နေတာတောင်မှ ကလေးလေးက ထွက်မလာသေးပေ။
ညနေရောက်တာတောင် လင်းယွိအရှုံးမပေးသေးပေ။ ဒီကလေးလေးက အချိန်မရွေး ဥကိုခွဲပြီး ထွက်လာနိုင်တာကြောင့် အိပ်ယာထဲသွားရင်တောင် ဥလေးကိုသယ်ကာ ယူသွားလေသည်။
“ထွက်လာတော့နော်။ ဖေဖေစောင့်နေတယ်။”
လင်းယွိလက်မောင်းနားလေး တိုးကာလက်ကိုဥလေးပေါ် တင်ရင်းပွတ်ပေးနေလိုက်လေသည်။
“မေမေက ကလေးလေးကို သိပ်စကားမပြောပေမဲ့ ကလေးလေးကို သိပ်ချစ်တာသိလား။ သူကအဲ့လို နေတတ်ရုံတင်ပါ၊ အင်း အရမ်းလည်း ချောတာ။”
“ကလေးလေးမေမေကလေ ဖေဖေ့ကိုချစ်တယ်ပြောဖူးတယ်သိလား။ အဲ့ဒါ ကလေးလေးမွေးလာတုန်းကပေါ့။”
“ဂြိုလ်ပေါ်မှာ မေမေဆောက်ပေးထားတဲ့ အိမ်ကလည်းပြီးပြီတဲ့၊ ကလေးလေးထွက်လာတာနဲ့ အတူတူသွားကြမယ်နော်။”
“မေမေက ကလေးလေးကို လင်းဟန်လို့နာမည်ပေးထားတယ်၊ ကြိုက်ရဲ့လားဟင်?”
“ထွက်လာတုန်းက ဘယ်လောက်တောင်မေမေနဲ့ နီးနီးကပ်ကပ်ရှိနေခဲ့တာပါလိမ့်။”
….
ယန့်ကျီဟန်အိပ်ခန်းထဲ ဝင်လာသည်နှင့် လင်းယွိကဥလေးကိုကိုင်ကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။
လင်းယွိ အိပ်နေသည့်ပုံလေးကို ကြည့်လိုက်ကာ ပြုံးလိုက်ရင်း လက်ကြားထဲက ဥလေးကိုသယ်လိုက်ကာ အနွေးခံသည့်စက်လေးထဲ ပြန်ထည့်ထားလိုက်လေသည်။
ဥလေး : ……….
ယန့်ကျီဟန်စောင်ကို မလိုက်ကာလင်းယွိဘေး ဝင်လှဲလိုက်လေသည်။ လင်းယွိအိပ်ချင်မူးတူးနှင့် နိုးလာကာ သူ့ကိုပြန်မေးလာလေသည်။
“ကလေးလေးထွက်လာပြီလား?”
“ဟင့်အင်း။”
ယန့်ကျီဟန်သူ့ကို မထစေချင်သည့်အလား ဖက်လာကာ
“မနက်ဖြန်မနက်မှ ကြည့်ကြည့်ရအောင်။”
လင်းယွိခဏလောက် တွေဝေနေပေမဲ့ ယန့်ကျီဟန်လက်မောင်းတွေကြားထဲ ပြန်ဖိခံလိုက်ရကာ
“ဒါပေမယ့်…”
“အိပ်တော့။”
လင်းယွိ ဥလေးကို ဖက်ထားကာကြည့်နေချင်သေးပေမဲ့ အိပ်ချင်လာရမည့်အစား ယန့်ကျီဟန်လက်မောင်းတွေထဲ မြုပ်နေကာ ဆက်လည်းမအိပ်ချင်တော့ပေ။
ထိုအစား မကြာမီမှာပင် သူ့နှာခေါင်းက နို့နံ့နောက်ပုံမှန်လို လိုက်အနံ့ပင်ခံလိုက်ကာ နောက်ဆုံးနေရာကိုတွေ့တာနှင့် ပါးစပ်ထဲ ထပ်ထည့်ထားပြန်လေတော့သည်။
ယန့်ကျီဟန် : “….”
ဒါတဖြည်းဖြည်းနဲ့ များလာသလိုပဲ။
မုန့်လိုကို သဘောထားနေတော့တာပဲ။
လင်းယွိခဏလောက် စို့ပြီးတာနှင့် ထပ်မစို့တော့ပဲ မျက်လုံးတွေမှိတ်ကာ အိပ်ပျော်သွားပြန်လေသည်။
ယန့်ကျီဟန် : “…"
အကုန်စို့ပြီးတာနဲ့ အခုဆို သူဟိုဘက်ဒီဘက်ရွှေ့ဖို့တောင် မသိတော့ပေ။
ယန့်ကျီဟန်အသက်ရှုသံက မြန်ဆန်နေပေမဲ့ နောက်ဆုံးတော့တွေဝေနေသည့်ကြားက ဆုံးဖြတ်ချက်ချလိုက်ကာ နီရဲနေသည့်မျက်နှာနှင့် လင်းယွိခေါင်းကို တွန်းလိုက်လေသည်။
လင်းယွိ ထပ်နိုးလာတာနှင့် ယန့်ကျီဟန်၏ သိပ်မကောင်းသည့် မျက်နှာအမူအရာကြောင့် သူလုပ်ခဲ့တာကိုပြန်တွေးလိုက်ကာ တောင်းပန်ဖို့ပြင်နေတုန်းမှာပင် နောက်ထပ်ချိုချဉ်တစ်ခုက သူ့ပါးစပ်ထဲ ရောက်လာတော့သည်။
လင်းယွိပျော်သွားကာ သူ့နှလုံးသားကပြောလာသလို လုပ်လိုက်လေတော့သည်။
“ဇနီးလေးရေ။”
ယန့်ကျီဟန် တောင့်သွားကာ မျက်ခုံးတွေကို ပင့်လိုက်ရင်းမေးလာလေသည်။
“ဘယ်လိုခေါ်လိုက်တယ်…”
လင်းယွိ သူ့ပါးစပ်ထဲကဟာကြောင့် တွေဝေနေပေမဲ့ “ငါ့ချစ်ဇနီးလေး…”
ယန့်ကျီဟန် ရှက်သွားကာ အတန်ကြာဘာမှပြောမလာတော့ပေ။
လင်းယွိပြုံးလိုက်ကာ သူ့ကိုတင်းကျပ်နေအောင်ပင် ဖက်ထားလိုက်ပြီး
“ငါ့ချစ်ဇနီးလေး။”
နှစ်ယောက်သားခဏအကြာ ဖက်နေပြီးတဲ့အခါမှာတော့ လင်းယွိအိပ်ယာဘေးက စားပွဲပေါ်ကနေ အကာအကွယ်ကို လှမ်းယူလိုက်လေသည်။
ယန့်ကျီဟန် ပါးစပ်ထောင့်စွန်းတွေက တွန့်ကွေးသွားကာ သူသိချင်စိတ်နှင့် မေးလာတော့သည်။
“မအိပ်တော့ဘူးလား?”
လင်းယွိသူ့ကို ပြန်နမ်းလာကာ အနောက်က အမြီးလေးကမသိရင် လှုပ်နေသယောင်ပင်
“ငါမအိပ်ချင်တော့ဘူး။”
“….အဆင်ပြေလားဟင်?”
ယန့်ကျီဟန်ခေါင်းညိတ်ကာ သဘောတူတော့မည့် အချိန်မှာပင် လင်းယွိကိုယ်က ရုတ်တရက်ရပ်သွားကာ
“တစ်ခုခုကြားလိုက်လား?”
“ဟမ်။”
ယန့်ကျီဟန် ဘာမှ ပြန်တုန့်ပြန်မလာပေ။
“ဒါအနွေးခံတဲ့ စက်လေး စမှတ်တမ်းတင်တဲ့ အသံပဲ။”
လင်းယွိပျော်နေကာ ဘာမှတောင်မတွေးတော့ပဲ စက်လေးနားသွားကာ
“ကြည့်ရတာ ကလေးလေးထွက်လာတော့မယ်ထင်တယ်။”
ယန့်ကျီဟန် : “…..”
လင်းယွိအပြေးသွားသည်နှင့် ဥလေးကလည်း လှုပ်နေတာကို မြင်လိုက်ရကာ ယန့်ကျီဟန်ကို လက်ယမ်းပြလာတော့သည်။
“လာဦး၊ လာဦး။”
ယန့်ကျီဟန် ဘာမှရွေးချယ်စရာမရှိတော့ပဲ ကလေးလေးအခွံခွဲကာ ထွက်လာမှာကိုသာ စောင့်ကြည့်ပေးနေလိုက်သည်။
ရွှေရောင်ဖျော့ဖျော့ဥလေးက ဘယ်ညာယိမ်းနေကာ လင်းယွိဆီသို့ တိုးလာသလိုပင်။ စက်၏ဖန်ကာနားလေး ကပ်နေတော့သည်။
လင်းယွိထိုင်ချလိုက်ကာ ဥလေးကိုကြည့်နေလိုက်ပြီး ဖန်အကာနားလေးကို ထိနေလိုက်ရင်း ဂရုတစိုက်ကြည့်နေလိုက်သည်။
“ဖေဖေရှိတယ်နော်။ ကလေးလေးမြန်မြန် ထွက်လာခဲ့တော့။”
လင်းယွိ မျှော်လင့်ထားသလိုပင် ဥခွံလေးက အထဲကနေအကန်ခံလိုက်ကာ မကြာခင်အက်ကြောင်းရာလေးပေါ်လာတော့သည်။
လက်ညိုးတစ်ချောင်းက ထိုအက်ကွဲရာကြားကနေ ထွက်လာကာ ဥခွံကိုနောက်တစ်ကြိမ် ထပ်ထိုးပြန်တော့သည်။
လင်းယွိ ယန့်ကျီဟန်လက်ကို ကြောက်ကြောက်နှင့်ကိုင်ထားလိုက်ကာ မကြာမီအလွန်လှပသည့် ကလေးလေးတစ်ယောက် ဥခွံထဲကနေ ထွက်လာတာတွေ့လိုက်ရတော့သည်။
ထိုကလေးလေးက မွေးကင်းစလူကလေးလေးတွေလို အရွယ်အစားရှိပေမဲ့ သူကတော့ဖွံ့ဖြိုးနေပြီးသားဖြစ်ကာ ကျောဘက်ကနေ အတောင်ပံလိုအသားလုံးလေးပင် ထွက်နေသေးသည်။ ပြီးတော့ အကြေးခွံလေးတွေ ကာထားသည့် အမြီးလေးပါ ပါရှိသေးသည်။
ကလေးပေါက်စလေး၏ ရွှေရောင်မျက်လုံးလေးတွေက ဝိုင်းစက်နေကာ ပတ်ပတ်လည်ကို စူးစမ်းလိုက်ကြည့်နေရင်း နောက်ဆုံး ယန့်ကျီဟန်နှင့်လင်းယွိကြား ကြည့်ပြီးတဲ့အခါမှာတော့ လင်းယွိဆီ ပြေးကပ်လေတော့သည်။
သူ့လက်သေးသေးလေးတွေကို ဆန့်တန်းလာကာ အမြီးသေးသေးလေးကိုပင် အပေါ်အောက်အတော်ကြာ ယမ်းနေပြီး ချစ်ဖို့ကောင်းသည့် အပြုံးလေးနှင့်ပါ ပြုံးပြလာသေးသည်။
“ဒိုင်းညှောင့် ဖေဖေ။”