Introduction

3.4K 158 43
                                    

Unicode

အဆိုးတကာ့အဆိုးဆုံးလူတွေကိုပဲထားသည့် ကြီးမားလှသည့်ထောင်ကြီးတစ်ခုတွင်...

" ဟေး အညိုကောင်လေး ပျင်းနေပြီလား "

လူတစ်ယောက်စာအကျယ်ရှိသည့်လှောင်အိမ်ထဲတွင် တရားထိုင်နေတဲ့ကောင်လေးကို အပြင်ကအစောင့်ကလှမ်းစတယ်။

သေမှာမကြောက်ဘူးထင်ပါ့။

" ပျင်းနေတော့ ကိုကိုကဒီထဲဝင်လာပြီး ရှောင်ရှောင်းနဲ့ကစားမှာမလို့လား...သိတယ်မလား ရှောင်ရှောင်းဘာကစားလဲဆိုတာ...ဟင်းဟင်းဟင်း "

ရီသံတစ်ခုနောက် ထိုအစောင့်မတ်ခနဲဖြစ်သွားရသည်။

ရှောင်ရှောင်းလို့သူ့ကိုယ်သူပြောတဲ့ကောင်လေးက ဟိုတခါက ကစားမယ်ဆိုပြီး ထမင်းစားချိန်ထမင်းလာပို့တဲ့သူသုံးယောက်ကို တစ်ခါထဲအပြတ်ကျွေးပစ်လိုက်သည်လေ။

ထိုသုံးယောက်ကပွဲချင်းပြီးပဲ။

" ကိုကို...ဘာလို့တိတ်သွားတာလဲ....ရှောင်ရှောင်းနဲ့မဆော့ချင်ဘူးလားလို့ "

" ပါးစပ်ကိုပိတ်ပြီး လှလှလေးလှဲနေတော့ ဟက် ၅ လရှိပြီ မင်းရည်းစား Hell မလာသေးဘူးမလား "

" အဟားဟား Hell ကဒီထဲထိလာမလား...Hell ကဒီလောက်ထိအလုပ်များတာ "

" မင်းကိုစွန့်လိုက်ပြီထင်ပါတယ် အလှလေးရေ...အဲ့လိုဆိုရင်တော့...မင်းကကိုယ့်အတွက်ပဲနော် "

" အဟွန်း...ကိုကိုအခုစမ်းလည်းရတယ်နော်... "

အေးစက်စက်ရီသံထက် ထိုလူမှာ ရှောင်ရှောင်းရဲ့ရုပ်ရည်နှင့် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုသဘောကျနေတော့ ချက်ချင်းပင် သံတံခါးဖွင့်ကာ အထဲဝင်သွားတော့သည်။

" ကိုယ်မင်းနဲ့ကစားဖို့မစောင့်နိုင်တော့ဘူး အလှလေးရာ... "

" Heaven လေကိုကိုရဲ့...နာမည်အတိုင်း...ကိုကို့ကိုကောင်းကင်ဘုံရဲ့ကိုစည်းစိမ်ကိုခံစားစေရမယ် "

" ကြိုက်ပြီကွာ "

နှာဘူးကျဖို့သာတွေးနေသည့်ထိုလူဟာ ရှောင်ရှောင်းရဲ့အသင့်အနေအထားရှိနေသည့် ခြေတံတို့နှင့် မျက်နှာထားတို့ကိုသတိမထားမိ။

President-elect's boyfriend is a criminal Where stories live. Discover now