Unicode
ရှောင်းကျန့် သူ့ဒယ်ဒီကို ကတိပေးထားသည့်အတိုင်း ဝန်ကြီးချုပ်ရဲ့အငယ်ဆုံးသမီးဖြစ်သူ၏ မွေးနေ့ပွဲကိုရောက်နေတာဖြစ်သည်။
" ဟေ့ကောင် သူများတကာမွေးနေ့ကို ဂျူတီကုတ်ကြီးဝတ်ပြီးလာရသလားကွ! "
သူခြံထဲတောင်မဝင်ရသေး သူ့ဒယ်ဒီကစားပွဲဝိုင်းကနေ လှမ်းအော်တာကြောင့် ခြံတံခါးဖွင့်နေတဲ့ သူ့လက်နှစ်ဖက်လုံးရပ်သွားလေသည်။
" သမ္မတကြီးရယ် ကလေးကအခုမှအလုပ်အားလို့နေမှာပါ "
သူ့ဒယ်ဒီဘေးနားရှိ ဝန်ကြီးချုပ်ကပြောတော့ သူ့ဒယ်ဒီကနှာရှုံ့လိုက်ပြီးပြောတာကိုကြားလိုက်ရ၏။
" သူပဲကမ္ဘာပေါ်မှာ အလုပ်အရှုပ်ဆုံး "
ရှောင်းကျန့် ကြားလိုက်ရတဲ့စကားကို ခေါင်းငြိမ့်ကာထောက်ခံလိုက်ပြီး ခပ်တည်တည်ပင် ခြံထဲဝင်လာလိုက်၏။
လာလည်းလာပေးရသေးတယ် ငြိုလည်းငြိုငြင်သေး။
ရှောင်းကျန့်ဝင်လာတာနဲ့ ခြံထဲကလူတွေရဲ့အကြည့်တွေအကုန် သူ့ဆီရောက်လာကြ၏။
သူကတော့အားလုံးကို အပြုံးလေးတောင်မစွန့်ကြဲပဲ ခပ်တည်တည်ပင် သူ့ဒယ်ဒီနားသွားပြီး ဘေးမှာဝင်ထိုင်လိုက်၏။
" ဒယ်ဒီ "
" ခုချက်ချင်း အင်္ကျီသွားလဲစမ်း "
" ဂျူတီကုတ်တစ်ခုပဲအပိုပါတာဗျ။ ပြီးတော့ သားကအခုမှ ခွဲခန်းကထွက်လာလို့ ဒယ်ဒီ့ဆီပြေးလာတာလေဗျာ "
ရှောင်းကျန့်ပြောတာ တကယ်ပင်ဖြစ်၏။
သူ့ဒယ်ဒီဆီမလာခင်က အရေးပေါ်လူနာရောက်လာတာကြောင့် ဒေါက်တာကုနဲ့ သူ အတူတူခွဲခန်းဝင်ခဲ့တာဖြစ်၏။
စိတ်ပုတ်သည့် ဒေါက်တာ ကုဝေသည် ဒီနေ့သူ့ကို ခွဲခန်းထဲကိုအကူအနေနဲ့ခေါ်သွားတာကြောင့် ဒေါက်တာကုခွဲစိတ်တာကိုဘေးနားကနေ ကြည့်ပြီးလိုအပ်တာအကုန်ကူညီပေးခဲ့ရ၏။
ပြောသေးတာက နောက်တခါကျရင် မင်းကိုယ်တိုင်ဦးဆောင်ရမယ် တဲ့။ ဒေါက်တာကုဝေကြီး ဆေးစားမှားရင်မှား မမှားရင် သူ့ချစ်သူ ရဲမှူးချန်နဲ့ ပြသနာတက်လို့ပဲနေလိမ့်မည်။
YOU ARE READING
President-elect's boyfriend is a criminal
Fanfictionတကယ်လို့များ အဲ့နေ့ကိုပြန်ရောက်ခဲ့ရင် ကျွန်တော် ခင်ဗျားကို ခွဲခန်းမှာထဲက သတ်ပစ်လိုက်မှာ... ဝက်သားစားတာဖတ်ချင်ရင် ဒါဖတ်!!