Unicode
ရှောင်းကျန့် သူ့ကိုသတ်ဖို့လုပ်တဲ့လူနှစ်ယောက်ကို ညှင်းဆဲပြီးတော့ အရမ်းပင်ပန်းသလိုခံစားရတာကြောင့် ရေချိုးပြီးတန်းအိပ်ပစ်လိုက်သည်။
သူအိပ်တာသိပ်မကြာသေးပေမဲ့ သူ့စိတ်ထဲအရမ်းကြာသလိုခံစားရတာကြောင့် သူ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ သူအမုန်းဆုံးသောနေရာတစ်ခုက သူ့မျက်စိရှေ့ပေါ်လာရသည်။
ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့ ကျီးမုန့် စားသောက်ဆိုင်...
ထိုစားသောက်ဆိုင်၏ အလယ်ဗဟိုတည့်တည့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲလဲကျနေတဲ့ အမျိုးသမီးတစ်ယောက်ရှိလေသည်။
ထိုအမျိုးသမီးသည်ကား " မာမီ... "
အသက်မဲ့နေတဲ့ သူ့မာမီရဲ့ကိုကြည့်ပြီးသူခေါ်လိုက်မိ၏။ မာမီပြန်ထူးမှာမဟုတ်မှန်းသူသေချာသိသည်။ သူ သူ့မာမီရဲ့ အလောင်းနားကိုတိုးကပ်သွားလိုက်ပြီး သူ့မာမီကိုလက်ဖြင့်ထိမယ်လုပ်တဲ့အချိန်မှာ သူအိပ်ယာကနေနိုးလာခဲ့သည်။
အကြိမ်ပေါင်း ရာထောင်ချီအောင် မက်ခဲ့ဖူးတဲ့အိပ်မက်ဖြစ်တာကြောင့် သူနိုးလာတော့ ထိတ်လည်းမထိတ်လန့်သလို ငိုလည်းမငိုတော့ပေ။
အဲ့အစား လူသတ်ချင်စိတ်သာ ပေါ်လာတော့သည်။
သူ့မာမီကိုသတ်ပစ်ခဲ့တဲ့လူကို နေရာတင် မသေမချင်းရိုက်သတ်ခဲ့ပေမဲ့ နောက်ကွယ်ကလူကိုတော့ဖြင့် အခုထိဖမ်းမမိသေးပေ။
ထိုအမှုမှာပါဝင်သမျှလူအကုန်လုံးကို စုံစမ်းပြီး တစ်ယောက်ချင်းစီဖမ်းကာ စိမ်ပြေနပြေညှင်းဆဲပြီး သတ်ပစ်ခဲ့ပေမဲ့ သူလိုချင်တဲ့အဖြေသည် အခုထိတိုင်မရသေးပေ။
ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့အမှုဖြစ်ပြီး သူ့ဒယ်ဒီကိုယ်တိုင်ကပါ လက်လျှော့လိုက်တဲ့အမှုလည်းဖြစ်သည်။ မတရားသဖြင့် သေခဲ့ရတာကို သိသိရက်နဲ့ အရူးလို အမှုပိတ်ခိုင်းတဲ့ ဒယ်ဒီ့ကိုလည်း စိတ်ဆိုးတာကြောင့် ပြသနာတွေပတ်ရှာပြီး ဒုက္ခလိုက်ပေးပေမဲ့ ဒယ်ဒီက သူရှာသမျှပြသနာတိုင်းကိုဖြေရှင်းပြီး သူလူသတ်တာကိုပါဖုံးထားပေးသည်။
YOU ARE READING
President-elect's boyfriend is a criminal
Fanfictionတကယ်လို့များ အဲ့နေ့ကိုပြန်ရောက်ခဲ့ရင် ကျွန်တော် ခင်ဗျားကို ခွဲခန်းမှာထဲက သတ်ပစ်လိုက်မှာ... ဝက်သားစားတာဖတ်ချင်ရင် ဒါဖတ်!!