အပိုင်း - ၉
လင်းယွိကို ယန့်ကျီဟန်က အဆောင်ထဲကို ပြန်ခေါ်လာပြီး အသစ်စက်စက် အိပ်ခန်းထဲသို့ ဝင်လာကြတော့သည်။
ယန့်ကျီဟန်ကြည့်ရတာ သူ့ကိုအိပ်ရာပေါ်ချက်ချင်းချပေးချင်သည့်ပုံပေါက်သော်လည်း လင်းယွိကအကြောက်လွန်နေကာ အခုထိ ယန့်ကျီဟန်လည်ပင်းကို သိုင်းဖက်ထားတာကို လွှတ်မပေးသေးပေ။
ယန့်ကျီဟန်က သူ့ကြောင့်ခါးကိုင်းနေလိုက်ရပြီး စက္ကန့်အနည်းငယ်လောက် လင်းယွိအပေါ်တွင် အုပ်မိုးလျက်ရှိနေပြီး အခိုက်အတန့်တစ်ခုလောက် ကြောင်နေတော့သည်။
နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြကာ လင်းယွိနောက်မှ အခုဖြစ်နေကြသည့်ပုံက နည်းနည်းဟိုလိုလို ဒီလိုလိုဖြစ်နေမှန်း သဘောပေါက်သွားတော့သည်။ သူလွှတ်ပေးတော့မည့်အခါမှ တစ်ဖက်ကပါးစပ်ကိုဟလိုက်ပြီး သူမသိသည့် ကြယ်အစုအဝေးသုံးဘာသာစကားနှင့် ပြောလာပြန်လေတော့သည်။
လင်းယွိ ဆေးခန်းထဲမှာ တစ်လလောက်ရှိနေတုန်းကတည်းက ဒီလိုကောင်းကင်ဘုံကကျမ်းစာတွေလို ဘာသာစကားကို ကြိုးကြိုးစားစား နားထောင်ကြည့်လာခဲ့ရာ ဒီတစ်ခါတော့ သူဘာကိုပြောချင်မှန်း နားလည်လာသလိုပင်။
အဓိကအကြောင်းကတော့ ကြည့်ရတာ
“ငါ့ကို မင်းအလုပ်အကျွေးပြု ပေးစေချင်တယ်။” ဆိုတာပဲ ဖြစ်လိမ့်မည်။
လင်းယွိ သူ့လျှာကိုကိုက်မိမတတ်ဖြစ်သွားကာ၊ အဟွတ် အဟွတ်၊ ဒါက သူပြောချင်တာ မဟုတ်သေးဘူးလေ။ သူအခုထိ မသေချင်သေးပေ!
အသေအချာကိုပဲ ထိုအချိန်မှာ ယန့်ကျီဟန်မျက်နှာက ပြောင်းလဲသွားကာ သူကနှာရှုံ့လိုက်ပြီး သူ့မျက်လုံးတွေထဲမှာတော့ ဒေါသကိုမြင်နေရကာ
“မင်း ဘာပြောလိုက်တယ်?”
“မဟုတ်၊ မဟုတ်ဘူး…..” လင်းယွိ သူ့ခေါင်းကို ယမ်းခါလိုက်ပြီး ဘာကြောင့်လဲဆိုတာကိုတော့ ရှင်းမပြတတ်တော့ပေ။
ယန့်ကျီဟန်ဒေါသထွက်ထွက်နှင့် ရယ်နေလေသည်။ ဒီပိုးကောင်က လူတွေနှင့် ဘယ်အချိန် ဘယ်နေရာမဆို အိပ်ရုံတတ်ပြီးတော့ အခုတော့ သူ့ခြေထောက်တွေက လိမ်ဖယ်လိမ်ဖယ်ဖြစ်နေကြသည့်အပြင် သူ့နှာခေါင်းကို ကန်ပြီး သူ့ကို မျက်နှာပြရဲသေးတယ်ပေါ့။
ဒါတစ်ခုပဲ သူ့စိတ်ထဲမှာ ရှိနေတာဖြစ်လိမ့်မည်။
“ငါပြောမယ်၊ အရင်တစ်ခါက မတော်တဆဖြစ်သွားတာ၊ ပြီးတော့ အဲလိုမျိုးဘယ်တော့မှ ထပ်ဖြစ်မှာမဟုတ်ဘူး။”
ယန့်ကျီဟန် လင်းယွိလည်ပင်းကို ဆွဲပြီး အဝေးကိုဖယ်လိုက်ကာ ခေါင်းအုံးပေါ်သို့ တွန်းလိုက်ပြီး ခဏလောက်ထပ်တွေးပြီးသည့်အခါမှာတော့ မျက်နှာစူပုပ်ပုပ်နှင့် ထပ်ပြောလာပြန်သည်။
“မင်း အဲ့ဒါကို တစ်ခြားလူတွေနဲ့ လုပ်လို့မရဘူး! သိတယ်မလား? တွေးကြည့်ဖို့ကိုပါ မစဉ်းစားနဲ့။”
လင်းယွိဘာမှပြန်မပြောလာသည်ကို မြင်လိုက်ရာ ယန့်ကျီဟန်မျက်မှောင်ကျုံ့လိုက်ပြီး လင်းယွိလည်ပင်းကို ဆွဲကာ လှုပ်ခါရင်းပြန်မေးလိုက်သည်။
“မင်းမကြားဘူးလား!”
လင်းယွိသူ့ကို ဘာတွေပြောနေတာလဲ နားမလည်သော်ငြား သူငြင်းဆိုလို့ မရမှန်းတော့သိသည်လေ။ သူအသက်ရှင်စိတ်က ပြင်းပြနေသောကြောင့် ခေါင်းငြိတ်လိုက်ကာ မသိလိုက်ပဲ လက်တစ်ဖက်က ယန့်ကျီဟန်လက်ကောက်ဝတ်ကို သူ့ကိုလွှတ်ပေးဖို့ ကိုင်လိုက်လေသည်။
ယန့်ကျီဟန်သူ့လက်တွေကို အမြန်လွှတ်ပေးလိုက်ကာ
“အိုခေ၊ ငါ့ကိုမထိနဲ့….”
ယန့်ကျီဟန်မက်တပ်ရပ်လိုက်ကာ မျက်နှာထားတည်တည်နှင့် ပြောလာသည်။
“မင်းဒီမှာပဲနေရမယ်၊ ပြီးတော့ ဘယ်ကိုမှ ထွက်သွားမယ် မကြံနဲ့။ မင်းစည်းကမ်းမလိုက်နာတာမျိုးကို ငါဖမ်းမမိနဲ့။”
သူရပ်လိုက်သော်လည်း ခြိမ်းခြောက်သည့်ပုံကရှိနေသေးကာ
“မဟုတ်ရင် နောက်တစ်ခါဆို မင်းကိုငါအပြစ်ပေးရလိမ့်မယ်။ နောက်တစ်ခါဆို ခြေထောက်ကို မဟုတ်တော့ဘူး။”
လင်းယွိ ရုတ်တရက်သူ့ညီလေးကပါ ကြက်သီးထလာသလို ခံစားလာရသဖြင့် ခေါင်းကိုသာ ညိတ်ပြရဲတော့သည်။ ထို့နောက် သူ ယန့်ကျီဟန် လှည့်ထွက်သွားသည်ကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်သွားတော့သည်။
အဲ့တော့….သူ့ကိုဒီအတိုင်း လွှတ်ပေးလိုက်တာပေါ့?
ယန့်ကျီဟန်လူတွေကို သတ်ဖြတ်နေတုန်းက သူသိသည်မှာ မည်သည့်အကြောင်းပြချက်မှ မရှိပဲလုပ်လေ့ရှိတတ်သောကြောင့် သူ ယန့်ကျီဟန်ရှေ့ဆို သူ့အသက်အတွက်တွေးကာ ကြောက်လို့တုန်နေတတ်သည်။
အခုတော့ သူတွေးထားခဲ့သမျှက အပိုတွေလိုပင်။
ယန့်ကျီဟန်အဲ့လူကြည့်ရတာ….အဲ့လောက်လည်း စိတ်ဆိုးနေတဲ့ပုံ မပေါ်ပါဘူး?
ယန့်ကျီဟန်က သူ့လည်ပင်းကို အခုလေးတင် ဆွဲလိုက်ပေမယ့်ပေါ့။ ဒါပေမယ့် အဲ့အချိန်ကလည်း ထိုလူအားအများကြီး သုံးမထားခဲ့ပေ။ အရာလေးတစ်ချက်တောင် ကျန်မနေပေ။
လင်းယွိ သူ့လည်ပင်းသူပွတ်ကြည့်လိုက်ကာ သူ့စိတ်ကို ဆုံးဖြတ်လိုက်တော့သည်။ အကုန်လုံးနီးပါး ပြဿနာတွေတက်လာမယ်ဆို သူ ယန့်ကျီဟန်ဆီ ပြေးကပ်လိုက်မယ်။ ဒီလိုသာဆို ဘာမှဖြစ်မလာနိုင်တော့ဘူးလေ။
ယန့်ကျီဟန် ထွက်သွားပြီးသည်နှင့် လင်းယွိပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။
အခန်းက ရိုးရှင်းလှကာ အိမ်သာနှင့်ချိတ်ဆက်ထားပြီး အပြင်တွင် အခန်းကျယ်တစ်ခုလဲ ရှိနေသေးသည်။
သို့သော်လည်း ဧည့်ခန်းကြားထဲတွင် နံရံတစ်ဝက်ကရှိနေကာ ၎င်းအပေါ်တွင် နေရာတစ်ခုလွတ်နေပြီး ထိုနေရာတွင် တံခါးတစ်ခုရှိနေသည်။
ယန့်ကျီဟန်က အခုတင် တံခါးကထွက်သွားရာ ထိုတံခါးရဲ့ တစ်ဖက်ကလူလျှောက်လမ်း ဟုတ်မနေပဲ နောက်ထပ်ဧည့်ခန်းတစ်ခု ဖြစ်နေတော့သည်။ ကြည့်ရတာတော့ ယန့်ကျီဟန်၏ နေရာက ထိုနေရာတွင် ဖြစ်လောက်သည်။
လင်းယွိယုံတောင် မယုံနိုင်ပေ။
ယန့်ကျီဟန်က သူ့နားကအခန်းမှာ နေခိုင်းတယ်ပေါ့??
ဒါနဲ့ ယန့်ကျီဟန်က ဇက်တွေဆို မုန်းတာမဟုတ်ဘူးလား? ပြီးတော့ သူလည်း တော်တော်လေးကို သူ့ကိုစိတ်တိုအောင် လုပ်ထားသည်လေ။
လင်းယွိ ဘာကြောင့်လည်း တွေးမရပေ။ ထို့ကြောင့်အရှုံးပေးလိုက်ကာ သူခြေထောက်တွေကို ဆွဲပြီး အခန်းထဲခုန်ဆွခုန်ဆွနှင့် သွားနေလိုက်သည်။
ဧည့်ခန်းထဲတွင် လေထဲကနေ တစ်ကယ့်ပစ္စည်းအစစ်တွေထွက်လာအောင် လုပ်နိုင်သည့်စက်မျိုးရှိကာ သေချာပေါက် စားပွဲတွေ၊ ခုံတွေလည်း ပါပေသည်။ လင်းယွိ ဧည့်ခန်းထဲက နံရံကိုထိလိုက်ရာ နောက်ထပ်ဖန်လိုကြီးမားသည့် မျက်နှာပြင်တစ်ခုကို မြင်လိုက်ရတော့သည်။ သူဒါက တီဗွီလိုဟာမျိူး ဖြစ်နိုင်သည်ဟု မှန်းကြည့်လိုက်သော်လည်း ဘယ်လိုဖွင့်ရမလဲကိုတော့ မသိသေးပေ။
သူ့ကို ထပ်အံ့ဩသွားစေတာကတော့ သူအခန်းထဲမှာ အမြင်အာရုံဦးနှောက်အသေးလေးကို မြင်လိုက်ရခြင်းပင်။
ထိုဦးနှောက်ကလေးက စားပွဲပေါ်တင်ထားသည့် ဘောလုံးလေးတစ်လုံးနှင်တူကာ လင်းယွိ သူ့ကို လက်နှင့်ပုတ်ကြည့်လိုက်ရာ လေထဲတွင် သေးငယ်သည့်စခရင် တစ်ခုပေါ်လာတော့သည်။
နောက်ထပ် လင်းယွိ ရှာဖွေတွေ့ရှိသွားတာကတော့ သူထိုမျက်နှာပြင်အသေးလေးကို သူ့စိတ်တိုင်းကျ ထိုစခရင်အသေးလေး၏ ထောင့်ကိုနှိပ်ပြီး ရွှေ့လို့ရသည်ဆိုတာပင်။
သူအိပ်ရာပေါ်ထိုင်လိုက်ကာ စခရင်အသေးစားလေးကို သူ့ရှေ့ယူလာပြီး စိတ်ဝင်တစားနှင့် စလေ့လာတော့သည်။ ပုံမှန်ဆို တစ်ခုခုကို နှိပ်လိုက်ရုံပဲ ဖြစ်ကာ သူတို့ဘာတွေလုပ်နိုင်သလဲ ထိုင်မှန်းရုံနေလိုက်ရုံပင်။
လင်းယွိမသိလိုက်သည်မှာ သူမှားပြီး တိုက်ရိုက်ထုတ်လွှင့်နေသည့် စာတစ်ခုကို နှိပ်လိုက်ခြင်းပင်။
ထိုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးဆိုသည်မှာ တစ်ချိူ့ကုမ္ပဏီပလက်ဖောင်းတွေကနေ မကြည့်နိုင်ပဲ သူက ရေဒီယိုထုတ်လွှင့်မှုမျိုးနှင့် ပိုတူလေသည်။ လူတိုင်းလိုလို သူတို့ထုတ်လွှင့်ချင်သည့် အကြောင်းအရင်းကို ရွေးနိုင်ပြီး အပြင်ကမ္ဘာကို လွှင့်နိုင်ကြလေသည်။ ထိုအရာကို လူတိုင်းလည်း မြင်နိုင်ပေသေးသည်။
ဂြိုလ်သားတွေက အဖွဲ့ချုပ်၏ ထိန်းချုပ်မှုအောက်တွင် မရှိရာ ဘယ်သူမှလည်း ထိုကဲ့သို့နက်ဝေါ့မျိုးကို ဂရုတစိုက်မရှိကြပေ။ ထိုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးသည် များသောအားဖြင့် ဆိုးရွားကာ တရားမဝင်သည့် အကြောင်းအရာမျိုး ပါတတ်လေသည်။
ရုတ်တရက် ထိုအထဲတွင် လူသစ်တစ်ယောက်၏ တိုက်ရိုက်ထုတ်လွှင့်နေမှုက အတော်များများကို အာရုံစိုက်မှုကို ရနေလေသည်။
မည်သူမဆို မသိလိုက်ပဲ နှိပ်မိလိုက်သည့် သူတော်တော်များများလည်း မကြာခင်မှာ ထုတ်လွှင့်သူက အလွန်ချောမောသည့် ကောင်လေးတစ်ယောက်မှန်း သိသွားကြတော့သည်။
သို့သော် ထိုကောင်လေးက စကားတစ်ခွန်းမှ ပြောမနေပဲ ဦးနှောက်အသေးလေးရှေ့တွင်သာ ထိုင်နေလေသည်။ စကားတစ်ခွန်းလေးတောင် မပြောပေ။
လူအတော်များများကတော့ တစ်ချက်ကြည့်လိုက်ပြီး ထွက်ကုန်ကြတော့သည်။ နောက်ဆုံးတော့ ရုပ်တွေက ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ ပျင်းဖို့ကောင်းသည့် တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကိုတော့ ဘယ်သူမှမကြည့်ချင်ကြပေ။
သို့သော် တစ်ချို့လူတွေကတော့ ကျန်ခဲ့ကြသည်။
သူတို့အတွက်ကတော့ ဒီလိုရုပ်ရည်မျိုးဆိုတာက အထက်တန်းဆန်ကာ မယုံနိုင်လောက်အောင် ဖြစ်ဖို့လုံလောက်ပြီလေ။
ထိုလူတွေကတော့ ဇက်မျိုးစပ်တွေသာ ဖြစ်လေတော့သည်။
တော်တော်များများက ခဏလောက်တိတ်နေကြကာ နောက်ဆုံးတော့ တစ်ယောက်က စာရိုက်သည့်နေရာကနေ ပြောလာလေသည်။
“ငါက သတ္တိရှိတယ်၊ အဲ့တော့ ငါအရင်ပြောလိုက်မယ်။ ဒီထုတ်လွှင့်နေတဲ့သူက အရမ်း…..ရှုန်းဇီနဲ့ တူနေသလားလို့။”
လူတိုင်းလိုလို သူဇက်ရှုန်းဇီအကြောင်းပြောမှန်းသိကြလေသည်။
“အဲ့ဒါက အဲ့လိုလုပ်ထားတာမလို့လား? သိဖို့လိုလို့လား။”
“ဘာလို့မလိုရမှာလဲ? ဒီလောက်ကောင်းတာကို။ ငါသာဆို ဒီလောက်ကြည့်ကောင်းတဲ့ရုပ်လေးကို အိပ်မက်ထဲ ထည့်မမက်ပဲကို မနေနိုင်လောက်ဘူး။”
“သူ့ကြည့်ရတာ အတုထက်လည်း ပိုမကောင်းနိုင်ပါဘူး။ ငါတော့ သူ့အပေါ်ကို XXXဖယ်ရိုမုန်းတွေသာ လောင်းချပစ်လိုက်ချင်တယ်။”
“လိ သူဌေးတွေ! ငါကတော့ အရုပ်တစ်ရုပ်တောင် ငါ့ဘဝမှာ ပိုင်နိုင်မယ် မထင်ပါဘူး။”
“အိုး၊ ငါလည်း မဝယ်နိုင်ဘူးလေ။ မင်းလည်း XXsတောင် ဝယ်နိုင်လို့လား။”
“မင်းဘာတွေလာပြောနေတာလဲ? ဒါနဲ့…..သူကအရူးလား? သူတစ်ခါမှ ဦးနှောက်အသေးစားကို မမြင်ဘူးတာလား?”
ဒါမျိုးက လင်းယွိမြင်လည်းမမြင်ဖူးသလို ဘယ်လိုသုံးရမလဲ သူသိလည်းမသိပေ။ ထို့ကြောင့် သူ သူတို့ကိုလည်း မမြင်ခဲ့ပေ။ သူဘာပြောလိုက်တာ။ ဒါနဲ့ သူတို့ကလင်းယွိ စခရင်ကို မြင်နေရတယ်ပေါ့။
ထိုအချိန်မှာပဲ လင်းယွိနောက်ထပ် အိုင်ကွန်လေးတစ်ခုကို တွေ့၍နှိပ်လိုက်ရာ စက်တွေတိုက်ခိုက်နေသည့် ပုံမျိုးကို တွေ့လိုက်ရတော့သည်။ သူထင်လိုက်တာက သူဂိမ်းတစ်ခုကို တွေ့လိုက်တာပဲ ဟူ၍ပင်။
လင်းယွိ ဂိမ်းဆော့ရတာကို သိပ်မကြိုက်ပေမဲ့ အကြာကြီးကြည့်ပြီးသည့်အခါမှာတော့ သူ့အတွက်အသုံးဝင်နိုင်သည့် တစ်ခုကိုတွေ့၍ နှိပ်လိုက်တော့သည်။
“အဲ့ဒါကရောဘာတုန်း? သူ တိုက်ရိုက်စိတ်စွမ်းအင်စစ်တာကို လုပ်ချင်လို့လား?”
“ဘာဖြစ်လဲ၊ ငါကတော့ သူဘာလုပ်လုပ် ကြည့်မှာပဲ။”
“ဒါနဲ့ သူကအထီးမလား၊ ဒါဆို သူ့XXs (ဖယ်ရိုမုန်း) က စိတ်စွမ်းအင်နဲ့ တိုက်ရိုက်မဆက်သွယ်ထားဘူးမလား?”
“ဒါဆို သူက ငါတို့ကို သူ့ XXs ကို ပြတော့မလို့လား?
“လိ ရုတ်တရက်ကြီးလေ?”
“မရူးစမ်းပါနဲ့၊ သူကဒီအတိုင်း တူရုံပဲလေ၊ တစ်ကယ့် အထီးလည်း မဟုတ်၊ Aအဆင့်လည်း XXsက ရှိမှာမဟုတ်ဘူး။”
လင်းယွိ ဂိမ်းမှာ ၅ ဆင့်သာရှိတာတွေ့လိုက်ရသည်။ အဆင့်တွေက ရိုးရှင်းကာ Aအဆင့်၊ Bအဆင့်၊ Cအဆင့်၊ Dအဆင့်၊ Eအဆင့်ဆိုပြီးရှိကာ တော်တော်များများက အညိုရောင်ပြထားကာ ဆော့လို့မရပဲ သော့ပိတ်ထားသည့်Sအဆင့်တောင် ရှိသေးသည်။
လင်းယွိ ကိုယ့်ကိုယ်ကိုလည်း ဂိမ်းဆော့ရာတွင် ယုံကြည်မှုမရှိတာကြောင့် အလွယ်ဆုံးဖြစ်နိုင်သည့် Eအဆင့်ကိုသာ နှိပ်လိုက်တော့သည်။
လင်းယွိ သူကစားရမည့် ကာရိုက်တာကို ချက်ချင်းတွေ့လိုက်ကာ ရှေ့ကိုရွေ့အောင်လုပ်ရမည့် ခလုတ်ကို ရှာမတွေ့ပေ။ လင်းယွိကို မယုံနိုင်လောက်အောင် လုပ်နိုင်သည့် အဖြစ်အပျက်တစ်ခုက ဖြစ်သွားလေသည်။ ၎င်းမှာသူက ဗီလိန်ကို စိတ်ဖြင့်ထိန်းချုပ်နေနိုင်ခြင်းပင်။
ပိုမယုံနိုင်စရာကောင်းသည်မှာ တစ်ဖက်ကဘော့စ်က အလွန်လွယ်ကူနေခြင်းပင်၊ အားစိုက်စရာကိုမလိုလိုက်ပဲ သူအနိုင်ပိုင်းနိုင်လိုက်လေတော့သည်။
အောက်ကနေ မြင်ကွင်းတွေက အကြိမ်အတော်ကြာ ပြောင်းလဲနေကာ သူ့လက်ထဲက လက်နက်ကလည်း မတူကွဲပြားနေလေသည်။ သို့သော်လည်း ခြွင်းချက်မရှိ Eအဆင့်က သူ့အတွက်တော့ လွယ်လွန်းနေသေးသည်။
ဒါက စဆော့တဲ့သူတွေအတွက် အစမ်းဆော့ခိုင်းတဲ့ဟာလား? ဂိမ်းက အတော်ကောင်းကောင်းတော့ လုပ်ထားလေသည်။ လင်းယွိ နှိပ်လိုက်သည်နှင့် Dအဆင့်သို့ တန်းရောက်သွားလေတော့သည်။
သို့သော် D…..အရမ်း ရိုးရှင်းနေလေသည်။
“မြန်လိုက်တာ! ငါထင်တာ သူကအနည်းဆုံးတော့ Bအဆင့်လောက်လို့ပဲ ထင်ထားတာကို။”
“မဟုတ်ဘူးနော်။ ငါကBလေ၊ ဒါကတော့ Aပဲ…..”
“ကျေးဇူးပြုပြီး၊ သူ့ကြည့်ရတာ သူ့မှာ A အဆင့် စိတ်စွမ်းအင်ရှိနေသလိုပဲလားလို့?’
“ပိတ်ထား ပါးစပ်ကိုပိတ်ထားလိုက်စမ်း၊ ငါ ငါ့အိပ်မက်မက်ပါရစေဦး! ငါကတော့ သူကိုယောက်ျားရေလို့ပဲ ပထမဆုံးခေါ်လိုက်တော့မယ်!”
“ဘယ်လို ယောက်ျားပုံစံလဲကြည့်ပါဦး၊ ရွံဖို့မကောင်းဘူးလား၊ ငါ့ကိုသာ မာစတာခေါ်လိုက်စမ်းပါ!”
သူတို့တွေက ဆွေးနွေးနေကြပြီး၊ လင်းယွိမှာတော့ Dမှာ အလွန်ပျင်းလာကာ နောက်တစ်ဆင့်သို့ပင် ရောက်သွားတော့သည်။ သူ C အဆင့်မှာလည်း လွယ်နေသေးကာ ဂိမ်းနှင့်ပတ်သက်ပြီး ဒီတစ်ခါတော့ သူစိတ်ပျက်လာလေပြီဖြစ်သည်။
ပျော်ဖို့လည်း မကောင်းဘူး။
“ချီး၊ ငါကAလေ။ ငါ C ကို ဖြတ်ဖို့ကိုတောင် မလွယ်တာခဲ့တာကို။ ဒါကအတုပဲ နေမယ်။”
“အတုပဲနေမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ စခရင်ကို ပြန်ရိုက်ပြနေတာများလား? သူက ဒါကို သူစိတ်စွမ်းအင်ဆိုပြီး ဟန်ဆောင်ချင်တာများလား။”
“မင်းထွက်မသွားချင်ဘူးမလား။ ပေါက်ကရတွေ လာပြောမနေနဲ့။”
“ချောလိုက်တာ! မာစတာကို ကျွန်တော်နဲ့ ပူးကပ်ပြီးသာ နေလိုက်ချင်တယ်!”
တစ်ဖက်မှာတော့ ယန့်ကျီဟန်က အိပ်ရာဝင်တော့မည်ဖြစ်လေသည်။
သူအလယ်နံရံကို နှိမ့်လိုက်ကာ လေကိုလှည့်ပတ်ခိုင်းလိုက်သည်။ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ထိုတီကောင်လေးက တံခါးတစ်ဖက်ခြမ်းမှာ နေနေတာကြောင့် အခန်းတစ်ခုလုံး သူအနံ့တွေနဲ့သာ ပြည့်နေလေတော့သည်။
ယန့်ကျီဟန် အသက်တစ်ချက်ရှူလိုက်တိုင်း ထိုပိုးကောင်က သူနဲ့ဝေးဝေးမှာ ရှိမနေမှန်း သေချာလာလေသည်။
ဘာကြောင့်မှန်း သူလည်းမသိပေမဲ့ ယန့်ကျီဟန်အဆင်မပြေမဖြစ်သည့်အပြင် ပိုနေလို့တောင်ကောင်းနေသေးသည်။
ဒါကဒီလောက်တောင် အသုံးဝင်နေမှတော့ သူထိုပိုးကောင်ကို စိတ်ချမ်းမြေ့စေတဲ့အမွှေးတိုင်လို ထားဖို့လည်း စိတ်မရှိပေ။
“မီးပိတ်လိုက်။”
ယန့်ကျီဟန် စကားပြောပြီးသည်နှင့် သူ့အခန်းထဲက မီးတွေအကုန်ပိတ်သွားသော်လည်း အလင်းရောင်မှိန်ပျပျက အပေါ်ကနေထွက်လာနေသေးသည်။
သူ့ခေါင်းကို မ,ကြည့်လိုက်သည်နှင့်မြင်နိုင်နေသည်မှာ အဘယ့်ကြောင့်ဆိုသော် လင်းယွိဘက်ခြမ်းက မီးကိုဖွင့်ထားသောကြောင့်ပင်။
ယန့်ကျီဟန်ခဏလောက် တွန့်ဆုတ်သွားတော့သည်။ သူထိုတစ်ယောက်ကို အိပ်ရာပေါ်ချပြီးပြီးချင်း ထွက်လာသော်လည်း ပိုးကောင်က သူမရှင်းပြလည်း သူ့ကိုယ်သူတော့ ဂရုစိုက်ရကောင်းမှန်း သိသင့်တယ် မဟုတ်ဘူးလား?
ဒါပေမယ့် သူခုထိ လမ်းမလျှောက်နိုင်သေးဘူးလေ။
“ဟိုဘက်ခန်းမှာ ဘာတွေဖြစ်နေလဲ ပြစမ်း။”
စခရင်တစ်ခုက ချက်ချင်းဦးနှောက်အသေးလေးပေါ်မှာ ပေါ်လာကာ တစ်ဖက်က လင်းယွိပုံပေါ်လာတော့သည်။
ယန့်ကျီဟန် လင်းယွိဦးနှောက်အသေးလေးနှင့် စိတ်ဝင်တစားဆော့နေတာကို မြင်လိုက်ရတော့သည်။ ထိုတစ်ယောက်ကြည့်ရတာ သူ့ကိုလိုသည့်ပုံပင်ပေါ်မနေပေ။ သူရှင်းမပြတတ်အောင် စိတ်ကပေါက်လာတော့သည်။
“သူ့အခန်းမီး ပိတ်လိုက်!”
လင်းယွိ Bအဆင့်ကို ပြောင်းခါနီးမှာပင် မီးက ပိတ်သွားတော့သည်။
လင်းယွိတစ်ဖက်က အခန်းကို လှမ်းကြည့်လိုက်လေသည်။ သူဗီလိန်ရဲ့ အနားယူနေတဲ့အချိန်ကိုများ ဖျက်စီးမိလိုက်တာလား?
လင်းယွီ ဦးနှောက်အသေးလေးကို ပြန်နှိပ်လိုက်ကာ စခရင်ပြန်ပေါ်လာတာနှင့် စောင်အောက်ကအမှောင်ထဲသာ ဝင်လိုက်လေတော့သည်။ တစ်ဖက်အခန်းရဲ့ နံရံတစ်ဝက်ကို လှမ်းကြည့်လိုက်ကာ အတန်ကြာသည်အထိ နောက်ထပ်အသံတစ်ခုမှ မကြားရကာမှ စိတ်သက်သာရာရသွားတော့သည်။
ဒါပေါ့ သူရုတ်တရက်ထွက်သွားသည်က ကြယ်နက်ဝေါ့က ကြည့်ရှုနေသူအားလုံးကို စိတ်ရှုပ်ထွေးသွားစေမှန်း သူမသိလိုက်ပေ။
ဘာလို့ အဲ့ဒီကိုယ်လူချောလေးက ထွက်သွားတာတုန်း? ?
မနက်ဖြန်ရော တိုက်ရိုက်ထုတ်လွှင့်ဦးမှာလား?
စစ်နေတာ မပြီးသေးဘူးလေ!