🌷Extra🌷

45.6K 2.1K 178
                                    

"ချစ်လွန်းလေး ဒီမှာ သနပ်ခါးပန်းတွေ ခူးခဲ့တယ် "

"တင်ထားလိုက် မောင်ရေ သားသားကို လုပ်ပေးနေတာ မပြီးသေးဘူး "

"မောင် ထမင်းချိုင့်ပြင်ထားလိုက်မယ် "

သားသား ပထမဦးဆုံး ကျောင်းတက်မယ့်နေ့မို့ မိုးလင်းထဲက ပြင်ဆင်ပေးနေကြတာ ဖြစ်သည်။ ယခုထက်ထိ ဉာဏရဲ့ မပြောင်းလဲတဲ့ အကျင့်က ချစ်လွန်းတစ်ခုလုပ်နေရင် သူကလည်း ချစ်လွန်းကို တစ်ခုကူပြီး လုပ်ပေးတတ်တဲ့ အကျင့်လေးပါပဲ။ ကျောင်းသွားမယ့် သားသားက အေးအေးလူလူ ဖြစ်နေပေမယ့် ဖအေနှစ်ယောက်ကတော့ သားသား အဆင်ပြေပါ့မလား တွေးပူကာ စိတ်လှုပ်ရှားနေကြသည်။

"သားသား ကျောင်းရောက်ရင် သူများတွေကို အနိုင်မကျင့်ရဘူးနော်! "

သားသားက ဉာဏဘက်လိုက်ကာ အသက်ငါးနှစ်အရွယ်နဲ့တင် တစ်ခြားကလေးတွေထက် အရပ်က ပိုရှည်နေတာကြောင့် ကြီးတယ်လို့ ထင်ရပြီး တစ်ခြားကလေးတွေနဲ့ အဆင်မပြေ ဖြစ်မှာစိုးတာကြောင့် မှာနေရခြင်း ဖြစ်သည်။

"ဟုတ်ကဲ့ ပါးပါး ဒါပေမယ့် သားသားကို အနိုင်ကျင့်ရင်ရော "

သားသားက ချစ်လွန်း ကြယ်သီးတပ်ပေးနေတာကို ငြိမ်သက်စွာ ခံယူနေရင်း ပြန်ဖြေသည်။ သနပ်ခါးတွေ ဖုန်နေအောင် လိမ်းထားတဲ့ သားသားရဲ့ မျက်နှာလေးက ကြည့်မ၀ နမ်းမ၀။ မျက်စိအောက်မှာတင် တဖြေးဖြေးနဲ့ ကျောင်းတက်ရမယ့် အရွယ်ကိုတောင် ရောက်လာပြီ။ ချစ်လွန်း တွေးနေဆဲ သားသားရဲ့ အမေးစကားကြောင့် အတွေးစကို ဖြတ်လိုက်ပြီး

"သားသားက ဆရာမနဲ့ သွားတိုင်ရမယ် ရန်မဖြစ်ရဘူး ကြားလား "

"ဖေဖေကကျ အရင်ဦးအောင် ဆော်ခဲ့တဲ့! ဖေဖေ ရှင်းပေးမယ်တဲ့! "

"ဟာ ဒီဉာဏကတော့ သားဖေဖေစကားကို နားမထောင်နေနဲ့ ပါးပါးပြောတာ နားထောင် "

" ကဲပါ ပါးပါးရယ် သားသား ရန်မဖြစ်ဘူးလို့ ကတိပေးတယ်နော် "

လူတတ်လေးက ချစ်လွန်းကိုတောင် ကတိပေးလိုက်သေးတာ။

"ပါးပါးသားလေးက လိမ္မာပြီးသားမှန်း သိပြီးသား "

" သားသား အောက်မှာ စောင့်နေမယ်နော် "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Tahanan ng mga kuwento. Tumuklas ngayon