🌷Extra 2 🌷

29.5K 1.4K 135
                                    


အိပ်ခန်းထဲထိ ကျူးကျော်လာတဲ့ သင်းပျံ့ပျံ့ရနံ့ကြောင့် ချစ်လွန်း ဆက်အိပ်လို့မရတော့ချေ။ အိပ်မှုန်စုံမွှားဖြင့် ဘေးဘီကို စမ်းကြည့်တော့ သားအဖနှစ်ယောက်လုံး မရှိတော့။ ညက စာရင်းချုပ်တာ သန်းခေါင်တိုင်သွားတာနဲ့ မနက်ခင်း မနိုးတော့တာ။ သားသားလည်း ကျောင်းပိတ်တာမို့ မောင်လည်း ချစ်လွန်းကို မနှိုးဘဲ အိပ်ခိုင်းထားပုံရသည်။

"ဘာပန်းက အဲ့လောက်မွှေးနေတာလဲ "

အိပ်ယာထဲမှာ လူးလဲထလိုက်ပြီး အခန်း ပြတင်းပေါက်ဘေးက သားသားရဲ့ စာကြည့် စားပွဲခုံပေါ်ကို ကြည့်မိတော့ လတ်လတ်ဆတ်ဆတ်ထိုးထားတဲ့ နှင်းဆီပန်းများ။ရောင်းတန်းဝင်တဲ့ ရေမွှေးနှင်းဆီတွေအပြင် ချစ်လွန်း ပန်ချင်ပန် ဘုရားကပ်ချင်ကပ်လို့ရအောင်ဟုဆိုကာ တစ်ခြား နှင်းဆီးပန်းမျိုးစိပ်များကိုလည်း မောင်ကစိုက်ပေးထားတာဖြစ်ပြီး တနိုင်တပိုင်လောက် အနည်းအကျဥ်းလောက်ပဲဖြစ်သည်။ နှင်းဆီပန်းနီနီရဲရဲတွေက အပွင့်ကြီးကြီးတွေမို့ ချစ်လွန်းလည်း အနားသွားကာ ငြင်ငြင်သာသာလေး မွှေးကြူလိုက်သည်။

"ဘာစိတ်ကူးတွေ ပေါက်ပြီး ပန်းလာထိုးထားတာပါလိမ့် "

ချစ်လွန်းလည်း ခပ်တိုးတိုး ရေရွတ်ကာ ဆံပင်တွေကို ကလစ်ကြီးကြီးဖြင့် တွယ်လိုက်ပြီး အခန်းအပြင်သိို့ ထွက်လာခဲ့လိုက်သည်။ အခန်းပြင်ရောက်တာနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ချစ်လွန်း နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးမိသွားသည်။ ပန်းတွေကို ပွေ့ထားပြီး အခန်းရှေ့မှာ ရပ်နေတဲ့ သားသားက သနပ်ခါး အဖွေးသားဖြင့် ပြုံးပြလာတာ။

"သားသား "

"ပါးပါး နိုးပြီလား "

"နိုးပြီ သားသားရဲ့ "

"ပါးပါးအတွက် "

"အာ ကျေးဇူးပါကွယ် ပါးပါးသားလေးက လိမ္မာလိုက်တာ "

သားသားဆီက ပန်းရောင်ဂန္ဓာပန်းတွေကို လက်လွှဲယူလိုက်ပြီး သားသားရဲ့ ပါးနှစ်ဖက်ကိုပါ ငုံနမ်းပစ်လိုက်သည်။

" မွှေးနေတာပဲ ကြည့်စမ်းပါအုံး! နေ့တိုင်း ဒီလိုလေးသာဆို ချစ်လွန်းတို့ နောက်ထပ်တစ်ယောက်တောင် ယူလိုက်ချင်သေးတယ် "

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Tempat cerita menjadi hidup. Temukan sekarang