အပိုင်း - ၁
လင်းယွိတစ်ယောက် ကျယ်လောင်တဲ့အသံကြောင့် နိုးလာလေသည်။
ဒိုင်း ဒိုင်း ဒိုင်း-
သံထည်ကို သေနတ်ကျည်ထိတဲ့ အသံတွေက လင်းယွိနားထဲ တိုးဝင်လာကာ နှလုံးခုန်သံတွေပါ မြန်လာလေတော့သည်။
ဘာဖြစ်နေတာလဲဟ?
လင်းယွိထကြည့်လိုက်တော့ အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်အား မြင်သွားလေတော့သည်။
ထိုသူတွင် ရှည်လျားသောခြေတံများအပြင် ကျယ်ပြန့်သောပုခုံး၊ သေးသွယ်သောခါးနှင့် ကျစ်လစ်သော ကြွက်သားများရှိပြီး စစ်ဝတ်စုံနှင့်တူသော ယူနီဖောင်းကို ဝတ်ဆင်ထားလေသည်။
ပြီးတော့ ကြည့်ရတာ ထိုလူသည် အလွန်သန်မာသည့်ပုံပင်။
သူ့ရှေ့က တံခါးကို ခြေထောက်မြှောက်ကာ ကန်လိုက်ရာ ထိုအသံက ပထမကြားခဲ့ရသော သေနတ်သံထက်ပင် ကျယ်လောင်စွာ ထွက်လာသောကြောင့် ဒီလူရဲ့ ခြေအားက ဘယ်လောက်အားပြင်းလဲ ကြိုတွေးလို့ပင်ရသည်။
သို့သော်ငြား တံခါးက တစ်ချက်ကန်ရုံနှင့် ပွင့်မလာသေးပဲ အချက်ရေများစွာ ပြင်းပြင်းထန်ထန်ဆက်ကန်နေရာ ထိုအသံကပင် ထိုလူ မည်မျှဒေါသထွက်နေကြောင်း ဖော်ပြနေသလိုပင်။
လင်းယွိ ရုတ်တရက် သူ့အနောက်တစ်ချက်ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် အကြောက်တရားကို သူစတင် ခံစားလာရလေတော့သည်။
သေချာသည်မှာ သူထိုသူကို မသိပေ။ ပြီးတော့ သူအခုရောက်နေသည့် အခန်းကိုလည်း မြင်ဖူးနေခြင်းရှိမနေပေ။
ပတ်ပတ်လည်ကို သူစူးစမ်းကြည့်လိုက်သည့်အခါမှာတော့ တွေ့လိုက်ရသည်မှာ သူဘေးတွင် တစ်စုံတစ်ယောက်က လှဲနေသည်ဆိုတာပင်။
သူဘေးကလူသည် သေးသွယ်ပြီး အသားအရေအနေတော်ရှိသော ကောင်ငယ်လေးတစ်ယောက်ပင်။
လင်းယွိ ထိုကောင်လေးအား တွန်းကြည့်လိုက်ရာ ရုတ်တရက် သူမြင်လိုက်ရသည်မှာ တစ်ဖက်က ကောင်လေးက သူ့အားအမူအရာမဲ့ ပါးစပ်ကြီးဟပြီး စိုက်ကြည့်နေသည်ဆိုတာပင်။
သေနေတာလား ဒီဘရားသားက။
လင်းယွိ ခေါင်းနပန်းကြီးသွားကာ ချက်ချင်းကို အကြောက်တရားကပါ ကပ်ပါလာလေတော့သည်၊ အခြေအနေက ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာခြင်းကပါ အစားထိုးဝင်ရောက်လာလေတော့၏။
သူနှင့် မသက်ဆိုင်သလိုနှင့် မှတ်ဉာဏ်တွေအကုန်လုံးက တရေးရေးပေါ်လာကြကာ အကုန်လုံးက သူ့အား နှိပ်စက်နေလေတော့သည်။
သူ့စိတ်ထဲက အချက်အလက်တွေ အားလုံးအား နေရာချထားပြီးတဲ့နောက်မှာတော့ သူ ပို,ပိုပြီး ကြောက်လာလေတော့သည်။
ငါ ငါ စာအုပ်ထဲ နေရာကူးပြောင်းခံလိုက်ရတာလား?
သူ့ဘေးက အလောင်းအား ကြည့်နေတုန်း တံခါးကနေ နောက်တစ်ကြိမ် ဒုန်းဆိုသည့် အသံအားကြားရသည့် အချိန်တွင်တော့ လင်းယွိ သူ့လက်တွေကို ကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ ကျိန်ဆဲလေတော့သည်။
ထိုလက်များအား သွယ်လျလှပပြီး သေးသွယ်သောအရိုးများဖြင့် ဖွဲ့စည်းထားသည်မှာ သူ့ဘေးက သေနေသော ကောင်ငယ်လေးနှင့် တစ်ပုံစံထဲလိုပင်။
ဆိုလိုသည်မှာ ယခုတံခါးကို ဖျက်စီးနေသည့် အပြင်ကသူသည် ဒီစာအုပ်ရဲ့ အကြီးဆုံးဗီလိန်ကောင် ပြီးတော့ မျက်တောင်တစ်ချက်မခပ်ပဲ လူသတ်သည့် ကောင်ဆိုတာပင်။
ရန့်ကျီဟန်။
တစ်မိနစ်ဆိုသည့် အချိန်လေးမှာပင် ထိုလူသည် သေနတ်ဆွဲထုတ်ကာ သူ့အား အေးဆေးသတ်ပစ်နိုင်သည့်သူပင်။
အကြောက်လွန်နေသည့် အရှိန်ကြောင့် ရုတ်တရက် လင်းယွိ ကြောင်နေလေတော့၏။
ငါမသေချင်သေးဘူးလေ ငါအသက်ရှင်ချင်သေးတယ်။ ဒါပေမယ့် ငါဘာဆက်လုပ်ရမှာတုန်း?
လင်းယွိ ဘာမှလည်း ဆက်မတွေးနိုင်တော့ပေ။ တစ်ချိန်တည်းမှာပဲ တစ်ဖက်က ရန့်ကျီဟန် လှုပ်ရှားမှုတွေက ရပ်သွားတော့သည်။
“စောက်ကျိူးနည်း၊ နံလိုက်တာ။”
ရန့်ကျီဟန် သူ့ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်လေသည်။
ရန့်ကျီ၏ အေးစက်စက်နှင့် ခပ်တည်တည်မျက်နှာထားက ခဏတာပြောင်းလဲသွားကာ ရုတ်ခြည်း ရွံရှာမှုက အစားထိုးဝင်ရောက်လာလေတော့သည်။
မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး သူ့ပါးစပ်နှင့်နှာခေါင်းကို လက်တစ်ဖက်ဖြင့် ကာလိုက်လေသည်။
သေနတ်ကို ထုတ်ကာ လင်းယွိ ရှိရာသို့ လျှောက်လာတော့သည်။
လင်းယွိ အနေနှင့် ရန့်ကျီဟန် ပြောလိုက်သည်မှာ ဤအခန်းတွင်း ပြည့်လျက်ရှိသော ဖယ်ရိုမုန်းနံ့များအား ဆိုလိုသည်ကို သိထားလေသည်။
ဤစာအုပ်၏ ကမ္ဘာထဲတွင် ဇက်မျိုးနွယ်သည် နောက်ဆုံးကြယ်အစုအဝေးစစ်ပွဲအတွင်း ရန်သူပေါင်းများစွာ ရရှိခဲ့ပြီး အဆုံးတွင် ကျရှုံးခဲ့သည်။
ကံမကောင်းစွာနှင့် ကျန်ရှိနေသေးသော အင်အားကြီး လွှမ်းမိုးနိုင်စွမ်းရှိသော ယောက်ျားများဟာ အသတ်ခံခဲ့ရပြီး အမျိူးသမီးများဟာဆိုလျှင်လည်း လူသားချင်း စာနာထောက်ထားသော အကြောင်းပြချက်များစွာဖြင့် မတူညီသော မျိုးနွယ်စုများမှ မွေးစားခဲ့ကြပေသည်။
နှစ်ပေါင်း ၁၀၀ ထက်မနည်း ကြာပြီးနောက် အဖက်ဖက်မှ တိုးတက်လာရာ ဤကြယ်အစုအဝေး၏ အရပ်ရပ်မှ မွေးမြူခြင်းခံခဲ့ရသည့် အမျိုးသမီး မျိုးစပ်တို့သည် မတူညီသော အမျိုးမျိုးသော နယ်ပယ်တို့တွင် ထူးချွန်သူများ ဖြစ်လာကြလေတော့သည်။
ဗီလိန်သည်လည်း မျိုးနွယ်စပ် မိန်းမတစ်ယောက် ဖြစ်လေသည်။
(ဒီနေရာမှာပြောထားတာက MC ရန့်ကျီဟန်က တစ်ကယ်တော့ ယောက်ျားတစ်ယောက်ပါပဲ ဒါပေမယ့် ဇက်တွေက ရှိသမျှ အထီးတွေအကုန် အသတ်ခံလိုက်ရပြီးနောက်မှာ ကျန်ခဲ့တာက အမတွေပဲရှိပြီးတော့ အဲ့အမတွေက မွေးတဲ့ကလေးတွေမှာ ပထမအထီးတွေရဲ့ဗီဇတွေက ပါမလာတော့ပဲ အဲ့ဒီအမတွေရဲ့ မျိုးရိုးဗီဇသွေးတွေကပဲ ကလေးတွေဆီ ပါလာတာကို ပြောချင်တာပါ။ တော်ကြာ ဖတ်နေရင်း ဖတ်နေတာက YAOI ကို MC ကမိန်းမဆိုပြီး ပြောထားတာကို ရောသွားကြမှာဆိုးလို့ပါ။)
စာအုပ်၏ ဖော်ပြထားချက်အရဆိုလျှင် ရန့်ကျီဟန် အမုန်းဆုံးအရာသည် သူကိုယ်တိုင်က ဇက်မျိုးနွယ် အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းနှင့် ဇက်မျိုးနွယ်စု၏ ယဉ်ကျေးမှုပင်။
တစ်ကယ်လို့များ တစ်စုံတစ်ယောက်ကသာ သူ့ရှေ့တွင် သူ့မျိုးနွယ်အကြောင်း ပြောလိုက်ပါက ထိုသူအား သတ်ပစ်မည်မှာ အသေအချာပင်ဖြစ်သည်။
…….ပြီးတော့ အဆိုးဆုံးကတော့ လင်းယွိသည် ထိုသူအမုန်းဆုံး ဇက်မျိုးနွယ် အမျိုးသားတစ်ယောက်လို ဝတ်စားထားခြင်းပင်။
သူအခု မြေပြင်ပေါ်တွင် တွားသွားနေပြီး ရန့်ကျီဟန်က သူ့အား မတ်တတ်ရပ်လျက် ငုံ့ကာ ကြည့်နေလေသည်။
လင်းယွိ ထိုမြွေတစ်ကောင်ကဲ့သို့ မျက်ဆံတွေက ဒေါင်လိုက်ပုံစံရှိပြီး မီးခိုးရောင်အနားကွပ်ထားသကဲ့သို့ စူးရှကာ ရေခဲအလား အေးစက်နေသည့် အနည်းငယ် အပြာနုရောင်သမ်းလျက်ရှိသော မျက်ဝန်းတစ်စုံအား ရုတ်တရက် တွေ့သွားလေတော့သည်။
မကြာခင်အတွင်းမှာပဲ လင်းယွိ အနက်ရောင် ပြောင်းဝကိုပါ တွေ့လိုက်ရလေတော့သည်။
ပြီးတာနဲ့ သေနတ်သံကိုပါ တစ်ပါတည်း ကြားလိုက်ရတော့သည်။
ယန့်ကျီဟန်ဆိုသည့်သူသည် အမျိုးသမီးဆိုသည့် စကားလုံးကို နည်းနည်းလေးမှ ဂရုမစိုက်သည်မှာ မှန်ကန်လှပြီး သူ့ကို လူတွေ ပြောသည်ကိုလည်း မကြိုက်သည်ဆိုတာ ဖြစ်နိုင်နေသည်။
ထိုသူ၏ အရှိန်အဝါသည် အလွန်ကို ကြီးမားလှပေသည်။
သူသေနတ်ကိုင်ထားသည့် ကြွက်သားတွေကြောင့်ပေလော ဒါမှမဟုတ် ခြေထောက်တွေကို ဆန့်ကာ အလောင်းတွေကို အေးဆေးတက်နင်းသွားသည့် ကြမ်းတမ်းသည့် အမူအရာကြောင့်ပေလော မပြောတတ်အောင် အားလုံးက လုံးဝကို သန်မာနေသည့်ဟန် လှစ်ဟပြနေလေသည်။
လင်းယွိဘေးက ကောင်လေးသေနေသည်လားလည်း သူသိသည့်ဟန်မပေါ်။ ထို့ကြောင့် ခေါင်းကို ပစ်ချလိုက်လေတော့သည်။
လင်းယွိကို သွေးတွေစင်လာလေတော့သည်။
မကြာခင်မှာပဲ ထိုပူနေတဲ့ပြောင်းဝက သူ့ဘက်ပါ လှည့်လာလေတော့သည်။
ဒီလူဟာ လူတွေကိုအသာလေး သတ်လာခဲ့သူဖြစ်လေသည်။
တစ်ကယ်လို့များ သူ အခုချိန်တစ်ခုခု မလုပ်လိုက်ပါက နောက်ထပ် စက္ကန့်ပိုင်းအတွင်း သူသေတော့မည်ဆိုတာ လင်းယွိသိနေလေသည်။
လင်းယွိနှလုံးက ကြောက်လွန်း၍ ကျယ်လောင်စွာခုန်လျက်ရှိပြီး ချွေးသီးချွေးပေါက်တွေက သူ့ကျောတွင် ကျလာလေတော့သည်။
နောက်ထပ် second ပိုင်းအတွင်းမှာသာ သူသေသွားရင် လင်းယွိအနေနှင့် ဘာမှကို တွေးနိုင်တော့မည်မဟုတ်ပေ။
စက္ကန့်ပိုင်းအတွင်းလေးမှာတင် သူ ရှေ့တိုးကာ တစ်ဖက်က လင်းယွိ၏ ခြေထောက်ကို တင်းတင်းဖက်ထားလိုက်လေတော့သည်။ ပြီးတော့ ခေါင်းလေးမော့ကာ သူ့တစ်ဘဝလုံးအတွင်း ပြုံးဖူးသမျှထဲက အလှဆုံးအပြုံးကို ပြုံးပြလိုက်လေတော့သည်။
အင်း ယန့်ကျီဟန်ရဲ့သေနတ်ပြောင်းကတော့ သူခေါင်းမှာ ချိန်ထားတုန်းပေါ့။
တစ်ဖက်က ယန့်ကျီဟန်သည်လည်း ဒီဇက်ကောင်က ဒီလောက် စိတ်အားထက်သန်မှုရှိမည်ဟု ထင်မထားခဲ့ပေ။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အပြာရောင်သမ်းနေသည့် သွေးကြောများထလျက်ရှိသော လက်ဖြင့် နှာခေါင်းကိုကာ,ကာ ပြောလာလေသည်။
ပိုဒေါသထွက်လာဟန်နှင့် လင်းယွိ မျက်ရိုးအား သေနတ်ပြောင်းဖြင့် ရိုက်လိုက်လေသည်။
“သွား!” ယန့်ကျီဟန်က အလွန်အမင်း ယောက်ျားဆန်ကာ အသံနိမ့်နိမ့် အက်ရှရှအသံဖြင့် ပြောလာလေသည်။
ယခု လင်းယွိသည် အကြောက်လွန်နေရာ အူကြောင်ကြောင်ပင် ဖြစ်နေလေသည်။ သူ့မျက်နှာပေါ်တွင် တစ်ဖက်ကလူငယ်လေးရဲ့ ဦးနှောက်တွေက စင်ထားတာကိုလည်း သိထားတာကြောင့်ရောပင်။
သူသတိမထားမိလိုက်သည်က သူ ယန့်ကျီဟန်၏ ဘာသာစကားကို နားမလည်တာရော ယန့်ကျီဟန်တစ်ယောက် အသက်ရှူကျပ်သွားပြီး မျက်နှာနီလာကာ သေနတ်မောင်းကို ဆွဲထားသည့်လက်တွေက တုန်သွားသည်ကိုပင်။
လင်းယွိ သိသမျှက သူအသက်ရှင်နေသေးသည် ဆိုတာပင်။
အဲ့တော့ ငါလုပ်လိုက်တာက အသုံးဝင်တယ်ပေါ့။
ယန့်ကျီဟန် ခြေထောက်ကို အသက်ကယ်သစ်တုံးကြီးအလား ဖက်ထားကာ အပြုံးနိုင်ဆုံး ပြုံးပြနေလိုက်ပြီး တဖြည်းဖြည်းနှင့် ယန့်ကျီဟန်ခါးကို ဖက်လိုက်တော့သည်။
ယန့်ကျီဟန် တွန့်သွားကာ အသက်တစ်ချက်ရှူလိုက်ပြီး ဒူးနှင့်သူ့ကို ခပ်ကြမ်းကြမ်းကန်လိုက်လေသည်။ “သေချင်နေတာလား အဖျက်ပိုးကောင်၊ ငါမင်းကိုသတ်ပစ်မယ်။”
လင်းယွိ သူ့ခြေထောက် နာနေသည်ကိုလည်း ဂရုမစိုက်အား သူ ယန့်ကျီဟန်ဘေးကနေ ကွာသွားသည်နှင့် စိတ်ဖိစီးလာမှုကို ခံစားလာရလေ၏။
ယန့်ကျီဟန်က သေနတ်ကို ဆက်ကိုင်ထားကာ ပြောင်းဝကလည်း သူ့ကိုချိန်ထားတုန်းဖြစ်ပြီး အခန်းလေးကလည်း ကျဉ်းလှရာ သူဘယ်မှ ရှောင်လို့မရနိုင်ပေ။
လင်းယွိအနေနဲ့ အခုရွေးစရာကတော့ ခုန်လိုက်ပြီး ယန့်ကျီဟန်ကို ဖက်လိုက်ရန်သာ။
ယန့်ကျီဟန် သူ့ကိုတွန်းထုတ်ဖို့ ဒီတစ်ခေါက်တော့ အားအများကြီး မသုံးလိုက်သော်ငြား လင်းယွိ သူ့ရှိသမျှအားကို သုံးကာဖက်ထားလေတော့သည်။
နောက်ဆုံးတော့ နှစ်ယောက်လုံး မြေကြီးပေါ်ကို ပြုတ်ကျသွားလေတော့သည်။
“ချီးပဲ….” ယန့်ကျီဟန်က ဆဲလိုက်ကာ အနည်းငယ် ရုန်းလိုက်ပြီး မျက်မှောင်ကြုံ့လိုက်ကာ သူ့ခေါင်းကိုတစ်ဖက် စောင်းနိုင်သမျှစောင်းပြီး နှာခေါင်းကို ပိတ်ထားလိုက်တော့သည်။
ဒီတစ်ခေါက်တွင်တော့ လင်းယွီတစ်ယောက် ပုံမမှန်တာကို သတိထားမိသွားလေတော့သည်။ ဒီလူ နှလုံးခုန်သံတွေက မြန်နေပြီး ပါးတွေကရဲနေကာ ကိုယ်အပူချိန်ကပါ မြင့်နေသည်ကိုပင်။
ရုတ်တရက် ဇာတ်လမ်းအကြောင်းကို မှတ်မိသွားတော့သည်။
ကြည့်ရတာတော့ ယန့်ကျီဟန်ကို တစ်ယောက်ယောက်က သူ့ကိုဆေးပေးလိုက်ပြီး မိတ်လိုက်ချင်သည့်အချိန်ဖြစ်အောင် အခန်းတစ်ခန်းထဲ ဇာက်ကောင်လေးနှစ်ယောက်နှင့် ပိတ်ထားလိုက်ပြီး အရူးလုပ်လိုက်သည့်ပုံပင်။
ဒါပေါ့ သူတို့အစီအစဉ် ကျရှုံးသွားသည်လေ ယန့်ကျီဟန်က ဇက်နှစ်ကောင်ကို တစ်ချက်တောင်မတွေးပဲ သတ်ပစ်လိုက်သည်မလို့။
ယန့်ကျီဟန်ကို လင်းယွိ ခဏတာ ထိန်းထားနိုင်သော်ငြား ထိုလူမျက်နှာကတော့ ဆေးအရှိန်ကြောင့် အတော်ဆိုးရွားနေလေပြီ ဖြစ်သည်။
သေနတ်ကို သူ့ထံ ထပ်ချိန်လာပြန်လေသည်။
ဒီအချိန်မှာတော့ လင်းယွိ အသက်ရှင်ဖို့ကိုသာ ခေါင်းထဲထည့်လိုက်ပြီး သူ့ကိုယ်သူ မထိန်းချူပ်နိုင်တော့ပေ။
သေနတ်ပြောင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဦးနှောက်က ပူလောင်လာကာ ယန့်ကျီဟန်ကို နမ်းလိုက်လေတော့သည်။
ဒါကပုံမှန်မဟုတ်တာ ဘာညာအသာထား အခုလောလောဆယ် သူ့စိတ်ထဲမှာ အသက်ရှင်ဖို့သာ ရှိနေသည်လေ။
လင်းယွိအတွေးထဲမှာတော့ အခု သူလူတစ်ယောက်ကို နမ်းနေသည်ဆိုသည့်အစား တံစဉ်ကို ကိုင်ထားသည့်သေမင်း၊ ကြောက်ဖို့ကောင်းသည့် မကောင်းဆိုးဝါး၊ အသားစား တောရိုင်း တိရိစ္ဆာန်
တစ်ကောင်ကိုသာ နမ်းနေသည်ဟုပြောလျှင် ပိုမှန်လိမ့်မည်။
ဒါက ဆုတောင်းမှုအပြည့်နှင့် အနမ်းလေးဖြစ်ကာ လင်းယွိအနေနှင့်လည်း သူအကောင်းဆုံးလုပ်ခဲ့လေသည်။
ဘာအတွက်လဲဆို သူ့ဘဝအတွက် ဆုတောင်းပင်။
လင်းယွိ တွေးလိုက်တာက ယန့်ကျီဟန် သူ့လျှာကို ကိုက်လိုက်မည်ဟု ထင်လိုက်သော်လည်း ကိုက်မလာခဲ့ပေ။
ဒီလောက် ကြောက်ဖို့ကောင်းတဲ့သူတစ်ယောက်က သူ့ပါးစပ်ထဲမှာတော့ အရမ်းလန်းဆန်းသည့် အရသာရှိပြီး သူ့တုန့်ပြန်ပုံကပင် ချစ်ဖို့ကောင်းနေမည်ဟု ဘယ်သူကတွေးမိမှာတုန်း?
ယန့်ကျီဟန် ပထမတွင် တောင့်နေသော်လည်း နောက်တော့ ပြန်နမ်းလာလေတော့သည်။
မြေပြင်ပေါ်ကို ယန့်ကျီဟန် သေနတ်ကျသွားသံကို လင်းယွိ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ထိုလူ့လက်တွေက သေနတ်အစား သူ့ကိုဖက်လာလေတော့သည်။
ဒါကြီးက သေမင်းကြီးရဲ့ကြင်နာထောက်ထားမှုတွေကို ပြလိုက်ချင်များလား…..
သေရမှာကို ကြောက်နေသည့်စိတ်က နည်းနည်းလျော့သွားပြီး မကြာမီ လင်းယွိ ယန့်ကျီဟန်ဘက်က တုန့်ပြန်မှုကို သတိထားမိလိုက်တော့သည်။
ဒါမျိုးဆိုတာက အရမ်းသိသာပြီး ရှောင်ဖယ်လို့မရသည့် တုန့်ပြန်မှုပင်။
ယန့်ကျီဟန် သူ့လက်တွေကြားထဲ အနားယူနေကာ အသက်ကို လုရှူနေပြီး သူ့မျက်နှာတစ်ခုလုံးက နီရဲနေရာ ပထမ ကြောက်စရာကောင်းသည့်မျက်နှာနှင့်မတူပဲ အခုတော့ နားကနေ လည်ပင်းအထိ နီတောက်နေတော့သည်။ စူးရှသည့်မျက်ဆံတွေက အနည်းငယ်ပြူးနေကာ ကြောင်လေးတစ်ကောင်၏မျက်လုံးလေးတွေအလားပင်။
ထူးဆန်းလိုက်တာ….
သူ ပထမထင်ထားတာက ယန့်ကျီဟန် မျက်လုံးတွေက အပြာရင့်ရင့်အရောင်ဟူ၍သာ အခုတော့ ရွှေရောင်?
သူရပ်လိုက်သည့်အခါမှာတော့ ယန့်ကျီဟန်ဘက်ကစကာ ချဉ်းကပ်လာပြီး ပါးစပ်ဟကာ တစ်ခုခုပြောဖို့ပြင်လေတော့သည်။
ယန့်ကျီဟန်က ကြယ်အစုအဝေးထဲက ဘာသာစကားတစ်ခုခုကို ပြောနေဟန်ရှိပြီး သူတစ်ခုမှ နားလည်မနေပေ။
သူ ယန့်ကျီဟန် အမူအရာတစ်ခုထဲကိုသာ လေ့လာနေနိုင်ကာ ထိုလူ့မျက်ခုံးတွေ အနည်းငယ်တွန့်သွားပြီး ရွှေရောင်မျက်လုံးတွေနှင့် သူ့ကိုစိုက်ကြည့်နေဟန်ရှိသော်ငြား အကြည့်တွေက နေရာအတည်တကျရှိမနေပေ။
ကြည့်ရတာ သူကိုယ်တိုင်လည်း အခုမှ ဖြည်းဖြည်းချင်း သတိကို ပြန်လည်အောင် လုပ်နေဟန်ရှိပြီး စိတ်ရှုပ်နေသည့်ပုံပင်။
ယန့်ကျီဟန်ဘက်က ပြန်သာကောင်းလာရင် သူ့ကိုထသတ်နိုင်လေသည်။
လင်းယွိကြောက်ပြီး နောက်တစ်ကြိမ် ထပ်နမ်းလိုက်ပြန်တော့သည်။
ယန့်ကျီဟန် ဒီတစ်ခေါက်တော့ စိတ်ကျေနပ်သည့် အသံကိုပြုပြီး ငြင်းလည်းမငြင်းပဲ တောင့်တောင့်ကြီးဖြစ်နေကာ ပြန်နမ်းလာသည့်အပြင် သူ့နှုတ်ခမ်းတွေကို နာအောင်ကိုက်လိုက်သေးသည်။
ထို့နောက် သူ့အဝတ်တွေကို ဆွဲဖြဲလိုက်လေတော့သည်။
လင်းယွိတစ်ယောက် သူတော့သွားပြီဟုသာ တွေးလိုက်နိုင်တော့သည်။
ယန့်ကျီဟန်တစ်ကယ်ကြီး ဆေးမိနေတာဟ။ တစ်ကယ်လို့သူသာ ယန့်ကျီဟန်လိုလူမျိုးကို ထိလို့ရမယ်ဆိုတာမျိုးက……
ယန့်ကျီဟန်နိုးလာတာနဲ့ ငါတော့သေပြီပဲ။
သို့သော် သူ သွားလည်းမရပ်ရဲပေ။
အဘယ့်ကြောင့်ဆိုသော် သူကသွားရပ်လိုက်ပါက နောက်ထပ်စက္ကန့်ပိုင်းအတွင်း ကြွသွားမည့်သူ မဖြစ်ချင်သေးပေ။