Unicode
ရိပေါ်အိပ်နေရင်းနဲ့မှ သူ့ရင်ခွင်ထဲတစ်ခုခုတိုးဝင်လာသလိုခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့လက်မောင်းအားခေါင်းအုံးကာ သူ့ရင်ဘတ်ကိုမျက်နှာအပ်ပြီး အိပ်မောကျနေတဲ့မျက်နှာချောချောလေးကြောင့် သူ့ခေါင်းထဲအတွေးတစ်ခုဝင်လာခဲ့၏။
အဲ့မျက်နှာချောချောလေးကို သုံးစားမလို့မရအောင် ဓားနဲ့မွှန်းပစ်အုံးမယ်!
အဲ့ဒီ့အခါကျမှ အဲ့ရုပ်လှလှလေးနဲ့သူ့ကိုမြူစွယ်မလို့မရမှာ။
ရိပေါ်တွေးနေပေမဲ့ လက်တွေ့မှာတော့မလုပ်ရက်ပေ။ အဲ့အစား အလှလေးကိုသာ ရင်ခွင်ထဲကနေအသာဖယ်ထုတ်လိုက်ပြီး ကုတင်ပေါ်ကထကာ ကြမ်းပြင်မှာပွစာကျဲနေသည့် အဝတ်တွေထဲက သူ့အဝတ်ကိုရှာယူပြီးဝတ်လိုက်၏။
ညက သူအိပ်မပျော်ခင်မှာ အလှလေးကသူ့ကိုသန့်ရှင်းရေးလုပ်ပေးပြီး ဒဏ်ရာကိုဆေးထပ်ထည့်ပေးထားတာကြောင့် ရိပေါ် ကျေးဇူးတော့တင်မိသား။
ရိပေါ် အခန်းအပြင်မထွက်ခင် ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ယုန်ပေါက်ကလေးကိုတစ်ချက်ကြည့်ပြီးမှထွက်လာခဲ့လိုက်၏။
နောက်နောင် ထပ်တွေ့စရာအကြောင်းမရှိတော့။
ရိပေါ်ထွက်သွားတာနဲ့ အိပ်ချင်ယောင်ဆောင်နေသည့် ရှောင်းကျန့်သည် ကုတင်ပေါ်ကနေဆင်းလိုက်ပြီး ထိုလူထားခဲ့တဲ့ Business Card ကိုယူကာကြည့်လိုက်၏။
ပြီးနောက် အသုံးမဝင်တဲ့အရာတစ်ခုလိုမျိုး အမှိုက်ခြင်းထဲ လုံးချေကာထည့်လိုက်ပြီး အတန်းလိုက်စီပြီးထွက်သွားတဲ့ အနက်ရောင်ကားတွေကို ပြတင်းပေါက်ကနေကြည့်ပြီး ပြုံးလိုက်၏။
" လောင်ကုန်းက ပြေးတမ်းလိုက်တမ်းကစားချင်နေတာပဲ "
ရှောင်းကျန့်ရေရွတ်လိုက်ပြီး သူ့အဝတ်တွေကိုပြန်ကောက်ဝတ်ကာ အခန်းထဲကထွက်လာခဲ့လိုက်၏။
ပေပွနေတဲ့ကြမ်းပြင်နဲ့ တွန့်ကြေနေတဲ့အိပ်ယာခင်းကြောင့် သူများတွေရိပ်မိနိုင်ပေမဲ့ ရှောင်းကျန့်ကတော့ ဂရုပင်မစိုက်ပါ။
YOU ARE READING
President-elect's boyfriend is a criminal
Fanfictionတကယ်လို့များ အဲ့နေ့ကိုပြန်ရောက်ခဲ့ရင် ကျွန်တော် ခင်ဗျားကို ခွဲခန်းမှာထဲက သတ်ပစ်လိုက်မှာ... ဝက်သားစားတာဖတ်ချင်ရင် ဒါဖတ်!!