'အိမ်ပြန်ပို့ပေးလို့ကျေးဇူးပါ ဂျီအွန်းဟျွန်း'
'ရပါတယ်'
'ဟျွန်း မနက်ဖြန်ရောကျောင်းပွဲတော်ကိုလာမှာလား'
'မလာဘူး ကိုယ်သွားစရာရှိလို့'
ဘယ်သွားမှာလဲ။ဘယ်သူနဲ့လဲ။ဘယ်အချိန်လဲ။မက်သရူးရဲ့ခေါင်းထဲမှာ 'လဲ'မေးခွန်းပေါင်းများစွာရှိနေပေမယ့် မဝံ့မရဲစိတ်ကြောင့် စီနီယာကိုမမေးဖြစ်။
"အား ခေါင်းကိုက်လိုက်တာ"
အမူးပြေသွားပြီဆိုသော်ငြားခေါင်းကရိပ်တိပ်တိပ်။ဖုန်းချလိုက်ပြီး သူ့ရဲ့နားထင်ကိုဖိကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။ကိုယ်လက်သန့်စင်ပြီးတော့မှ အိပ်ယာပေါ်ပြန်လှဲကာ ဖုန်းကိုင်လိုက်တော့ စီနီယာ့ဆီကစာဝင်နေတာကို notiမြင်လိုက်ရသည်။
'မင်းရော သွားမှာလား'
'ကိုယ်နဲ့လိုက်ခဲ့မလား'
'မက်သရူး'
'အိပ်သွားပြီလား?'
"အား စာတွေအများကြီးပဲ"
မိနစ်၂၀ လောက်အတွင်းဝင်ထားတဲ့စာတွေကြောင့် မက်သရူးလန့်ဖြန်ကာ စာအမြန်ရိုက်လိုက်သည်။
'အော် မြင်ရဲ့သားနဲ့ပြန်မဖြေဘူး'
'ကျွန်တော် ဟျွန်းနဲ့လိုက်ခဲ့မယ်'
Reply မြန်တဲ့ဟျွန်းက အခုတော့သူ့စာကို seenပြပြီး ဘာမှပြန်မပို့လာတာကြောင့် မက်သရူးရဲ့နှုတ်ခမ်းလေးတွေ မဲ့ကျလာသည်။
'ကျွန်တော် ခေါင်းကိုက်နေလို့မျက်နှာသွားသစ်တာပါ စိတ်မဆိုးပါနဲ့ဟျွန်း'
'သက်သာသွားပြီလား'
ပြန်ဖြေလိုက်တဲ့စီနီယာကြောင့် မက်သရူးရဲ့မျက်နှာလေးတစ်ဖန်ကြည်လင်လာသည်။
'ဟုတ် ဟို သွားမယ်ဆိုတာက'
'ကိုယ့်အဘွားအိမ်ကိုပါ မင်းပျင်းရင်မလိုက်ခဲ့လို့ရပါတယ်'
'ဟာ လိုက်ခဲ့မှာပေါ့ ဘယ်အချိန်လဲ'
'၉နာရီ'
'ဟုတ် ကျွန်တော်အသင့်ပြင်ထားပါ့မယ်'
'အင်း'