ဟာအိုမားမားနဲ့ခြံထဲကပန်းပင်လေးေတွကိုရေလောင်းနေတုန်းေဘးအိမ်ရှေ့ကိုကားတစ်စီးလာရပ်တာကြောင့်ဟာအိုလှမ်းကြည့်မိလိုက်သည်။ကြည့်ရတာဘေးအိမ်ကိုပြောင်းလာတဲ့လူသစ်တွေထင်တယ်။ကားပေါ်ကနေ
ရုပ်ဖြောင့်ေဖြာင့်ဦးလေးကြီးတစ်ယောက်နဲ့
အန်တီကြီးတစ်ေယာက်ဆင်းလာကြသည်။
အန်တီကြီးမှာဟာအိုနဲ့မားမားကိုမြင်တော့ပြုံးပြလာသည်။အဲ့အန်တီကြီးပြုံးလိုက်တော့ပါးပေါ်တွင်ပါးချိုင့်သေးသေးလေးများပေါ်လာသည်။မားမားကနှုတ်ဆက်ဖို့သွားတာမို့ဟာအိုလည်းမားမားလက်ကိုကိုင်ပြီးဘေးကနေလိုက်သွားသည်။မားမားနဲ့ထိုအန်တီကြီးတို့စကားပြောနေတာမို့ဟာအိုလည်းဘေးကနေငြိမ်ငြိမ်ေလးရပ်နေလိုက်တယ်။ထိုအချိန်ကားပေါ်ကနေကလေးတစ်ယောက်ဆင်းလာပြီးဟာအို့ဘေးတွင်လာရပ်သည်။ကြည့်ရတာဟာအို့ထက်တစ်နှစ်လောက်ငယ်မည်ထင်သည်။ဟာအိုတွေးးနေတုန်းဟာအို့လက်ကိုဆွဲပြီးသူ့ကိုယ်သူမိတ်ဆက်လာသည်။"ကျွန်ေတာ့်နာမည်က ဆောင်း ဟန် ဘင်း လို့ခေါ်ပါတယ်။အသက်ကခြောက်နှစ်ရှိပါပြီ"
လို့ပြောပြီးပြုံးပြလာသည့်ကေလးငယ်၏မျက်နှာပေါ်တွင်ဟိုအန်တီကြီးလိုပါးချိုင့်သေးသေးလေးများပေါ်လာသည်။မတူသည်မှာထိုကောင်ေလး၏ပါးချိုင့်များသည်ကြောင်နှုတ်ခမ်းေမွးလေးများကဲ့သို့အဆင်းပုံစံလေးများဖြစ်နေသည်။ထိုကလေးနဲ့အတာ်လေးလိုက်ဖက်လှသည်။ဟာအိုလည်း
"ကောနာမည်က ကျန်းဟာအို။အသက်ကတော့ခုနစ်နှစ်"
"ဒါဆိုကျွန်တော့ထက်တစ်နှစ်ကြီးတာပေါ့။ဒါနဲ့ ကော ဆိုတာကဘာကိုေပြာတာလဲ။ကျွန်တော်နားမလည်ဘူး"
"ကော ဆိုတာကတရုတ်လိုအကိုလို့ေပြာတာ။ကောတို့ကတရုတ်လူမျိုးလေ"
"ဒါဆိုကျွန်တော် ကော လို့ဘဲခေါ်မယ်နော်
ဟီးဟီး""အင်း ဟန်ဘင်းသဘော"
"ဒါကညီမသားေလးလားချစ်စရာေလးေနာ်။ဟန်ဘင်းေလးေတာ့သူငယ်ချင်းရပြီထင်တယ်"