Unicode
ယနေ့ကား တစ်ကမ္ဘာလုံးမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ရုံးပိတ်ရက်ပင်ဖြစ်လေသည်။ လူတိုင်းက တနင်္ဂနွေဆိုတာနဲ့ အလုပ်ပိတ်ကြတာကြောင့် အပြင်သွားသူကသွား ၊ အိမ်ထဲအောင်းသူကအောင်းနှင့် သူတို့ရဲ့အဖိုးတန်ပိတ်ရက်ကလေးကိုအကျိုးရှိရှိအသုံးချနေပေမဲ့လည်း ရှောင်းကျန့်ကတော့ တနင်္ဂနွေနေ့ညဂျူတီကို ပျော်ပျော်ရွှင်ရွှင်နဲ့ဝင်ပြီး လူနာတွေကိုလိုက်ကြည့်နေတော့၏။
သူကအခုမှအလုပ်သင်အဆင့်သာရှိသေးတာကြောင့် လူနာတွေကို ဆေးသွင်းတာ ၊ သွေးပေါင်ချိန်ပေးတာနဲ့ ဒဏ်ရာတွေကိုဆေးထည့်ပေးတာသာ လုပ်ရသည်။ သူ့ရဲ့စိတ်ပုတ်တဲ့ပါမောက္ခ ဒေါက်တာကုဝေသည် သူ့အားလုံးဝခွဲစိတ်ဓားပေးမကိုင်ပါလေ။
အဲ့လူပျိုသိုးကြီးလည်း တနင်္ဂနွေဆိုတော့ သူ့ချစ်သူလေးနဲ့ဒိတ်နေလောက်ရောပေါ့။
ရှောင်းကျန့် ကော်ရစ်တာမှာလမ်းလျှောက်နေရင်းနဲ့မှ အနည်းငယ်ပျင်းလာသလိုခံစားရတာကြောင့် ဆေးရုံဝန်းထဲမှာရှိတဲ့ ကော်ဖီဆိုင်ကနေ ကော်ဖီဝယ်သောက်ဖို့ အောက်ကိုဆင်းသွားလိုက်၏။
" ဒေါက်တာ ဒီနေ့မနားဘူးလားဗျ "
" နားလည်းတစ်ယောက်ထဲပဲဆိုတော့ မနားတော့ပါဘူးကွာ "
သူနဲ့ရင်းနှီးနေပြီဖြစ်တဲ့ ထိုကော်ဖီဆိုင်က ညဘက်အလုပ်လုပ်တဲ့အချိန်ပိုင်းဝန်ထမ်းလေးသည် သူသောက်နေကျ အမေရိကာနိုကို ကမ်းပေးလာတာကြောင့် လှမ်းယူလိုက်ပြီး ကျသင့်ငွေကိုဖုန်းဖြင့်ပေးချေလိုက်ကာ ကော်ဖီကိုအရသာခံရင်း ဆေးရုံသို့ပြန်သွားရန် တစ်လှမ်းခြင်းဖြေးဖြေးလေး လျှောက်သွားလိုက်၏။
တကယ်တော့ ဆေးရုံနဲ့ ဒီကော်ဖီဆိုင်သည် အတော်လှမ်းလေသည်။ သူတာဝန်ကျသည့် အရေးပေါ်ဌာနကနေဆိုပိုဝေးတာကြောင့် တော်ရုံမလာပေမဲ့လည်းကော်ဖီကို ဘိန်းစွဲသလိုစွဲနေတာကြောင့် အားလပ်ချိန်ရပြီဆိုတာနဲ့ ဒီကော်ဖီဆိုင်ကိုခဏခဏလာကာ ကော်ဖီလာဝယ်သောက်လေ့ရှိ၏။
သူကော်ဖီသောက်နေရင်းမှ ဖုန်းလာတာကြောင့် အိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး ကိုင်လိုက်တော့ တစ်ဖက်ကနေသူ့နာမည်ကိုအော်ခေါ်လာသည့် သက်လတ်ပိုင်းယောက်ျားကြီးတစ်ယောက်အသံထွက်လာလေသည်။
YOU ARE READING
President-elect's boyfriend is a criminal
Fanfictionတကယ်လို့များ အဲ့နေ့ကိုပြန်ရောက်ခဲ့ရင် ကျွန်တော် ခင်ဗျားကို ခွဲခန်းမှာထဲက သတ်ပစ်လိုက်မှာ... ဝက်သားစားတာဖတ်ချင်ရင် ဒါဖတ်!!