1

619 42 0
                                    

ဆော့မက်သရူးကသူ့ဖေဖေနဲ့အတူကနေဒါမှာနေထိုင်ခဲ့ပြီး အထက်တန်းကျောင်းရောက်တဲ့အချိန်မှာ သူ့အမေနဲ့အမနေထိုင်ရာတောင်ကိုးရီးယားသို့ပြောင်းလာခဲ့သည်။ကျောင်းဖွင့်တာ၁လလောက်ရှိသွားပြီဆိုပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့်ကျောင်းကိုခွင့်တိုင်ထားရင်း အခုမှသာကျောင်းစတက်ဖြစ်သည်။

"သားငယ်နွေးနွေးထွေးထွေးဝတ်သွားနော်"

"ဟုတ်ကဲ့ပါမေမေ သွားပြီနော်"

မက်သရူးကလွယ်အိတ်ကြိုးနှစ်ဖက်ကိုဆွဲကိုင်ကာ သူ့အမေကိုနှုတ်ဆက်ရင်းလမ်းပေါ်သို့ထွက်လာခဲ့သည်။သူတို့ရဲ့လမ်းသွယ်လေးကနှင်းတွေနဲ့ဖုံးလွှမ်းနေပြီး အိမ်ခေါင်မိုးပေါ်မှာလည်းဆီးနှင်းတွေကဖုံးအုပ်နေသည်။နယ်မြို့ကလေးဖြစ်တာကြောင့် လမ်းမပေါ်သို့ရောက်ရှိသွားသော်လည်း လူအသွားအလာကျဲပေသည်။နေမပွင့်သေးတာကြောင့် နှင်းတွေအ‌ရည်မပျော်သေးပဲ လမ်းမတစ်လျှောက်ကအဖြူရောင်နှင်းများဖြင့်ဖုံးလွှမ်းနေရာ တစ်ကိုယ်လုံးကိုအဖြူရောင်နှင့်အလုံထုတ်ထားသည့်ထိုကောင်လေးနှင့် ပနံသင့်လှသည်။အစိုးရအလုပ်သမားတွေကဂေါ်ပြားတွေနဲ့နှင်းတွေကိုယက်ဖယ်ကာ ကားလမ်းပေါ်မှနှင်းများကိုရှင်းလင်းနေကြသည်။

"အား ချမ်းလိုက်တာ"

အအေးမခံနိုင်တဲ့ကောင်လေးက လက်အိတ်စွတ်ထားတဲ့သူ့လက်နှစ်ဖက်ကိုပွတ်သတ်ရင်း ဘတ်စ်ကားမှတ်တိုင်မှာကားအလာကိုစောင့်နေလိုက်သည်။

"‌*** ဒါငါစီးရမယ့်ကားနံပါတ်ပဲ"

"မင်္ဂလာပါ ဦးလေး"

"ဟုတ်ပါပြီ မင်္ဂလာပါ"

ဘတ်စ်ကားပေါ်သို့မြန်မြန်ပြေးတက်လိုက်ရင်း ထွက်ပေါက်နဲ့နီးတဲ့ထိုင်ခုံမှာနေရာယူလိုက်သည်။ထို့နောက် သူ့ခေါင်းကိုပြတင်းပေါက်ဘက်သို့ငဲ့စောင်းရင်း လမ်းမထက်ကမြင်ကွင်းကို စိတ်ဝင်တစားကြည့်ရှုနေလိုက်သည်။

"အိပ်ချင်လိုက်တာ"

ငိုက်မြည်းနေတဲ့သူ့မျက်လုံးတွေကိုပွတ်သပ်ကာ အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။သို့သော်လည်း စကားနားမထောင်တဲ့မျက်ခွံတွေက တဖြည်းဖြည်းမှိတ်ကျလာခဲ့သည်။

Our SeasonsWhere stories live. Discover now