🌷29🌷

51.5K 2.9K 315
                                    

"တစ်ခါထဲ လေးကွက်လုံးကို အပြည့်စိုက်ချင်တယ် လူငှားကို လိုသလောက်ခေါ်ပေး "

"လူငှားကတော့ ထပ်ခေါ်ရမှာ အစ်ကိုလေး မြန်မြန်ပြီးအောင်လို့ "

"လိုသလောက် ထပ်ခေါ်လိုက်လေ! လူများများ အလုပ်ပိုဖြစ်အောင်လို့ "

"စိတ်ချ အစ်ကိုလေး စိတ်ချရတဲ့သူတွေဘဲ ခေါ်မှာ "

"ခေါ်ပြီးရင် ကျုပ်ကို တစ်ချက်ပြောအုံး "

"ဟုတ် အစ်ကိုလေး မြေညှိတာတွေနဲ့ ရေသွင်းဖိူ့လုပ်ထားတာတွေကတော့ အကုန်လုံးပြီးနေပြီ "

"အင်း ပန်းမပျိုးခင် ကျုပ် လာကြည့်အုံးမှာပါ အခုက ကျုပ်မိန်းမ တစ်ယောက်ထဲ မထားခဲ့ချင်လို့ "

"စိတ်ချလက်ချသာနေ အစ်ကိုလေး အားလုံးအဆင်ပြေစေရမယ် "

"ကျေးဇူးပဲ ခင်ဗျားတို့ကိုပဲ အားကိုးရတော့မှာပေါ့ "

"မုန့်စားကြပါအုံး "

"ဟာ အစ်မလေးရယ် အလုပ်ရှုပ်ခံလို့ဗျာ နေပါစေ မလုပ်ပါနဲ့ "

ပန်းစိုက်မယ့်သူတွေရောက်နေတာမို့ စကားပြောနေကြတဲ့အချိန် ချစ်လွန်းက မုန့်တွေပြင်ဆင်ကာ လာချကျွေးတာမို့ အားနာကုန်ကြတာ ဖြစ်သည်။ ချစ်လွန်းကိုက မိန်းကလေးလို့ပဲ သိထားကြတာကြောင့် အစ်မလေး အစ်မ စသဖြင့် ခေါ်ကြတာဖြစ်သည်။ ဒီအတွက်လည်း ချစ်လွန်းက ထွေထူးပြီး ရှင်းမပြနေ။ ဉာဏထင်ကလည်း ချစ်လွန်း သဘောအတိုင်းသာ လွှတ်ထားပေးသည်။

"မပန်းမကြီးပါဘူး ဒီလောက်က! ခုနက ​ပြောသံကြားလိုက်လို့ မောင်လည်းတစ်ခေါက်တစ်လေ သွားကြည့်အုံးလေ "

ချစ်လွန်းက အလုပ်နှင့်ပတ်သက်လာရင် တစ်ခြားသူတွေနဲ့ ပစ်ထားတာကို လုံးဝမကြိုက်ချေ။ ကိုယ်တိုင်ဝင်မလုပ်ရရင်တောင် ဘေးနားကနေ လိုအပ်တာကို ကြီးကြပ်သင့်တယ်လို့ အမြဲတမ်းပြောလေ့ရှိသည်။ မဟုတ်ရင် လုပ်တဲ့သူတွေက မလေးမစားနဲ့ လုပ်ချင်ရာလုပ်သွားမှာ စိုးလို့တဲ့လေ။

"သွားကြည့်မှာပါ မောင်က ချစ်လွန်းကို စိတ်မချလို့! "

ဘယ်နေ့မွေးမလဲမသိတာကြောင့် ဉာဏထင်မှာ စိတ်မချဖြစ်နေရှာတာ။ ဗိုက်ကြီးနေတဲ့သူ ချစ်လွန်းက အေးအေးလူလူ ဖြစ်နေပြီး ဉာဏထင်မှာ ဗိုက်ဘဲနာသလိုလို ခါးဘဲကိုက်သလိုလို ခံစားနေရတာ။ မတော်လို့ ဉာဏထင် မရှိတဲ့အချိန်မှ ဗိုက်ထနာရင် ဒုက္ခရောက်မှာ။

// ရင်ခွင်ညှာရယ် ချစ်လွန်းပို၏ //Where stories live. Discover now