သို့/
ချစ်လွန်း...
စိတ်ပူနေတာသိလို့ စာရေးလိုက်တာ၊ ကိုဝင်းအောင်တို့ သူ့မိန်းမဆီ စာရေးရင်းနဲ့ ထည့်ပြောလိုက်တယ်ဆိုပေမယ့် ခင်ဗျားမသိလိုက်မှာစိုးလို့ စိတ်ပူမနေနဲ့ ကျုပ်ဘာမှမဖြစ်ဘူး ရွှေလည်းရသင့်သလောက်တော့ ရထားပြီးပြီ လုပ်ရမယ့်ရက်က သိပ်မရှိတော့လို့ သိမ်းမှဘဲ ပြန်လာတော့မယ် ကိုယ့်ကိုကိုယ် ဂရုစိုက်နေ ကျုပ်ဘာသံမှ မကြားချင်ဘူး....
ဒါဘဲ
ခင်ဗျားရဲ့ယောက်ျား
ဉာဏထင်။စာပါလာတယ်ပြောပြီး လာပို့လို့ ချစ်လွန်းမှာ အံ့သြတကြီး ဖတ်ကြည့်နေမိတာ။ ခပ်ညစ်ညစ်စာရွက်အပေါ် မညီမညာလက်ရေးများက နေရာယူထားပြီး အလောတကြီးရေးထားသည့်ဟန်။ ချစ်လွန်း စိတ်ပူနေတာ သိလို့တဲ့လေ။ ဧကန္တ ကယ်ရီသမားတွေ ဉာဏတို့နဲ့တွေ့ပြီး ချစ်လွန်းမေးနေကြောင်းကို ပြောပြခဲ့ဟန်တူသည်။ စာကို အခေါက်ခေါက် အခါခါပြန်ဖတ်ရင်းက ချစ်လွန်း နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။စိတ်ထဲမှာလည်း ဉာဏထင်က ချစ်စရာကောင်းတယ်လို့ တွေးမိလိုက်သေးသည်။ဘာဘဲဖြစ်ဖြစ် အန္တရာယ်ကင်းတာသိရတော့ စိတ်အေးသွားရသည်။မဟုတ်ရင် ချစ်လွန်းလည်း ဒီစိတ်နဲ့ လုံးပါးပါးတော့မှာ။ချစ်လွန်းလည်း စာကို အခေါက်ခေါက် အခါခါ ဖတ်ပြီးတဲ့နောက်မှာတော့ အခန်းထဲရှိ သတ္တာမှာ ပါတဲ့ အံဖုံးထဲ ထည့်ကာ သိမ်းလိုက်ပြီး အပြင်ပြန်ထွက်လာတော့ အစ်မလှလှရဲ့ အသံကို ကြားလိုက်ရသည်။
"ချစ်လွန်းရေ ချစ်လွန်း "
"ရှိတယ် အစ်မ ဝင်လာခဲ့လေ "
"အေး အေး "
သနပ်ခါးခပ်ထူထူကို လိမ်းထားပြီး ရှပ်အင်္ကျီလက်ရှည်ကို ထပ်ဝတ်ထားတဲ့ အစ်မက အလုပ်သွားဖို့ကို အဆင်သင့်ဖြစ်နေတဲ့ပုံစံ။
"အယ် ချစ်လွန်းက ဘာမှမလုပ်ရသေးဘူးလား "
"ဒီမှာလေ ဉာဏထင်ဆီက စာရောက်တာနဲ့ ထိုင်ဖတ်နေတာ အစ်မ ခဏစောင့်အုံးနော် ချစ်လွန်းရေးပြီး ခြေရင်းတဲကို သွားပို့လိုက်အုံးမယ် "
"လုပ်လုပ် အေးဆေးလုပ် လိုပါသေးတယ် "
"ဟုတ် အစ်မ "
YOU ARE READING
// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //
Romanceမချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ်လွန်းပိုပိုမောင် 16.5.2023 Mirella_vc