Chapter 10

4K 495 4
                                    

အပိုင်း - ၁၀

နောက်ထပ်နောက်၂ပတ်အထိ လင်းယွိ ယန့်ကျီဟန်ကို ထပ်မတွေ့ရပေ။

သူ့ဘက်ကနေ တမင်ရှောင်နေတာမဟုတ်ပဲနှင့် ယန့်ကျီဟန်ကိုက ပြန်မလာတာဖြစ်သည်။ ထိုလူ့အခန်းထဲက အလင်းက အခုတလော မလင်းလာပေ။

လင်းယွိအများကြီးလည်း တွေးမနေပေ။ သို့သော် သူကတော့ ယန့်ကျီဟန်ဒီမှာ တစ်ကယ်နေတာမဖြစ်နိုင်ဘူးဟုသာ တွေးထားလိုက်သည်။

သူပြောပါတယ် ယန့်ကျီဟန်လိုလူက သူ့အခန်းနားမှာ သူ့ကိုနေခိုင်းမယ်တဲ့လား။
တစ်ခုတည်းသော ပြဿနာက ယန့်ကျီဟန်မရှိသည်နှင့် ဘယ်သူမှ ရောက်မလာကြတော့တာပင်။ ပြီးတော့ တံခါးကိုလည်း သော့ခတ်ထားရာ သူလည်း ထွက်မရတော့ပေ။

လင်းယွိ နှစ်ပတ်အတွင်းမှာ သက်ရှိနဲ့တူတဲ့လူဆိုလို့ တစ်ယောက်လေးကိုတောင် မတွေ့ရသေးပေ။

ကံကောင်းစွာနဲ့ အစားအသောက်တွေက အချိန်မှန်ပေါ်လာတတ်ပြီး သူလေ့လာနေဆဲ ဦးနှောက်အသေးလေးနှင့်လည်း တော်တော်များများသိလာလေသည်။ လင်းယွိ ဖန်နှင့်တူသည့် ကြီးမားသည့်စခရင်က ဘာမှန်းလည်း ထပ်သိလာသေးသည်။ သူထိုအရာကို ဖွင့်လိုက်တာနှင့် အာကာသယာဉ်အပြင်ဘက်က ရှုခင်းတွေကို ကြည့်နိုင်လေသည်။

“ပြတင်းပေါက်”ကနေတစ်ဆင့် သူမြင်ရသည့်အတိုင်းဆိုရင်တော့ သူတို့တွေ မီးခိုးရောင်တစ်ဝက် အဝါရောင်တစ်ဝက်နှင့် ဂြိုလ်ပေါ်တွင် ရပ်ထားသည်မှာ ရက်အနည်းငယ်တော့ ရှိပြီဖြစ်သည်။

သို့သော်လည်း အချိန်အတော်များများကိုတော့ လင်းယွိဦးနှောက်အသေးလေးကနေ ဘာသာစကားလေ့လာရင်းသည်ကိုသာ အာရုံစိုက်နေတတ်သည်။

သူထိုဦးနှောက်အသေးလေးကနေ ဗီဒီယိုတွေကို ကြည့်လို့ရမည့် အိုင်ကွန်လေးကိုလည်း တွေ့ထားသေးသည်။ ထိုအထဲကမှ ကလေးနှင့်ပညာရေးလိုင်းကို နှိပ်ကာကြည့်လိုက်ပြီး နောက်ဆုံးတော့ သူကြယ်အစုအဝေးသုံး ဘာသာစကား၏ စည်းမျဉ်းစည်းကမ်းများကို သိလာရတော့သည်။

သို့သော် လင်းယွိမသိထားသည်မှာ…….သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်သည့်ခလုတ်လေးကို ပိတ်မထားလျှင် အမြဲပွင့်နေမည်ဆိုတာကိုပင်။

“အားးးးးးးးးးးးးးးးးးးးးးးးးးးးး ?”
“ဒါက အတုအယောင်မလား”

“အတုမဟုတ်ဘူးနော်။ ငါအဖွဲ့ချုပ်ရဲ့ ဒေတာဘေ့စ်ကို သွားစစ်ကြည့်လိုက်သေးတယ်။ သူဖွင့်ထားတဲ့ အကောင့်နဲ့ စိတ်စွမ်းအင်ကို စစ်သွားတဲ့အဆင့်သတ်မှတ်ချက်တွေရော အချိန်ရောကအစ အစစ်ပဲ။ အဲ့တော့ အဲ့ဒါကစခရင်ကို တစ်ယောက်ယောက်က မှတ်တမ်းပြန်ယူနေတာမဟုတ်ပဲနဲ့ တစ်ကယ်ကြီးသူသုံးနေတာဟ။”

ဒေတာဘေ့စ်သည် အထောက်အထားအသေအချာမရှိသော်လည်း ဝင်ရောက်သုံးယူဖို့က လည်းမလွယ်ပေ။ ကောမန့်တွေလည်း ခဏလောက်ငြိမ်ကုန်ကြကာ တစ်ကယ်လို့ တစ်ယောက်ယောက်ကသာ ထပ်ပြီးမရေမရာဖြစ်နေဦးတော့ ဘယ်သူမှလည်း မငြင်းရဲကြတော့ပေ။

အတော်ကြာမှာတော့ တစ်ယောက်ယောက်က ပြန်ဖြေလာသည်။ “တစ်ကယ်လို့သာ Cဆိုရင်၊ ဒါက တော်တော်ကို လေ့ကျင့်ခဲ့တာများလို့နေမယ်၊ အဲ့ဒါကြောင့် အဲ့လောက်မြန်နေတာများလား။”

“သူ့အတွက်က အဲ့လိုမျိုးလုပ်ဖို့က လိုရောလိုလို့လား? ငါဒါကို ရက်အတော်ကြာကြည့်နေတာ ငါထင်တာတော့ သူ့ကိုယ်သူတောင် တိုက်ရိုက်လွှင့်နေတာကို သိတဲ့ပုံမပေါ်ဘူးနော်။”
“အဲ့ဒါက ဖြစ်နိုင်မလားဟ၊ သူ့က ရူးလောက်တဲ့ အလှရှိနေပါစေဦး သူကိုယ်တိုင်က အဲ့လောက်တော့ မတုံးသင့်ဘူးလေ…..”

လင်းယွိ အသီးအရသာရှိသည့် သေးငယ်သည့်ကုဗတုံးလေးတွေကို စားပြီးသည့်နောက်မှာတော့ စခရင်ပေါ်က ဗီဒီယိုက အဆုံးသတ်သွားလေတော့သည်။

သူထပ်နှိပ်လိုက်သော်လည်း နောက်တစ်ခေါက် ထိုဂိမ်းအိုင်ကွန်က ပေါ်လာတော့သည်။

စာလုပ်ရတာ ပင်ပန်းလာကြရင် ဂိမ်းလေးဆော့တတ်ကြတာပဲကို၊ လင်းယွိ ဤမျှသာ ရုပ်တည်နှင့် တွေးလိုက်သည်။

ဂိမ်းက နည်းနည်းတော့ ပျင်းဖို့ကောင်းပေမဲ့ သူအခုထိ ဆော့လို့မပြီးသေးပေ။

ကောမန့်ရေးသည့် နေရာက သူ့အတွက်စိတ်တွေအလွန် လှုပ်ရှားနေကြတော့သည်။

“ရုတ်တရက်ကြီးကိုလေ၊ လာပြီဟေ့၊ အဲ့ဒါ ထပ်လာပြီဟ!”

“စခရင်ကို မှတ်တမ်းတင်ထားကြ။”
“???? ငါအခုထိ မှတ်တမ်းတင်တာကို ရပ်တောင်မရပ်ဖူးဘူးလေ။”

“စခရင်ကို မှတ်တမ်းတင် ပြီးရင် တစ်နေ့ကို nကြိမ်လောက်အထိလျက်+1”

“နေပါဦးဟ! မင်းရာဇဝတ်ကောင် လုပ်မနေနဲ့။ သူကအခုမှ Bကို ပြီးရုံပဲ ရှိသေးတာဟ!”

“ငါဟာ လူရွှင်တော်ကြီးပါ။ ငါ့စိတ်စွမ်းအင်က ဒီငတုံးအလှလေးလောက်တောင် ကောင်းမနေတာပဲ။”

“ဒါက မဖြစ်နိုင်ဘူးနော်၊ မင်းတို့ရော ဒါကြီးကထူးဆန်းတယ်လို့ မထင်ကြဘူးလား? ငါတစ်ခါမှ စိတ်စွမ်းအင် ဒီလောက်မြင့်တာကို မမြင်ဘူးတာကို။ ခန္ဓာကိုယ်အရည်အသွေးဆို လိုတောင်မလိုတဲ့ ပုံကြီးလိုပဲ။”

“Aလာလိုက်စမ်းပါ! ကျွန်တော့ရဲ့ မာစတာလေးရေ။”

“အားးးးးးးးးးးးးးးးးးးးးးးးးးးး! Sကိုတော့ သော့ပွင့်လာအောင် မလုပ်နိုင်လောက်ပါဘူးနော်?”

ကောမန့်ရေးနေတဲ့နေရာက တိတ်ဆိတ်သွားကြတော့သည်။ ကြယ်တာရာအစုအဝေးက လူအတော်များများတွင် Aဆိုတာပင် သိပ်မရှိကြချေ။ ပြီးတော့ S အဆင့်ရှိတဲ့သူတွေကိုဆို သမိုင်းစာအုပ်တွေထဲပင် ထည့်ရေးနိုင်ကြသည်အထိပင်။ ထို့ကြောင့် သူတို့အနေနှင့် S အဆင့်ရောက်သည့် သူတစ်ယောက်မှကို မမြင်ဖူးရာ အဲ့အဆင့်က ဘယ်လိုကြီးလဲ ဆိုတာကို ဘယ်သူကသိမှာလဲလို့?

သူတို့အကုန်လုံး သူတို့ရှေ့က အရမ်းချောအတော်ချောသည့် ကောင်လေးကိုသာ ကြည့်နေလိုက်ကြတော့သည်။ အဲ့လောက်မလွယ်တဲ့ဟာကို လွယ်လွယ်လေးလုပ်လို့ ရတယ်ပေါ့၊ ပြီးတော့ သူတို့ရှေ့မှာရှိနေတဲ့ဟာက အစစ်လားအတုလားကိုပင် မသေချာတော့ချေ။

လင်းယွိ ဂိမ်းဆော့နေတုန်းမှာပင် တစ်ဖက်အခန်းက တံခါးပိတ်လိုက်သည်အသံကို ရုတ်တရက်ကြားလိုက်တော့သည်။ သူလန့်သွားပြီး ဦးနှောက်အသေးလေးကို အလျင်စလိုပိတ်လိုက်လေသည်။

ယန့်ကျီဟန်ပြန်လာတာလား?

လင်းယွိ ပထမဆုံးလုပ်သည်က အိပ်ရာထဲက ကုန်းရုန်းထကာ ထိုလူကိုသွားနှုတ်ဆက်သည်ပင်။
ယန့်ကျီဟန်သာ သူ့ဘေးမှာရှိနေမယ်ဆိုရင် ထိုလူ့ဘေးမှာ နေရတာ ဘေးကင်းသည်လို့ သူခံစားရတတ်သည်။

သူဧည့်ခန်းထဲ လမ်းလျှောက်လာသည်နှင့် တစ်ဖက်အခန်းကနေ ခြေသံတွေကို ကြားလိုက်ရတော့သည်။ သားရေရှူးဖိနပ်က ကြမ်းပြင်ကိုထိနေသံမှာ လေးလံကာ စိတ်မရှည်သည့်ဟန်ရှိနေပြီး သူ့ဆီကိုသာ တည့်တည့်လျှောက်လာနေသလိုပင်၊ ထို့နောက်သူဧည့်ခန်း၏ အောက်ခြေနံရံက တံခါးလေးက ရုတ်တရက်ပွင့်လာတော့သည်။

ထိုနေရာမှာ ရပ်နေသူက သူနှစ်ပတ်နီးပါး မတွေ့ရသည့် ယန့်ကျီဟန်ပင်။

သူက အခုထိ ခန္ဓာကိုယ်နှင့် ကွက်တိကျသည့် အနက်ရောင်စစ်ယူနီဖောင်းကို ဝတ်ထားပြီး သူ့ပုခုံးတွေကကျယ်ပြန့်ကာ ခါးသေးသေးနှင့် ဖြောင့်စင်းနေသော ခြေတံတွေရှိကာ သူ့အသားအရေကတော့ သိပ်မကောင်းနေသည့်အပြင် မျက်ခုံးတွေကိုလည်း ကျုံ့ထားသေးသည်။ လင်းယွိ သူအဝတ်တွေပေါ်က သွေးတွေကိုပါ သေချာမြင်နိုင်သေးသည်။

လင်းယွိ နှလုံးကအောင့်သွားတော့သည်။ ယန့်ကျီဟန် ဒဏ်ရာရလာတာလား?

ယန့်ကျီဟန် လင်းယွိကို မြင်လိုက်သည်နှင့် ဘာမှတော့မပြောပေမဲ့ သူ့မျက်နှာအမူအရာကတော့ ပြေလျော့သွားသည်။ မသိရင် သူက လင်းယွိရှိနေသေးလားကို သေချာအောင်လာစစ်သလိုပင်။

သူ့ရင်က လေးလာသဖြင့် အသက်တစ်ချက်ရှူလိုက်ကာ သူ့ကိုယ်ပိုင်အခန်းထဲသို့ ပြန်ဝင်သွားလေတော့သည်။

လင်းယွိ သူပျံနေသည့်အတိုင်း လမ်းလျှောက်နေသည်ကို ကြည့်လိုက်ကာ သူဒါဆိုဒဏ်ရာရထားတာ မဟုတ်ဘူးထင်တယ်? ဒါပေမယ့် ငါ့နှလုံးက အခုထိ အပေါ်အောက်ရွေ့နေသေးတုန်းပဲ။

ငါသူ့ကို ရက်အတော်ကြာ မတွေ့ရသေးဘူးလေ ပြီးတော့ သူဘယ်ကို ထွက်သွားလဲဆိုတာကိုလည်း မသိဘူးလေ။ ဒါနဲ့ သူ့ကြည့်ရတာ စိတ်အခြေအနေ မကောင်းသလိုပဲ?

ယန့်ကျီဟန်ကြည့်ရတာ စိတ်အခြေအနေမကောင်းမှန်း သိတာကြောင့် လင့်ယွိလည်းကြောက်လာကာ ထိုလူနှင့်ဝေးရာကို မသွားရဲတော့ပဲ အခန့်ထဲကိုသာ နောက်ကနေသာ လိုက်နေလိုက်တော့သည်။
ဝင်ပြီးကာမှ လင်းယွိ ယန့်ကျီဟန်ရေချိူးခန်းထဲ ဝင်သွားသည်မှန်း သိလိုက်တော့သည်။ စဉ်းစားပြီးတဲ့အခါမှာတော့ သူတံခါးရှေ့မှာသာရပ်နေလိုက်ကာ ထွက်လာတာကိုပဲ စောင့်နေလိုက်တော့သည်။

ယန့်ကျီဟန်က ဒီရက်ပိုင်း ကြယ်အရင်းအမြစ်အသစ်တွေကို ရှာဖို့ထွက်နေခဲ့တာ ဖြစ်သည်။

ဤဂြိုလ်ပေါ်က နေရသည့်အခြေအနေမှာ ကြမ်းတမ်းလှကာ အန္တရာယ်ရှိလှပြီး တခြားမထိရသေးသည့် စွမ်းအင်ရင်းမြစ်တွေလည်း ရှိသေးသည်။

အတိတ်တုန်းကတော့ အခြေအနေတွေက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ယန့်ကျီဟန်တာဝန်နဲ့ ပတ်သက်ပြီး ဘယ်လိုမှမနေခဲ့ပေ။ ပြီးတော့ လအနည်းငယ်ကြာအောင် နေရလည်း ပြဿနာမဟုတ်ခဲ့ပေ။ သို့သော် အခုတော့ သူအာကာသယာဉ်ပေါ်ကနေ အဝေးကိုရောက်လိုက်သည်နှင့်….မဟုတ်သေးဘူး ဒါက သူထိုပိုးကောင်၏ အဝေးကိုရောက်သွားသည်နှင့်ဟု ပြောရင်ပိုမှန်မည်။ သူ့နှလုံးက မီးပူပူမြှိက်နေသလို ပူလောင်လာတော့သည်။

ဒီနေ့ မွန်းစတားလှိုင်းတစ်လုံးနီးပါးကို ရှင်းလင်းပြီးသွားတဲ့ အခါမှာတော့ သူဆက်မတောင့်ခံထားနိုင်တော့ပေ။ အဝတ်တွေကိုတောင် မလဲနိုင်ပဲ အာကာသယာဉ်ပေါ်သို့ အရင်ဆုံးပြန်လာလိုက်တော့သည်။
သူရောက်ရောက်ချင်း တခြားသူတွေကို စကားပြောဖို့အချိန်တောင် မပေးနိုင်ပဲ ထိုပိုးကောင်နေရာမှာ ရှိသေးလားသိရန် အပြေးထွက်လာခဲ့တော့သည်။

လင်းယွိကို မြင်ပြီး သူ့အနံ့ကိုရလိုက်မှသာ ယန့်ကျီဟန်စိတ်အေးသွားတော့သည်။

ယန့်ကျီဟန်သိလာရသည်မှာ သူ့ရဲ့ထူးဆန်းတဲ့ ခံစားချက်တွေက မမှန်ကန်သလို ခံစားလာရ၍ သူနေရတာအဆင်မပြေဖြစ်လာတော့သည်။

သို့သော်လည်း ဒီတစ်ချိန်လေးတော့ သူထိုပိုးကောင်အနံ့ကို ရှူလိုက်ချင်သေးသည်။

ရေချိုးခန်းထဲတွင် အနံ့ကအားပျော့လေသည်။ ထို့ကြောင့် ရေအမြန်ချိုးကာ သူ့ကိုယ်ပေါ်က သွေးတွေကိုပြောင်အောင်ဆေးလိုက်ပြီး အောက်ခံဘောင်းဘီဝတ်ကာ ထွက်လာလိုက်တော့သည်။

မထင်မှတ်ထားစွာ သူတံခါးဖွင့်လိုက်သည်နှင့် ယန့်ကျီဟန်ထိုပိုးကောင် မျက်နှာကို တွေ့လိုက်ရတော့သည်။

ယန့်ကျီဟန်ထွက်လာသည်ကို မြင်လိုက်သည်နှင့် လင်းယွိအလျင်အမြန် ပြုံးပြလိုက်လေသည်။
သူထင်ထားတာက ယန့်ကျီဟန်က သူ့ကိုပြန်လွှတ်လိုက်မည်ဟူ၍။ သို့သော် ယန့်ကျီဟန်ရပ်လိုက်ကာ ဘာမှမပြောပဲ သူ့ကိုဖြတ်ကာ လျှောက်သွားလေတော့သည်။

လင်းယွိသည် ယန့်ကျီဟန်ဒဏ်ရာရထားမှာစိုးပြီး စိတ်ပူနေသော်ကြောင့် မသိလိုက်ပဲ သူ့မျက်လုံးတွေနှင့် လိုက်စစ်ဆေးနေလိုက်၏။

ရင်ဘတ်က အဆင်ပြေတယ်၊ ကျောရောအဆင်ပြေတယ်၊ ခါးနဲ့ ဝမ်းဗိုက်လည်း အဆင်ပြေတယ်၊ ပြီးတော့ ခြေထောက်တွေလည်း အဆင်ပြေတယ်။

ကျန်တဲ့နေရာဆိုလို့ ထိုဖုံးထားတဲ့ နေရာတစ်ခုသာရှိတော့သည်……အိုခေ အကုန်အဆင်ပြေမှာပါ?

ယန့်ကျီဟန်ကိုယ်ပေါ်က သွေးတွေက တစ်နေရာရာက စွန်းလာတာသာ ဖြစ်မည်ဟု ခန့်မှန်းထားလိုက်သည်။

လင်းယွိ စိတ်သက်သာရာရသွားသည်နှင့် ယန့်ကျီဟန်က ဆက်မထိန်းထားနိုင်တော့ကာ နောက်လှည့်ပြီး သူ့ကိုစိုက်ကြည့်ကာ မေးလာတော့သည်။
"မင်းဘယ်ကိုကြည့်နေတာလဲ!”

လင်းယွိ အနောက်ပြန်ဆုတ်လိုက်ကာ “….တောင်းပန်ပါတယ်။”

ယန့်ကျီဟန် ဆက်ပြောလာသည်။
"ငါပြောထားတယ်လေ၊ အဲ့ဒါက လုံးဝမဖြစ်နိုင်ဘူးလို့။ ယောင်လို့တောင် မတွေးနဲ့။”

လင်းယွိ နားမလည်သဖြင့် သူနေရာမှာသာ ရပ်နေကာ ကြောက်ကြောက်နှင့် မျက်တောင်ကိုခတ်လိုက်လေသည်။

ယန့်ကျီဟန် ပါးစပ်ကတွန့်သွားလေသည်။

သနားစရာပဲ။

သူထွက်လာကတည်းက ထိုတီကောင်က သူ့နောက်ကလိုက်ကာ သူ့ကိုစိုက်ကြည့်နေခဲ့သည်။ သူ့ရဲ့ တင်ပါးတွေကို အနောက်ကနေ ခွေပေါက်လေးတစ်ကောင်လို လိုက်ကြည့်နေခဲ့သည်လေ။

နေပါဦး သူအခုငါနဲ့ အိပ်ချင်နေတာလား…..

အေးလေ၊ ဒါပဲ သူ့ခေါင်းထဲရှိတာဆိုတော့လည်း။
ယန့်ကျီဟန်အနည်းငယ် စိတ်တိုသွားသော်လည်း သူ့ကိုတော့ မောင်းမထုတ်သေးပေ၊ သူအခန်းထဲမှာ ရေအနည်းငယ်သောက်လိုက်ကာ ညအိတ်ဘောင်းဘီကို ဝတ်လိုက်လေသည်။ လင်းယွိ သူလုပ်နေသမျှ အကုန်ကို လျစ်လျူသာရှုထားလိုက်သည်။

လင်းယွိ အခုလေးတင် ယန့်ကျီဟန်သူ့ကို ဘာပြောလိုက်မှန်းကို နားမလည်လိုက်ပဲ နည်းနည်းလည်းကြောက်နေတုန်းဖြစ်တာကြောင့် အနောက်ကနေ တွန့်ဆုတ်တွန့်ဆုတ်နှင့် လိုက်နေလိုက်တော့သည်။

ယန့်ကျီဟန် သူ့ရဲ့ သတိကြီးကြီးထားနေပုံရသည့် အကြည့်တွေကို ကြည့်ကာ ရယ်ချင်လာတော့သည်။

ဒီတီကောင် ဒီမှာဘယ့်သူ့မှမမြင်ရတော့ သူဘယ်သူနဲ့မှ မအိပ်ရတာနဲ့ပဲ အခုဆို သူ့စိတ်ကျေနပ်အောင် နောက်တစ်ခေါက် ထပ်လုပ်ချင်နေတာထင်တယ်။

အာ။ သူပဲ ပိတ်ထားဖို့ ပြောတာလေ၊ အဲ့တော့ သူလည်းပိတ်ထားလိုက်တာပေါ့၊ ပြီးတော့ ဒီပိုးကောင် ဘယ်ကိုမှ သွားလို့မရတော့ပေ။ဘယ်လိုပဲဖြစ်ဖြစ် သူ့လက်ကြားထဲကတော့ ပြေးမလွတ်နိုင်တော့ပေ။

လင်းယွိ ယန့်ကျီဟန်နှင့် နီးကပ်စွာရှိနေသေးကာ ထိုလူရဲ့ အမူအရာတွေကို သေချာလေ့လာနေလိုက်သည်။

ယန့်ကျီဟန်ကြည့်ရတာ စိတ်ကောင်းဝင်နေပုံပေါ်ကာ အနည်းဆုံးတော့ သူဝင်လာကာစက ပုံနှင့်တော့မတူတော့ပေ။

ထို့နောက်မှာတော့ လင်းယွိလည်း နည်းနည်းနေသာထိုင်သာရှိသွားတော့သည်။

ယန့်ကျီဟန်အောက်မှာ အကြာကြီးတိုက်ခိုက်လာခဲ့ရာ အခုထိမအိပ်ရသေးပေ။ သူတစ်ကယ်ကို ပင်ပန်းနေလေသည်။ ချက်ချင်းကို အိပ်ရာပေါ်သို့သာ လှဲချလိုက်တော့သည်။

လင်းယွိ ခဏလောက်တောင့်သွားကာ သူ့ကို ဂရုစိုက်ပေးချင်တာကြောင့် သူ့စိတ်ထဲကနေ အတော်ကြာပြောလိုက်ကာ နောက်ဆုံးတော့ သူ့ပါးစပ်ကို ဖွင့်ကာ တစ်ခုခုမှားမနေတာသေချာအောင် ထုတ်မေးလိုက်လေတော့သည်။
“နေမကောင်းဘူးလား?”

ယန့်ကျီဟန် လှုပ်လည်းမလှုပ်၊ မျက်လုံးလည်း ဖွင့်မလာပဲ သူ့ကိုလုံးဝ လျစ်လျူရှုထားလေတော့သည်။ လင်းယွိအတန်ကြာ စောင့်ဆိုင်းလိုက်သော်လည်း နောက်ဆုံးသူသိသွားသည် ယန့်ကျီဟန်က ငါ့ကို နှင်ထုတ်ချင်နေတာများလား?
ထို့နောက် သူ ယန့်ကျီဟန်အနားယူနေတာကို မနှောင့်ယှက်တော့ပဲ မြန်မြန်လှည့်ကာ ထွက်ရန်ပြင်လိုက်တော့သည်။

သို့သော် ဒီတစ်ကြိမ်မှာတော့ ယန့်ကျီဟန်နောက်တစ်ကြိမ် မျက်မှောင်ကျူံ့လာကာ
“အင်းဆက်ကောင်။”

လင်းယွိ: “?”
ယန့်ကျီဟန်သူ့မျက်လုံးတွေကို ဖွင့်လိုက်ကာ

“ဒီနားလာ”

ဒါကိုတော့ လင်းယွိနားလည်လိုက်သည်! သူချက်ချင်းလှည့်ပြန်လာကာ အခန်းထဲသို့ ကုပ်ကုပ်ကုပ်ကုပ်နှင့် ပြန်လာကာ ယန့်ကျီဟန်ကုတင်ဘေးမှာ ရပ်နေလိုက်သည်။

ယန့်ကျီဟန် စိတ်ကျေနပ်သွားသည့်ပုံဖြင့် မျက်လုံးမှိတ်လိုက်တော့သည်။
“အဲ့တိုင်းရပ်နေ။”

လင်းယွိ: “…..”
ယန့်ကျီဟန်သူ့အခန်းထဲ ပိုးကောင်ရှိနေတာကိုလည်း စိတ်ထဲမထားပေ၊ ယခုဖယ်ရိုမုန်းရဲ့အနံ့က တံခါးကနေ ဖြတ်လာသည့်အနံ့နှင့် ကွာပေသည်။

သူအရင်ကတော့ ပိုးကောင်သာ နောက်တစ်ခန်းနားမှာဆို ကောင်းမယ်ဟုစဉ်းစားဖူးသော်လည်း အခုလို အကွာအဝေးကနီးလာတာက ပိုကောင်းလာမှန်း စဉ်းစားမိသွားတော့သည်၊ နီးလေ ပိုကောင်းလေပါလား…..

ဖြစ်နိုင်တာကတော့ ငါအဲ့လိုပဲ အနံ့ကရနေခဲ့လို့ထင်တယ်၊ ခဏလောက် အနံ့ခံပြီး၊ ကောင်းကောင်းအိပ်လိုက်ရအောင်။

လင်းယွိခမျာ ရွေးချယ်စရာမရှိပဲ နာခံစွာနှင့် မတ်တပ်သာရပ်နေလိုက်သည်။ ယန့်ကျီဟန်သူ့ကို ထွက်သွားဖို့လည်း မပြောထားသဖြင့် သူထွက်လည်းမသွားရဲပေ။

သို့သော်လည်း သူအကြာကြီး မက်တပ်ရပ်လိုက်ရသည့်အခါမှာတော့ သူပင်ပန်းလာကာ အိပ်ငိုက်လာတော့သည်။

လင်းယွိပြန်အိပ်လိုက်ချင်သော်လည်း ယန့်ကျီဟန်ကြည့်ရတာ နိုးလာမည့်ပုံလည်း မပေါ်သေးပေ။ သူ့ကိုဘာ့ကြောင့် ယန့်ကျီဟန်နေခိုင်းမှန်းလည်း သူမသိပေ၊ ထို့ကြောင့် သူသာပြန်သွားလျှင် ယန့်ကျီဟန်စိတ်ဆိုးနိုင်လား သူသေချာလည်း မသိသေးပေ။
ဒါက အရေးမကြီးဘူးဟုထင်နိုင်ပေမဲ့ ယန့်ကျီဟန်က ဒေါသထွက်မနေပေမဲ့ သူ့အတွက်တော့ ဒါကသေရေးရှင်ရေးပင်။

လင်းယွိ အတန်ကြာတွေးနေလိုက်ကာ ယန့်ကျီဟန်အိပ်ရာပေါ် ဂရုတစိုက်နှင့် ထိုင်ချလိုက်တော့သည်။

ပျော့ပြောင်းသည့် အခင်းက အထဲသို့နိမ့်ဝင်သွားလေသည်။ ယန့်ကျီဟန်သူ့ကို မျက်ခွံတွေဖွင့်ကာ အမှောင်ထဲကြည့်လိုက်ပုံပေါ်ပေမဲ့ ဘာမှတော့ပြောမလာပေ။

လင်းယွိ စိတ်သက်သာရာရသွားက မျက်လုံးမှိတ်ပြီး အရင်ဆုံးထိုင်နေလိုက်သေးသည်။ ခဏအကြာမှာတော့ အိပ်ရာဘေး အသာလှဲလိုက်လေတော့သည်။

သူခဏလောက်တော့ မျက်တောင်ခတ်နေမိသော်လည်း မကြာခင်အိပ်ပျော်သွားလေတော့သည်။

နောက်တစ်နေ့မနက် လင်းယွိနိုးနိုးချင်း မျက်လုံးတွေကို ဖွင့်ကာအိပ်ရာပေါ်မှ ထဖို့ကြိုးစားလိုက်သည်။

သို့သော် သူ့လှုပ်ရှားမှုတွေက နေရာမှာပဲ ရပ်တန့်သွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့လက်မောင်းတွေကြားထဲ လူတစ်ယောက်က လှဲနေခဲ့သည်….

ထိုလူ၏ လက်မောင်းက သူ့ခါးကိုဖက်ထားကာ၊ ခြေထောက်တစ်ဖက်က သူ့ကိုဖိထားတုန်းဖြစ်ပြီး ထိုလူ့ဆံပင်တိုလေးတွေက သူ့မေးစေ့ကို လာစူးနေကြကာ အသက်ရှူသံနွေးနွေးက သူ့လည်ပင်းနား ရစ်သီနေတော့သည်။

ဒီအနေအထားကြီးက တစ်ကယ်ကို တစ်မျိုးကြီးဖြစ်နေတာပဲ မသိရင် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြသည့် အတွဲတွေလိုမျိုး။

လင်းယွိ ဦးနှောက် စက္ကန့်အတော်ကြာအောင် ချောင်သွားသလိုပင်။ သို့သော် သူ့နှလုံးတွေကတော့ အခုန်မြန်နေကြကာ နောက်ဆုံးသူ့အသိစိတ်တွေကို ပြန်စုလိုက်ပြီး သတ္တိမွေးကာ ရင်ခွင်ထဲကလူကို ငုံ့ကြည့်လိုက်သည်။
သူ့လက်မောင်းတွေကြားထဲမှာ လှဲနေသည့်သူက တစ်ကယ်ကြီး ယန့်ကျီဟန်တဲ့……..

ငါလေး အသက်ရှင်ချင်တယ်လေ (Complete ✅)حيث تعيش القصص. اكتشف الآن