Unicode
" ရှောင်ရှောင်းကျန့်!! အခုချက်ချင်း အိမ်ပေါ်တက်ခဲ့စမ်း! "
အပေါ်ထပ်ကေနဟိန်းခနဲထွက်လာတဲ့အသံကြောင့် အိမ်အောက်ထပ်ဧည့်ခန်းထဲမှာထိုင်ပြီး သေနတ်တွေကိုကလိနေတဲ့ ရှောင်ရှောင်းတုန်တက်သွားရ၏။
သူ့ရှေ့မှာရပ်နေတဲ့ လူတွေကိုကြည့်လိုက်တော့ သူ့အား " ထပ်မခေါ်ခင်မှာ သွားလိုက်ပါ heaven ရယ် " ဆိုတဲ့အကြည့်နဲ့ကြည့်နေကြတာကြောင့် သူမျက်နှာငယ်လေးဖြစ်သွားရသည်။
အဲ့ဝမ်ရိပေါ်ကလေ လူကိုတအားအနိုင်ကျင့်တာပဲ!
သူတွေးလိုက်ပြီး ကလိလက်စ သေနတ်ကိုချကာ ဘယ်သူမှမထိဖို့လည်းပြောလိုက်၏။
ပြီးနောက် တင်ပလ္လင်ချိတ်ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး သူ့ဘောင်းဘီပေါ်က ယမ်းမှုန်းတွေကိုခါကာ အင်္ကျီကိုလည်း သေသေသပ်သပ်ဖြစ်အောင်ပြင်လိုက်ပြီး အပေါ်ထပ်ကိုခုန်ပေါက်ပြီးပြေးတက်သွားတော့သည်။
အောက်မှာကျန်ခဲ့သည့် ဘော်ဒီဂတ်တချို့သည် သူတို့ heaven လေးတစ်ယောက် hell ဆီမှာအဖျက်ဆီးမခံရဖို့အတွက် စိတ်ထဲကြိတ်ဆုတောင်းနေကြသည်။
အင်း...ဆုတောင်းချင်လည်း ဆုတောင်းချင်စရာပေ။
ရှပ်အင်္ကျီလက်တိုအမဲလေးကို ပေါင်လယ်လောက်သာရှိတဲ့ဘောင်းဘီအဖြူရောင်လေးနဲ့တွဲဝတ်ထားပြီး အိမ်စီးဖိနပ်မစီးပဲ ခြေအိတ်ဖြူလေးတွေသာဝတ်ထားသည့် ရှောင်ရှောင်းက အရမ်းကိုချစ်ဖို့ကောင်းပြီး ယုန်ပေါက်လေးနဲ့တောင် တူသေးသည်။
ဒေါက်! ဒေါက်!
" လောင်ကုန်း? "
" ဝင်ခဲ့ "
သူဝင်သွားတော့ ဝရံတာကထိုင်ခုံမှာခြေချိတ်ထိုင်ပြီး ဝီစကီသောက်နေတဲ့ သူ့ချစ်လောင်ကုန်းကြောင့် အမြန်ပြေးသွားလိုက်ပြီး သူ့လောင်ကုန်းရှေ့သွားရပ်လိုက်၏။
" လောင်ကုန်း~~ ရှောင်ရှောင်းကိုခေါ်တာ ဘာလို့လဲဟင် "
သူမေးလိုက်တော့ သူ့လောင်ကုန်းက သူ့ကိုမော့ကြည့်လာပြီး တည်တင်းနေသောမျက်နှာထားနှင့်မေးလာ၏။
YOU ARE READING
President-elect's boyfriend is a criminal
Fanfictionတကယ်လို့များ အဲ့နေ့ကိုပြန်ရောက်ခဲ့ရင် ကျွန်တော် ခင်ဗျားကို ခွဲခန်းမှာထဲက သတ်ပစ်လိုက်မှာ... ဝက်သားစားတာဖတ်ချင်ရင် ဒါဖတ်!!