🌷20🌷

56.1K 3K 282
                                    

"ဉာဏ! ချစ်လွန်းလည်း လိုက်ချင်တယ် "

မြို့တက်ဖို့ ပြင်ဆင်နေတဲ့အချိန် အနားကို ရောက်လာကာ ပြောလာသူကြောင့် ဉာဏထင် မျက်ခုံးတွေ ကျုံ့ကာ ကြည့်လိုက်မိသည်။ တစ်နေရာရာသွားမယ်ဆို ကလေးလို ပူဆာတတ်လာတာကလည်း ဘယ်ကတတ်လာတဲ့အကျင့်မှန်း မသိ။

"လုပ်ပြန်ပြီ ခင်ဗျား "

"ချစ်လွန်း လိုက်ချင်လို့လို့ "

"အပြင်တစ်ခါထွက်ခါနီးလို့ရှိရင် ချစ်လွန်းလိုက်ချင်တယ်လို့ ပြောလာမှာကို ကြောက်နေပြီ တစ်ကယ်ထဲမှ "

ဉာဏထင် ညည်းညည်းညူညူ ပြောလိုက်မိသည်။ မလိုက်ခိုင်းမချင်း ပုဆိုးစဆွဲတော့မတတ်ဖြစ်နေတဲ့ ချစ်လွန်းကို ဘယ်လိုလုပ်ရတော့မလဲ မသိချေ။

"ဘာဖြစ်လို့လဲ  "

"ဘာဖြစ်ရမှာလဲ ခေါ်သွားလို့မကောင်းလို့ပေါ့ တစ်ခုခုဆို ဘယ်လိုလုပ်မလဲ "

"ဉာဏပါတာဘဲကို ချစ်လွန်း ဘာမှမကြောက်ဘူး "

အားကိုးပါတယ် ဆိုတဲ့သဘော။ လူကို သနားစဖွယ်မျက်နှာထားဖြင့် ကြည့်နေလိုက်သေးသည်။ ဉာဏထင် သက်ပြင်းချလိုက်ရင်း

"ကျုပ် လိုက်မကြည့်နိုင်ဘူးနော် "

"ရတယ် ငြိမ်ငြိမ်လေးနေမှာ "

ဘယ်လိုပြောပြော မရသူလေးကတော့ နေရာတကာကို လိုက်ချင်နေတော့တာ။ အခုလည်း မြို့တက်ဖို့ ပြင်ဆင်နေတာကို လိုက်မယ်ချည်းပြောနေတာကြောင့် ဉာဏထင် စိတ်မရှည်တော့။ အော်ဟစ်ပြီးမပြောချင်လို့ ကောင်းကောင်းမွန်မွန် ပြောနေလည်း ဇွတ်ကိုလိုက်မယ်လုပ်နေတာ။ ဒါတောင်ရေငန်းသီး သွားတိုးတဲ့ဆီတောင် လိုက်မယ်လုပ်နေသေးတာ။ အရင်နေ့တွေကလည်း အလုပ်တစ်ခုခုလုပ်ချင်ကြောင်း၊ ထိုင်မနေချင်ကြောင်း ခဏခဏပြောနေတာ။ မလုပ်ခိုင်းမှန်းသိတော့ ကလေးကို အကြောင်းပြသေးတာ။ နောက်ဆုံး ဉာဏထင်က ဘာမှမလုပ်ရဘူး ဆိုပြီး မာန်လိုက်တော့မှ ငြိမ်သွားတာ။ ဒါတောင် အပင်တွေဘဲစိုက်ပြီး အသီးအရွက်တွေ ရောင်းအုံးမယ်တဲ့။

"နော် ဉာဏ ချစ်လွန်းတစ်ယောက်ထဲ ပျင်းလို့လေ "

"နေ့ချင်းပြန်ဆို ခရီးပန်းမှာနော် "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now