ဂျီအွန်းကအထက်တန်းပထမနှစ်ကစာတွေကိုတောင်အခုထိမမေ့သေးတာကို မက်သရူးအလွန်အံ့ဩမိသည်။ကျန်တဲ့ရက်တွေမှာ စာရှင်းပြတာအဆင်ပြေချောမွေ့ပေမယ့် ဒီနေ့Trigoပုစ္ဆာတွေကိုနားထောင်ရတာအလွန်ပျင်းနေပြီ။ဘာလို့လဲဆိုတော့ သူမရတဲ့စာတွေဖြစ်နေလို့လေ။
သူနားမလည်တဲ့စာတွေကိုမကြည့်ချင်တော့တာကြောင့်စီနီယာရဲ့မျက်နှာချောချောကိုသာငေးကြည့်နေမိသည်။
"အာ့"
သူ့နှဖူးကိုဘောပင်နဲ့တောက်လိုက်တဲ့စီနီယာကြောင့် မက်သရူးကသူ့နှဖူးကိုပွတ်လိုက်ပြီး ဂျီအွန်းကိုလှည့်ကြည့်လိုက်သည်။
"မက်သရူး စာကိုအာရုံစိုက်လေ ကိုယ့်ကိုပဲကြည့်မနေနဲ့"
စီနီယာ့ရဲ့စကားကြောင့် မက်သရူးရဲ့ပါးနှစ်ဖက်နီမြန်းလာကာ ခေါင်းငြိမ့်လိုက်သည်။
"ဟု...ဟုတ်"
"ပြီးပြီ ဂျီအွန်းဟျွန်း"
"အင်း ဒါဆိုရင်..."
ဂျီအွန်းအခန်းထဲကနာရီကိုကြည့်လိုက်ပြီး အံ့ဩသွားရသည်။
"၉နာရီတောင်ခွဲသွားပြီ အချိန်ဒီလောက်ကုန်သွားတာမသိလိုက်ဘူး မက်သရူးအိမ်ကစိတ်ပူနေတော့မှာပဲ"
၃နာရီလောက်နီးပါးစာလုပ်လိုက်ရတာကြောင့် သူ့အရှေ့ကကောင်လေးလဲခေါင်းပူနေလောက်ပြီ။
"ရပါတယ် မေမေ့ကိုစီနီယာတို့အိမ်မှာစာသွားလုပ်ဖို့ပြောထားတယ်"
"အော် အဲဒါဆိုရင် ကိုယ်တို့နောက်တစ်ပုဒ်လောက်ဆက်တွက်ရအောင် အချိန်တွေအကြာကြီးယူထားတာတောင် ဒီနေ့သိပ်မပြီးလိုက်ဘူး"
ဂျီအွန်းရဲ့မချိတင်ကဲရေရွတ်လိုက်သံကို မက်သရူးကခပ်မြန်မြန်ခေါင်းခါလိုက်သည်။
"ကျွန်တော်ပြန်ရတော့မယ် အိမ်ကစိတ်ပူနေလောက်ပြီ"
"ဟင်...ဟား"
မက်သရူးရဲ့ရှေ့နောက်မဆီလျော်တဲ့စကားကြောင့် ဂျီအွန်းခပ်တိုးတိုးရယ်လိုက်မိသည်။
"ဟုတ်ပါပြီ မက်သရူးဗိုက်ဆာနေပြီလား"
"ဟုတ် နည်းနည်း"