President-elect's boyfriend is a criminal - 4*

1.8K 134 6
                                    

Warning

ရိုင်းပျသော အသုံးအနှုန်းမပါအောင် တတ်နိုင်သလောက်ဂရုစိုက်ပေးထားပါတယ်။ အကယ်၍ပါခဲ့တယ်ဆိုရင် အဲ့အသုံးအနှုန်းလေးကို ဖြည့်ဖတ်ပေးဖို့တောင်းဆိုပါတယ်ရှင့်။

__________

Unicode

ရှောင်းကျန့် သူ့ကိုပေါင်ပေါ်တင်ထားတဲ့ မစ္စတာဝမ်ရိပေါ်ကိုငုံ့ကြည့်ရင်း သေချာအောင်ထပ်မေးလိုက်မိပြန်၏။

" ခင်ဗျား သေမှသေချာပါရဲ့လား မစ္စတာဝမ်ရိပေါ် "

" ဘေဘီ ကိုယ့်ကိုမေးတာ သုံးခါရှိပြီနော် "

" ကျွန်တော်က မစ္စတာဝမ်ရိပေါ်ကိုစိတ်ပူလို့ပါ "

" ကိုယ့်ကိုယ်ကိုသာ စိတ်ပူရမှာ အလှလေးရဲ့ "

" စိတ်ပူစရာမှမရှိပဲလေ... "

ရှောင်းကျန့်ပြောလိုက်တော့ သူ့ကိုပြုံးပြီး မော့နမ်းလာတဲ့ မစ္စတာဝမ်ရိပေါ်ကြောင့် အနည်းငယ်ရီချင်သွားရ၏။ ပိုဇက်ရှင်ကမှားနေသလိုခံစားရပေမဲ့လည်း မစ္စတာဝမ်ရိပေါ် ဖီးလ်ပျက်အောင်တော့ ထုတ်မရီလိုက်ပေ။

ထို့ကြောင့် မစ္စတာဝမ်ရိပေါ်နမ်းရအဆင်ပြေရအောင် ခေါင်းကိုပိုငုံ့ပေးလိုက်ပြီး မစ္စတာဝမ်ရိပေါ် စတင်တဲ့အနမ်းတွေကိုသူကတစ်ပြန်ပြန်ဦးဆောင်လိုက်တော့၏။

နမ်းနေရင်းနဲ့ သူ့ကျောပြင်တစ်လျှောက်ပွတ်သပ်နေတဲ့လက်တွေကြောင့် သူယားကျိကျိဖြစ်ပေမဲ့လည်း စိတ်တိုင်းကျပွတ်သပ်ခွင့်ပေးထားလိုက်ကာ မစ္စတာဝမ်ရိပေါ်ရဲ့အောက်နှုတ်ခမ်းကိုခပ်ဖွဖွလေးကိုက်လိုက်၏။

" အွန်း! "

မစ္စတာဝမ်ရိပေါ်ဆီကနေ ငြီးသံထွက်လာတာကြောင့် သူ့မျက်လုံးကိုအသာဖွင့်ပြီး ခိုးကြည့်လိုက်တော့ အနည်းငယ် လှုပ်နေတဲ့မျက်တောင်ဖျားလေးတွေကြောင့် မစ္စတာဝမ်ရိပေါ် စိတ်လှုပ်ရှားနေတာမှန်းသိလိုက်ရ၏။

" အင့်! အွန်း...ခ ခဏ..ဘေဘီ "

ရုတ်တရပ်ကြီးသူ့ကိုအတင်းတွန်းဖယ်လာတဲ့ မစ္စတာဝမ်ရိပေါ်သည် နမ်းနေရင်းကနေအသက်ရှူကြပ်လာလို့ထင်၏။ ထို့ကြောင့် သူလည်းမလွှတ်ချင်လွှတ်ချင်ပဲလွှတ်ပေးလိုက်ရပြီး မစ္စတာဝမ်ရိပေါ်ကို သနားစရာမျက်လုံးရွဲကြီးတွေဖြင့်ကြည့်လိုက်၏။

President-elect's boyfriend is a criminal Where stories live. Discover now