ဒီနေ့က အထက်တန်းကျောင်းတွေစာမေးပွဲပြီးတဲ့နေ့။စာမေးပွဲပြီးပြီးချင်းမက်သရူးက ဘောပင်ကိုကိုင်ကာစီနီယာတို့အတန်းဘက်ကိုသွားဖို့တာဆူနေသည်။
"မက်သရူး ငါတို့မုန့်သွားစားရအောင်"
ဂွန်နုတို့နဲ့အတူတူလိုက်သွားချင်ပေမယ့် သူကစီနီယာကိုလဲစောင့်နေချင်သေးသည်။
"မင်းတို့အရင်သွားနှင့်ပါလား ငါခဏနေလိုက်ခဲ့မယ်"
"အယ် ရစ်ခီတို့ဆီသွားမလို့လား"
ထယ်ရယ်အမေးကြောင့် မက်သရူးခေါင်းငြိမ့်လိုက်သည်။
"အဲတာဆိုငါတို့ တူတူသွားရအောင်လေ ဂွန်းနုရောပဲ"
သူတို့ထဲမှာအသွက်ဆုံးဖြစ်တဲ့ထယ်ရယ်က သူတို့နှစ်ယောက်လုံးရဲ့လက်မောင်းကိုချိတ်ဆွဲလို့ တတိယနှစ်တွေရှိရာဘက်ကိုထွက်ခွာခဲ့သည်။ကျောင်းနောက်ဆုံးနှစ်ဖြစ်တဲ့ တတိယနှစ်တွေက ဒီလိုအချိန်မှာနှုတ်ဆက်ပွဲအသေးစားလေးကျင်းပနေလောက်မည်။
စီနီယာတို့အခန်းရှေ့ကိုရောက်တော့ မက်သရူးကအခန်းထဲကိုကြည့်ရင်းစီနီယာကိုရှာဖွေလိုက်သည်။
"ရစ်ခီ"
ရစ်ခီကိုတွေ့သွားတဲ့ထယ်ရယ်ကတော့ ဂွန်နုလက်ကိုကိုင်ကာ ရစ်ခီရှိရာသို့သွားလိုက်သည်။တစ်ယောက်တည်းကျန်မနေခဲ့ချင်တာကြောင့် မက်သရူးပါလိုက်သွားလိုက်သည်။
"စီနီယာရစ်ခီ ဂျီအွန်းဟျွန်းဘယ်ရောက်သွားလဲ"
သုံးယောက်စလုံးရစ်ခီရဲ့အင်္ကျီမှာအရုပ်ကလေးတွေရေးခြစ်နေရင်း မက်သရူးကစကားဆိုလာသည်။
"သူအအေးသွားဝယ်မယ်ပြောပြီး အခုထိပြန်မလာသေးတာ"
"အဲတာဆို ကျွန်တော်အဲဒီဘက်ကိုသွားလိုက်ဦးမယ်"
မက်သရူးကရစ်ခီအင်္ကျီမှာအရုပ်ကလေးဆွဲပြီးသွားတော့ သူတို့ကိုနှုတ်ဆက်ပြီး အအေးစက်ရှိရာသို့သွားလိုက်သည်။
---
အရှေ့ကမြင်ကွင်းကို အကွယ်တနေရာကရပ်ကြည့်ရင်း မက်သရူးရဲ့နှုတ်ခမ်းလေးတွေမဲ့ကျသွားသည်။