🌷30🌷

53K 2.8K 257
                                    

အရောင်စုံသောအရောင်စုံသော ပန်းတွေဖြင့် လှပနေတဲ့ ပန်းခင်းကြီးကို ကြည့်ကာ ချစ်လွန်း စိတ်ကြည်နူးနေမိသည်။ ဘယ်နေရာကို ကြည့်ကြည့် ပွင့်လန်းနေတဲ့ ပန်းတွေ၊ ကောင်းကင်ပြာကြီးအောက်မှာ ငွားငွားစွင့်စွင့် ပွင့်လန်းနေတဲ့ ပန်းတွေကြောင့် ပန်းချီကားတစ်ချပ်လို လှပလွန်းလှသည်။ ပန်းခင်းတစ်လျှောက် ဖြတ်တိုက်လာတဲ့ လတ်လတ်ဆတ်ဆတ် လေတွေကို ရှုရှိုက်ပြီး စိတ်အပန်းဖြေနေမိသည်။ စိတ်အပန်းမဖြေလို့လည်း မရ။ ချစ်လွန်းတစ်ယောက်ထဲအားနဲ့ ကလေးထိန်းရတာ မလွယ်ကူပေ။ ဉာဏက ညပိုင်းတွေ ကူထိန်းပေးတယ်ဆိုပေမယ့် နေ့ခင်းဘက်တွေမှာ ပန်းခင်းထဲမှာဘဲ အချိန်ကုန်နေရတာ ဖြစ်သည်။ အကူခေါ်ဖို့ကြတော့လည်း စိတ်မချရပြန်တာမို့ သားလေးကို ကိုယ့်ဘာသာကိုယ်ဘဲ ဂရုစိုက်နေရတာ။ ပန်းတွေကလည်း ကလေးတစ်ယောက်ပြုစုသလို ယုယုယယ ပြုစုမှ ကောင်းကောင်းမွန်မွန် ကြီးထွားမှာဖြစ်တာကြောင့် ဉာဏထင်မှာ အလုပ်တွေများနေတာ။

"အစ်မလေးက ဒီရောက်နေတာပဲ "

"ဟုတ်ကဲ့ "

"သားအဖနှစ်ယောက်ကိုတော့ ဟိုဘက်အခင်းထဲမှာ တွေ့ခဲ့တယ် "

ချစ်လွန်း ခေါင်းဘဲညိတ်ပြလိုက်သည်။ လပ်ကီးလေးက သိပ်တော့ ဂျီမကျတတ်ပေမယ့် စကားပြောဖော် ဆော့ဖော်ရှိနေရင် ပိုပြီးရွှင်ရွှင်လန်းလန်းရှိသည်။ ဒါကိုသိတဲ့ ဉာဏက ကလေးထိန်းခိုင်းလိုက်ရင် ကလေးကိုပိုက်ပြီး ရွာရိုးကိုးပေါက် လျှောက်သွားတော့တာဘဲ။ လသားလေးဘဲရှိသေးတာမို့ လျှောက်မခေါ်သွားဖို့ ပြောလဲ ဉာဏတို့က ပြောလို့မရ။ ချစ်လွန်းလည်း ပြောမနိုင်တော့တာမို့ ဒီအတိုင်းသာထားလိုက်တော့သည်။ ထိန်းပုံထိန်းနည်းမှ မတူကြဘဲ။

"ဟော ချစ်လွန်းလေးက ဒီမှာပဲ "

"ချစ်လွန်းလေး လပ်ကီးလေးကလေ ငြိမ်နေတာပဲ သိလား ရယ်တောင်ရယ်နေသေးတယ် "

"သားလေးရေ ဖေ့သားလေးရေ ဉာဏ်အလင်းထင်လေးရေ "

ဘေးနားလာကပ်ထိုင်ပြီး ကလေးကို ချီကာ ချော့မြှူနေတဲ့သူကြောင့် ချစ်လွန်း ပြုံးလိုက်မိသည်။ ကလေးချီထားတဲ့ ဉာဏကို တိတ်တိတ်လေးဘဲ ငေးကြည့်နေမိရင်း အတွေးတွေ များနေမိသည်။ ဉာဏက တကယ့်ကို တာဝန်ကျေလွန်းတဲ့ အမျိုးသားဖြစ်သည်။ လပ်ကီးလေးမွေးကာစ ချစ်လွန်းလည်း ဗိုက်ခွဲထားတာကြောင့် အနာမကျက်သေးခင်အချိန်တုန်းက ပုံရိပ်တွေကို မျက်လုံးထဲ ပြန်မြင်ယောင်လာသည်။ မွေးကင်းစကလေးကိုတောင် အစ်မလှလှတို့ လက်ထဲထည့်ထားပြီး ချစ်လွန်းကိုဘဲ ဂရုစိုက်ခဲ့တာ။ နေ့တိုင်း ချစ်လွန်း အိပ်ပျော်သွားတိုင်း ဗိုက်က ချုပ်ရိုးကိုကြည့်ကာ ငိုတတ်သေးသည်။ နောက်တစ်ယောက် ထပ်ကိုမမွေးခိုင်းတော့ပါဘူးတဲ့လေ။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now