9

151 25 1
                                    

'မက်သရူး ကိုယ်ဒီနေ့လဲအချိန်ပိုရှိနေလို့ မက်သရူးအရင်ပြန်နှင့်နော် အရမ်းချစ်တယ်'

စာမေးပွဲတွေကြောင့် မက်သရူးတစ်ယောက် သူ့ရဲ့ပူပူနွေးနွေးရည်းစားအသစ်စက်စက်ကလေးကိုမတွေ့ရတာ ၅ရက်လောက်ရှိရောပေါ့။အရင်တုန်းကဆိုရင် တူတူကျောင်းပြန်ဖြစ်ပေမယ့် ခုတလောစီနီယာကညနေဘက်အချိန်ပိုအတန်းတွေရှိတာကြောင့် ဒီနေ့လဲသူ့ကိုပဲစောစောပြန်ခိုင်းလာသည်။စီနီယာ့ဆီမှစာတိုလေးကြောင့် မက်သရူးကသက်ပြင်းချလိုက်သည်။မက်သရူးတို့အငယ်တန်းတွေက ဒီ‌နေ့စာမေးပွဲဖြေပြီးသွားပေမယ့် စီနီယာတန်းတွေကသုံးဘာသာဖြေဖို့ကျန်နေသည်။

"‌မက်သရူး စာမေးပွဲပြီးတဲ့အထိမ်းအမှတ် တော့ပူကီသွားစားရအောင်"

"အင်းသွားကြမယ်"

ထယ်ရယ်တို့နဲ့တော့ပူကီစားပြီးသွားတော့ သူ့သူငယ်ချင်း‌တွေကိုနှုတ်ဆက်ကာ အိမ်ပြန်သွားလိုက်သည်။သို့ပေမယ့် အိမ်မရောက်ခင်မုန့်ဆိုင်လမ်းဆုံမှာ အိမ်‌ကိုပဲသွားရမလား စီနီယာအိမ်ကိုသွားရမလားဝေခွဲမရဖြစ်နေသည်။

"အာ မသိတော့ဘူး မုန့်သွားဝယ်လိုက်မယ်"

မုန့်ဝယ်ပြီးတော့ မက်သရူးကဂျီအွန်းကိုဖုန်းခေါ်လိုက်သည်။နေနိုင်သူကတော့ နေနိုင်ပေမယ့် သူကတော့စီနီယာကိုအရမ်းလွမ်းနေပြီဖြစ်သည်။

'ဟယ်လို မက်သရူး'

တွဲနေတဲ့အတောအတွင်း ဂျီအွန်းဘက်ကသာအရင်ဆုံးဆက်သွယ်ခဲ့ပြီး မက်သရူးဘက်ကပထမဆုံးအကြိမ်အရင်ဖုန်းခေါ်ရတာဖြစ်လို့ သူအနည်းငယ်စိတ်လှုပ်ရှားနေသည်။

'ဟို စီနီယာ...အဲ...ဂျီအွန်းဟျွန်း...ဟို'

စိတ်ညစ်ပါတယ် ရည်းစားလေးရဲ့အိမ်ကိုလာချင်တဲ့အကြောင်း သူများတွေဘယ်လိုပြောကြတာလဲ။အိမ်ကိုလိုက်သွားရင် သူ့ကြောင့်စီနီယာစာလုပ်တာအနှောင့်အယှက်ဖြစ်မှာလဲစိုးရိမ်ရသည်။ပြီးတော့အရင်တုန်းက စီနီယာ့အိမ်လိုက်သွားတယ်ဆိုတာကလည်း စီနီယာကိုယ်တိုင်ကစာသင်ပေးမယ်ဆိုပြီးသူ့အိမ်ကိုလာခိုင်လို့သာဖြစ်သည်။ထိုကြောင့် မက်သရူးက ဂျီအွန်းအိမ်ကိုသွားချင်တယ်ဆိုတဲ့အကြောင်းကို ဘယ်လိုပြောရမလဲ စကားစရှာမရပဲ ပါးပြင်လေးတွေနီရဲကာရှက်သွေးဖြာနေသည်။

Our SeasonsWhere stories live. Discover now